ဆိုးလ်၊ ဒီဇင်ဘာ ၁၃

ဒေသတွင်း အဓိကကျ‌သော စီးပွားရေးဆိုင်ရာ သဘောတူညီချက်အပေါ် နောက်ကောက်မကျနိုင်စေရန် တောင်ကိုရီးယားနိုင်ငံမှ ပြည့်စုံကျယ်ပြန့်ပြီး တိုးတက်သော ပစိဖိတ်ဖြတ်ကျော်မဟာမိတ်ဆိုင်ရာ သ‌ဘောတူညီချက် (Comprehensive and Progressive Agreement for Trans-Pacific Partnership _ CPTPP) ကို ပါဝင်တော့မည်ဖြစ်သည်။

ဘဏ္ဍာရေးဝန်ကြီး Hong Nam-ki (ဟွန်နမ်ကီ) ၏ တနင်္လာနေ့ ပြောကြားချက်တွင် အစိုးရသည် CPTPP အဖွဲ့ဝင်ဖြစ်နိုင်ရေးအတွက်‌လျှောက်ထားမှုကို ရှေ့တိုးလုပ်ဆောင်နိုင်ရန် ‌ခြေတစ်လှမ်းအဖြစ် နိုင်ငံတွင်းရှိ သက်ဆိုင်ရာပုဂ္ဂိုလ်များနှင့် ကျယ်ပြန့်သော အတိုင်းအတာတစ်ခုအထိ ဆွေး‌နွေးမှုများကို ဆောင်ရွက်သွားမည်ဟု ဆိုသည်။

“စီးပွားရေးဆိုင်ရာ ဖွဲ့စည်းပုံစနစ်တွေကို အာရှ-ပစိဖိတ်ဒေသအတွင်းမှာ အလျင်အမြင် ပြောင်းလဲနေတဲ့ အတွက်ကြောင့် (CPTPP) နှင့်ပတ်သက်တဲ့ ဆွေးနွေးမှုတွေကို ကျွန်ုပ်တို့တွေက အစိုးရအဖွဲ့ထဲမှာပဲ ‌ဆွေးနွေးနေလို့ မဖြစ်နိုင်ပါဘူး။ ကျွန်ုပ်တို့ အနေနဲ့ ကျွန်ုပ်တို့ရဲ့ အခြေအနေကို ပွင့်လင်းသော ကုန်သွယ် ရေးနိုင်ငံတစ်ခုဖြစ်သလို ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာချဲ့ထွင်ခြင်းတွေမှာလည်း စီးပွား‌ရေး အရရော မဟာဗျူဟာအရပါ တန်ဖိုးရှိတဲ့ အနေအထားတစ်ရပ်ကို ထည့်သွင်းစဥ်းစားသင့်ပါတယ်” ဟု မစ္စတာ Hong က စီးပွားရေးဝန်ကြီးများနှင့် အစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့သည်။ 

၂၀၂၂ ခုနှစ်တွင် အကျိုးသက်ရောက်မှု စတင်မည့် တရုတ်နိုင်ငံပါဝင်သော ကမ္ဘာအကြီးဆုံး ကုန်သွယ်ရေး ဆိုင်ရာ သဘောတူညီချက် (Regional Comprehensive Economic Partnership – RCEP) မတိုင်ခင် ရက်သီတင်းပတ်အတောအတွင်း နှင့် တရုတ်၊ ထိုင်ဝမ်နိုင်ငံတို့ CPTPP အတွက် အဖွဲ့ဝင်‌ လျှောက်ထားမှု အပြီးတွင် ကိုရီးယားနိုင်ငံဘက်မှ မစ္စတာ Hong ၏ အဆိုပါ မှတ်ချက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ 

ကိုရီးယားနိုင်ငံ ဘဏ္ဍာရေးဝန်ကြီး မစ္စတာ Hong က ငါးဖမ်းလုပ်ငန်း အတွက် ထောက်ပံ့ငွေများ၊ ဒစ်ဂျစ် တယ်ကုန်သွယ်ရေးအတွက် စည်းမျဥ်းများ၊ နိုင်ငံတော်ပိုင် ကုမ္ပဏီများနှင့် ကျန်းမာရေးနှ င့်ညီညွတ်သော ကွာရန်တင်းများ စသဖြင့် CPTPP သဘောတူညီချက်နှင့် ဆက်စပ်သည့် ပြည်တွင်း စည်းစနစ် များကိုလည်းသတ်မှတ်ပြီးဖြစ်သောကြောင့် အစိုးရအနေဖြင့် CPTPP အဖွဲ့ဝင်နိုင်ရေးအပေါ် လူထု အမြင်သဘောထားဆွေး‌နွေးပွဲများကိုလည်း ယခုအခါ စတင်သွားမည်ဟု ပြောကြားခဲ့သည်။ 

CPTPP သဘောတူညီချက်သည် ဂျပန်နိုင်ငံမှ ဦးဆောင်သော လွတ်လပ်သောကုန်သွယ်ရေးဆိုင်ရာ သဘောတူညီချက်ဖြစ်ပြီး သြစတြေးလျ၊ ဘရူနိုင်း၊ ချီလီ၊ ဂျပန်၊ မလေးရှား၊ မက်ဆီကို၊ နယူးဇီလန်၊ ပီရူး၊ စင်ကာပူနှင့် ဗီယက်နမ်စသဖြင့်  နိုင်ငံပေါင်း ၁၁ နိုင်ငံနှင့် ချိတ်ဆက်ထားသည်။ ထိုကုန်သွယ်ရေး အကျိုးတူပူးပေါင်းမှုသည် လူဦး ၄၉၅ သန်းနှင့် ကမ္ဘာလုံးဆိုင်ရာ GDP ၏ ၁၃.၅%ကို ကိုယ်စားပြုသည်။ 

ဘာသာပြန် – အောင်မျိုးမြတ် 

Ref: Nikkei Asia

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.