ဘန်ကောက်၊ ဇန်နဝါရီ ၂၉

မြန်မာနိုင်ငံတွင် အာဏာသိမ်းမှုနှင့်အတူ နောက်ကြောင်းပြန်ဆွဲသွားသော အခြေအနေအတွင်း Total Energies နှင့် Chevron ကော်ပိုရေးရှင်း တို့ ထွက်ခွာသွားပြီးနောက် မြန်မာ့အကြီးဆုံး ဂက်စ်လောင်စာ လုပ်ကွက်ကို ထိုင်းနိုင်ငံပိုင် လောင်စာဆီနှင့် ဓါတ်ငွေ့ ထုတ်ဖော်‌‌ရေးလုပ်ငန်းစုမှ လက်လွှဲရယူရန် ပြင်ဆင်နေသည်ဟု သတင်းရင်းမြစ်တွေက ဆိုသည်။

ရတနာ ဂက်စ်လုပ်ကွက်တွင် အစုရှယ်ယာ ၂၅.၅ ပိုင်ဆိုင်ထားပြီးသော PTT လောင်စာရှာဖွေရေးနှင့် ထုတ်လုပ်ရေး (PTTEP) ၏ အဆိုပါလုပ်ကွက်အတွက် လုပ်ငန်းရှင်ဖြစ်လာရေး ရွှေ့ကွက်သည် ထိုင်း နိုင်ငံနှင့် မြန်မာနိုင်ငံအကြား အရေးပါသော ဂက်စ်လောင်စာ ထောက်ပံ့စီးဆင်းမှုကို ထိန်းသိမ်းမည်ဖြစ် ပြီး အမေရိကန်နှင့် အခြားသော ဆန်ရှင်များ ပိုမိုတင်းကျပ်လာချိန်တွင် မြန်မာ့စစ်ခေါင်းဆောင်ကို အခွန် ငွေ ထောက်ပံ့ပေးနေသကဲ့သို့ ဖြစ်နိုင်ပါလိမ့်မည်။ 

ပြင်သစ်၏ Total Energies  နှင့် အမေရိကန်ပိုင် Chevron တို့၏ ဇွန်လ ၂၁ ရက်နေ့ ပြောကြားချက်တွင် ယင်းတို့သည် စစ်အာဏာသိမ်းမှုနောက်ဆက်တွဲတွင် ပိုမိုဆိုးရွားလာသော လူသားချင်းစာနာ ထောက် ထားမှု အခြေအနေကို အကြောင်းပြု၍ ထွက်ခွာခဲ့ရခြင်းဖြစ်သည်ဟု ပါရှိသည်။ 

ပြင်သစ်နှင့် အမေရိကန်နိုင်ငံပိုင် လုပ်ငန်းစုများသည်သည် မြန်မာအနောက်တောင်ဘက် ကမ်းလွန်ဒေသ ရှိ ရတနာဂက်စ်စီမံကိန်းနှင့် မြန်မာ-ထိုင်းနယ်စပ်သို့ ပိုက်လိုင်းများဖြင့် ဂက်စ်သယ်ယူပို့ဆောင်သည့် မုတ္တမ ဂက်စ်လောင်စာ သယ်ယူပို့ဆောင်‌ရေး ကုမ္ပဏီ (MGTC)  တို့ကို လုပ်ကိုင်နေသော အစုအဖွဲ့၏ အစိတ်အပိုင်းဖြစ်ခဲ့ကြသည်။

ဘန်ကောက်အခြေစိုက် လူမှုစီးပွားအတိုင်ပင်ခံအဖွဲ့ဖြစ်သည့် Lantau ၏ မစ္စတာ ကစ်တိထက် ပရွမ်ထာဗီဖွန် က “PTTEP သည် ရတနာ၏ လုပ်ငန်းရှင်အဖြစ် လက်လွှဲရယူရေးအတွက် ဖြစ်နိုင်ချေ အရှိဆုံး ကိုယ်စားလှယ်အဖြစ် ဖြစ်ပေါ်လာနိုင်သည်” ဟု ပြောကြားခဲ့သည်။ 

PTTEP အနေဖြင့် TotalEnergieis နှင့် Chevron ကိုင်ဆောင်ထားသော အစုရှယ်ယာများကို ရရှိခဲ့ပါ လျှင် ရတနာလုပ်ကွက်၏ အစုရှယ်ယာ၏ ၈၅ ရာခိုင်နှုန်းအထိ ရရှိမည်ဖြစ်သည်။ 

PTTEP သည် မြန်မာနိုင်ငံတွင် ဇောတိကဟု အမည်ရသော အသေးစားဂက်စ်လုပ်ကွက်ကို ဆောင်ရွက် ထားရှိပြီး အစုရှယ်ယာ ၈၀ ရာခိုင်နှုန်းအထိ ပိုင်ဆိုင်ကာ ကျန်ရှိသော ၂၀ ရာခိုင်နှုန်းကို မြန်မာ့ လောင်စာ ဆီနှင့် သဘာဝဓါတ်ငွေ့လုပ်ငန်းစု (MOGE) မှ ရရှိသည်။ 

