စင်ကာပူ၊ ဒီဇင်ဘာ ၁၅

စင်ကာပူနှင့် မလေးရှားနှစ်နိုင်ငံအကြား ခရီးသွားလာရေးအတွက် ဆေးထိုးပြီး ခရီးသွားခြင်းအစီအစဉ်ကို ဖွင့်လှစ်သွားမည်ဟု သိရသည်။

ဒီဇင်ဘာလ ၂၀ ရက်နေ့မှစတင်ပြီး စင်ကာပူနိုင်ငံသားများသည် မလေးရှားနိုင်ငံသို့ ဝင်ရောက်နိုင်မည် ဖြစ်သလို မလေးရှားနိုင်ငံသားများလည်း စင်ကာပူနိုင်ငံသို့ ဝင်ရောက်နိုင်မည်ဖြစ်သည်ဟု ကုန်သွယ်ရေး နှင့် စက်မှုရေးရာဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

MTI ၏ ထုတ်ပြန်ချက်တွင် စင်ကာပူနှင့် မလေးရှားနိုင်ငံများအတွင်း လက်ရှိသတ်မှတ်ထားသည့် ရောဂါစစ်ဆေးရေးလုပ်ငန်းစဥ်များတွင် အပြောင်းအလဲ ရှိမည်မဟုတ်ဟု ပါရှိသည်။ 

ကုန်းလမ်း VTL အစီအစဥ်၏ ပထမပိုင်းကို လွန်ခဲ့သော လအတွင်းက စတင်ခဲ့ခြင်းဖြစ် ပြီး  ချန်ဂီလေဆိပ်နှင့် ကွာလာလမ်ပူနိုင်ငံတကာလေဆိပ်အကြား လေကြောင်း VTL အစီအစဥ် ဖွင့်လှစ်သည့်နေ့နှင့် တစ်ရက်တည်းဖြစ်သည်။ 

လက်ရှိတွင် နှစ်နိုင်ငံလမ်းမကြီးအတိုင်း နေ့စဥ်ပြေးဆွဲနေသော ဘတ်စ်ခရီးစဥ်မှာ ၃၂ ကြိမ် ရှိပြီး တစ်စီးလျှင် ခရီးစဥ်တစ်ကြောင်းကို အများဆုံး လူဦးရေ ၄၅ ဦးအထိ ဝင်ဆံ့သည်။ 

ကုန်းလမ်း VTL ခရီးစဥ်အတွင်း နေ့စဥ်ကိုတာမှာ ခရီးသည်စုစုပေါင်းမှာ ၂၉၀၀ ဦးဖြစ်ပြီး တစ်လမ်းစီမှ ခရီးသည် ၁၄၄၀ ဦးပါဝင်မည်ဖြစ်သည်။ 

ထိုဝန်ဆောင်မှုကို ကုမ္ပဏီနှစ်ခုမှ အကောင်အထည်ဖော်ဆောင်ရွက်နေပြီး နေ့စဥ်ခရီးစဥ်အရေအတွက် ၃၂ ကြိမ်ကို ပြည့်မီဖို့ မလေးရှားနိုင်ငံမှ ခရီးစဥ် ၁၆ ကြိမ်၊ စင်ကာပူနိုင်ငံမှ ခရီးစဥ် ၁၆ ကြိမ် ပြေးဆွဲရမည်။ 

ကုန်းလမ်း VTL ရှေ့ပြေးအစီအမံအောက်တွင် ခရီးသည်များသည် ယင်းတို့ ဝင်ရောက်မည့် (မလေး-စင်ကာပူ) နိုင်ငံများ၏ နိုင်ငံသားများ၊ အမြဲတမ်း နေထိုင်ခွင့်ရရှိသူများ သို့မဟုတ် ကာလကြာနေထိုင်ခွင့် ကိုင်ဆောင်သူများဖြစ်ရမည်။ 

ဘာသာပြန် – အောင်မျိုးမြတ်

Ref: Channel News Asia

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.