ဝါရှင်တန်ဒီစီ၊ ဇန်နဝါရီ ၂၉
ကမ္ဘာကြီးအနေဖြင့် မြန်မာနိုင်ငံအတွင်းရှိ ပိုမိုဆိုးရွားလာသော အကြမ်းဖက်မှုနှင့် ပြည်တွင်းစစ်ကို တားဆီးနိုင်ဖို့ရန်အတွက် အလုပ်လုပ်သင့်သည်ဟု တရုတ်နိုင်ငံသံအမတ်က ကုလသမဂ္ဂသို့ သောကြာနေ့ တွင် ပြောကြားခဲ့သည်။
အချိန် ၂ နာရီကြာမြင့်သည့် လုံခြုံရေးကောင်စီအစည်းအဝေးအပြီးတွင် ဇန်းကျွင်း မှ သတင်းထောက် များသို့ ပြောကြားရာ၌ “အဲ့ဒါကသာ ကျွန်ုပ်တို့စိတ်ထဲ ထည့်ထားရမယ့် မူလဦးတည်ချက်ဖြစ်ပါတယ်” ဟု ပါရှိသည်။
မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ် စင်ကာပူနိုင်ငံသူ ဒေါက်တာနိုလန်ဟေဇာ အနေဖြင့်လည်း သူမ၏ အလည်အပတ် ခရီးစဥ်ကို ခွင့်ပြုပေးနိုင်ရန် စစ်ခေါင်းဆောင်အား မေးမြန်းထားပြီဖြစ်သည်ဟု အဆိုပါပုဂ္ဂိုလ်က ပြောကြားခဲ့သည်။
ဇန်းကျွင်းက “ကျွန်ုပ်တို့အနေနဲ့က သူမကို အချိန်တစ်ချို့ပေးဖို့ လိုပါတယ်။ သူမကလည်း သက်ဆိုင်ရာ အစုအဖွဲ့များအားလုံးနဲ့ စကားပြောနေတာမျိုးတွေရှိတယ်။ အဲ့အတွက် (ခရီးစဥ်) အတွက်လည်း တောင်းဆိုထားခဲ့ပြီးတော့ ရနိုင်မယ်လို့လည်း မျှော်လင့်လို့ ရပါတယ်” ဟု ပြောကြားခဲ့သည်။

ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ရုံးအဖွဲ့၏ ပြောကြားချက်အရ အာဏာသိမ်းမှုဖြစ်ပေါ်ချိန်က တည်းက သဘောမတူငြင်းဆန်သူများကို ရက်စက်စွာဖြိုခွင်းသော ကြိုးပမ်းအားထုတ်မှုနောက်ဆက်တွဲ တွင် စစ်တပ်သည် အနည်းဆုံး လူဦးရေ ၁၅၀၀ ကျော်ကို သတ်ဖြတ်ခဲ့ပြီး ပိုမိုကျယ်ပြန်လာသော လက်နက်ကိုင်ပဋိပက္ခနှင့် အကြမ်းဖက်မှုအတွင်းတွင်လည်း ထောင်နှင့်ချီ၍ အသက်ဆုံးရှုံးနေကြရသည် ဟု သိရသည်။
ဗြိတိန် လက်ထောက်သံအမတ် ဂျိမ်းစ် ကာရီယူကီ က ကောင်စီအစည်းအဝေးအတွင်း အထူး ကိုယ်စားလှယ်အနေဖြင့် မြန်မာနိုင်ငံသို့ များမကြာမီသွားရောက်နိုင်ရေးအတွက် သူမ၏ စိတ်ဆန္ဒကို ထုတ်ဖော်ခဲ့သည်ဟု ပြောကြားခဲ့သည်။
အဆိုပါပုဂ္ဂိုလ်က “သူမ မကြာခင်သွားရောက်နိုင်ဖို့အတွက် ကြိုးစားမှာပါ သို့ပါသော်ငြား အခြေအနေ များကလည်း အမှန်အကန်ဖြစ်ရှိနေဖို့လည်း လိုပါတယ်” ဟုပြောကြားခဲ့သည်။
ဘာသာပြန် – အောင်မျိုးမြတ်
Ref: The Straits Times