ကရင်ဒေသ တိုက်ပွဲကြောင့် ထိုင်းဘက်ပြေးရတဲ့ စစ်ဘေးရှောင်တွေ တိုးများလာ
မော်လမြိုင် ၊ ဒီဇင်ဘာ (၂၉) ကရင်ပြည်နယ် လေးကေကော်ဒေသမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ စစ်ကောင်စီတပ်တို့အကြား ၁၄ ရက်ကြာတဲ့အထိ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေလို့ ထိုင်းဘက်ကို စစ်ရှောင်တွေ ထွက်ပြေး ဝင်ရောက်လာမှု ပိုများလာနေတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။ ဒီဇင်ဘာ ၁၅ ရက်နေ့ကစပြီး လေးကေကော်ဒေသမှာ KNLA တပ်မဟာ ၆ နဲ့ စစ်ကောင်စီတပ်တို့အကြား…