ငါးတစ်ကောင်လောက်ပင် တန်ဖိုးထားမခံရတော့တဲ့ စစ်ကောင်စီ လေတပ်က လေယာဉ်မှူး
စစ်တက္ကသိုလ်ဆင်းတွေဟာ ငါးတစ်ကောင်လောက်ပင် တန်ဖိုးမရှိတော့ကြောင်း ပြည်သူများက သဘောထားမှတ်ချက်ပြုနေကြသည်။ စစ်တက္ကသိုလ် အပါတ်စဉ် ( ၅၁) မှ ဗိုလ်ကြီးသေဆုံးမှုတွင် “ သေသွားတဲ့သူထက် အင်းထဲကငါးတွေကို ပိုနှမျောမိတယ်” ဟုပင် ပြည်သူများက လှောင်ပြောင်သရော်ကြသည်။ နိုင်ငံတော်အတွက် လေယာဉ်မှူးတစ်ဦးကို ပြုစုပျိုးထောင်ရသည်မှာ မလွယ်ကူပေ။ အချိန်များစွာကုန်၏။ အခွန်အခများစွာကိုလည်း သုံးရပြန်၏။ ပုံမှန်အားဖြင့်ဆိုလျင် လေယာဉ်မှူးတစ်ဦးသေဆုံးသည်မှာ ဝမ်းနည်းစရာဆုံးရှုံးမှုတစ်ခုဖြစ်သည်။ သို့သော် ယခုကာလတွင်…