PTTEP ၏ သောကြာ‌နေ့ပြောကြားချက်တွင် ရတနာ စီမံကိန်းနှင့်ဆက်စပ်ပြီး ၎င်းတို့၏ နောက်ထပ် ခြေလှမ်းများ ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံအတွက် စွမ်းအင်ပံ့ပိုးမှုများကို မည်ကဲ့သို့ ထိန်းသိမ်းနိုင်ရန်ကို “အထူးဂရုပြု စဥ်းစားချင့်ချိန်နေသည်” ဟူ၍ ပါရှိသည်။

MOGE အနေဖြင့် ဤအခြေအနေအပေါ်တုံပြန်ချက်တစ်ရပ် တောင်းခံခြင်းကို ချက်ချင်း ဖြေကြားခဲ့ခြင်း မရှိပါ။ 

Total Energies က ၎င်း၏ မြန်မာနိုင်ငံဆိုင်ရာ လုပ်ငန်းများအတွက် PTTEP သည်သာ လူမှန်နေရာ မှန်ဖြစ်သော ရွေးချယ်မှု တစ်ခုဖြစ်၍ ထိုင်းလုပ်ငန်းစုနှင့် အဆက်အသွယ်ရှိခဲ့သည်ဟူ သောကြာနေ့က ပြောကြားခဲ့သည်။ Chevron ကမူ မှတ်ချက်ပေးရန် ငြင်းဆိုခဲ့သည်။ 

များ‌သောအားဖြင့် ရှယ်ယာပိုင်များသည် လုပ်ငန်းစု မိတ်ဖက်များထံမှ အစုရှယ်ယာများကို လက်လွှဲ ရယူလိုခြင်း ရှိ/ မရှိ ဆုံးဖြတ်ရန် ပထမဦးဆုံး အခွင့်အရေးရှိသည်။ 

Rystad စွမ်းအင်ကုမ္ပဏီ၏ အကဲဖြတ်သူ ရီယာဒူ အစ္စလာမ်သည် PTTEP သည် ရတနာ လုပ်ငန်းကို လက်လွှဲရယူနိုင်ဖို့ ဖြစ်နိုင်ချေအရှိဆုံး ကိုယ်စားလှယ်ဖြစ်ပြီး အကယ်၍ ထိုအတိုင်း ဖြစ်လာပါက PTTEP သည် မြန်မာဂက်စ်လောင်စာရောင်းလိုအား၏ ထက်ဝက်ကျော်ခန့်ကို လုပ်ကိုင်ဆောင်ရွက် နိုင်မည်ဟု ပြောကြားခဲ့သည်။ 

၂၀၂၁ ခုနှစ်အတွင်း ရတနာစီမံကိန်းသည် တစ်နေ့လျှင်လောင်စာဆီ မီလီယမ် ၇၇၀ ကုဗပေတန်ဖိုး (mmscfd – Million standard cubic feet per day) ထွက်ရှိခဲ့ကာ တစ်နေ့ထုတ်လုပ်မှုပမာဏအနက် ၅၀၇ mmscfd ကို ထိုင်းနိုင်ငံသို့ ပံ့ပိုးနိုင်ပြီး ကျန်ရှိသော ပမာဏကို မြန်မာ့လျှပ်စစ်ဓါတ်အား ထုတ်လုပ်ရေးအတွက် အသုံးပြုခဲ့သည်။ 

ရတနာစီမံကိန်းသည် ထိုင်းနိုင်ငံ ဂက်စ်ဝယ်လိုအားကို ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိ ဖြည့်တင်း ပေးနိုင်ပြီး ၂၀၂၁ ခုနှစ်တွင် ထိုင်းနိုင်ငံ၏ အကြီးစား အီရာဝန်၏ ထုတ်လုပ်မှုသည် ကျဆင်းသွားခဲ့ရ သည်။ 

လောင်စာဆီနှင့် သဘာဝဓါတ်ငွေ့ လုပ်ငန်းအပေါ် ပိတ်ဆို့မှုများ ရုတ်ချည်းမြင့်တက်လာမှုက နိုင်ငံ တကာပိုင်ကုမ္ပဏီများကို မြန်မာနိုင်ငံမှ ထွက်ခွာဖို့အ‌ရေးကို ပိုမိုဖြစ်ပေါ်စေပြီး PTTEP မှ ဆက်လက်‌ ဆောင်ရွက်ရန်ဟူသော သမိုင်းဝင်သ‌ဘောတူညီချက်လိုမျိုးပြ မြန်မာနိုင်ငံ ဒေသတွင်း လုပ်ဆောင်သူများ ဖြင့်သာ ကျန်ရစ်စေပါတယ်” Wood Mackenzie ၏ သုတေသနသုံးသပ်သူ မစ္စ ဆာလွန်နီ ကာပွားက ပြောကြားခဲ့သည်။ 

ဘာသာပြန် – အောင်မျိုးမြတ် 

Ref: The Straits Times

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.