February 19, 2022

စက်သုံးဆီဈေး ဆက်တိုက်မြင့်တက်လာတာကြောင့် မွန်က ကုန်တင်ကားတွေ ရပ်နားလာ

မော်လမြိုင် ၊ ဖေဖော်ဝါရီ (၁၉) မွန်ပြည်နယ်အတွင်းက ကုန်တင်ကားတွေဟာ စက်သုံးဆီဈေးနှုန်း ဆက်တိုက် မြင့်တက်လာမှုနဲ့ အတူ တင်ပို့နေတဲ့ ကုန်ပစ္စည်း ရှားပါးလာတဲ့အတွက်ကြောင့် လုပ်ငန်းတွေ ရပ်နားလာကြတယ်လို့ ကုန်တင်ကားပိုင်ရှင်တွေက ပြောပါတယ်။ ကုန်ပစ္စည်းတင်ပို့ရာမှာ အဓိက အသုံးပြုနေရတဲ့ စက်သုံးဆီဈေးနှုန်းဟာ စစ်တပ် အာဏာသိမ်းတဲ့ တစ်နှစ်ကျော်ကာလအတွင်းမှာ တစ်လီတာကို ကျပ် ၁၉၀၀ နီးပါးထိ ဈေးနှုန်း မြင့်တက်လာပါတယ်။…

စစ်ကောင်စီ ကော်မရှင်ရဲ့ ငွေစာရင်း စစ်ဆေးမှုကို လက်မခံကြောင်း SNLD ပါတီ တုံ့ပြန်

မော်လမြိုင် ၊ ဖေဖော်ဝါရီ (၁၉) စစ်ကောင်စီခန့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် UEC က နိုင်ငံရေးပါတီတွေရဲ့ ရန်ပုံငွေ၊ငွေကြေးနဲ့ ပစ္စည်းစာရင်းတွေ စစ်ဆေးဖို့ ဆင့်ခေါ်မှုကို လက်မခံဘူးလို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီ တာဝန်ရှိသူတွေက ပြောပါတယ်။ စစ်ကောင်စီ ကော်မရှင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD တို့အနေနဲ့ UEC…

မွန်မှာ နှစ်ပတ်ကျော်အတွင်း ကိုဗစ်လူနာ တစ်ထောင်နီးပါး တွေ့ရှိ

မော်လမြိုင် ၊ ဖေဖော်ဝါရီ (၁၉) မွန်ပြည်နယ်မှာတော့ ဖေဖော်ဝါရီ ၁ ရက်နေ့ကနေ ၁၇ ရက်နေ့အထိ နှစ်ပတ်ကျော်ကာလအတွင်း ကိုဗစ်လူနာ ၁၀၀၀ နီးပါး တွေ့ရှိခဲ့ပြီး အဲဒီထဲမှာ ကိုဗစ်အတည်ပြုလူနာ တစ်ဦး သေဆုံးခဲ့တယ်လို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ ရောဂါပိုး တွေ့ရှိမှုအရ မော်လမြိုင်၊ ချောင်းဆုံ၊ သံဖြူဇရပ်၊ သထုံနဲ့ ကျိုက်ထိုမြို့နယ်တွေမှာ အများဆုံး…

NUG နှင့် တွေ့ဖို့ စစ်ကောင်စီလိုလားမယ်လို့ အာဆီယံကိုယ်စားလှယ်မျှော်လင့်

ဖနွမ်ပင်၊ ဖေဖော်ဝါရီ ၁၈ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ်အနေနဲ့ လာမည့်လအတွင်း မြန်မာနိုင်ငံသို့ သွား ရောက်နိုင်ရေးအတွက် ကြိုးစားနေပြီး NUG အစိုးရနှင့် တွေ့ဆုံဆွေးနွေးသွားနိုင်ရန် စစ်ခေါင်းဆောင်ကို မေတ္တာရပ်ခံခဲ့သည်ဟု ဖေဖော်ဝါရီ ၁၇ ရက်နေ့က ပြောကြားခဲ့သည်။ အာဆီယံ၏ အထူးကိုယ်စားလှယ်အဖြစ် တာဝန်ယူဆောင်ရွက်မည့် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ပရာ့ဆွန်ခွန်က အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အဖယ်ရှားခံအစိုးရ၏ အဖွဲ့ဝင်များနှင့်…