ဂျာကတာ၊ ဒီဇင်ဘာ ၁၀

၂၀၀၅ ခုနှစ်က အင်ဒိုနီးရှားနိုင်ငံ ဈေးတစ်ခုအတွင်း ဗုံးပေါက်ကွဲမှုကြောင့် လူ ၂၂ ဦးသေဆုံးခဲ့ပြီး အဆိုပါ ဖြစ်စဥ်နှင့်ပတ်သက်သည့် ကျူးလွန်သူကို ရှာဖွေဖမ်းဆီးပြီး အင်ဒိုနီးရှားရုံးတော်မှ ထောင်ဒဏ် တသက်တကျွန်းချမှတ်ခဲ့ပါသည်။ 

Upik Lawanga ဟု အမည်ရသော အဆိုပါစစ်‌သွေးကြွပုဂ္ဂိုလ်သည် အယ်လ်ကိုင်ဒါ (Al-Qaeda) နှင့် အချိတ်အဆက်ရှိသော အရှေ့တောင်အာရှအကြမ်းဖက်အဖွဲ့ဖြစ်သည့် Jemaah Islamiah (JI) ၏ အဖွဲ့ဝင်တစ်ဦးဖြစ်သည်။ 

Lawanga ၏ အမည်အရင်းမှာ Taufiq Bulaga ဖြစ်ပြီး ရာစုနှစ်တစ်ခုကျော်ကြာ အာဏာပိုင်များ၏ လက်ထဲမှ ထွက်‌ပြေးလွတ်မြောက်ခဲ့ပြီး ယမန်နှစ်အတွင်းက ဖမ်းဆီးခံခဲ့ရသည်။ 

JI အဖွဲ့သည် ၂၀၀၀ ခုနှစ်များတွင် အင်ဒိုနီးရှားနိုင်ငံ၌ သေစေနိုင်လောက်သော တိုက်ခိုက်မှုများကို ‌ဆောင်ရွက်ခဲ့ပြီး အထူးသဖြင့် ၂၀၀၂ ခုနှစ် ဘာလီ၊ အင်ဒိုနီရှန်အပန်းဖြေကျွန်းရှိ နိုက်ကလပ်၌ ဗုံးကွဲခဲ့ သော ဖြစ်စဥ်သည် လူဦး‌ရေ ၂၀၂ ဦးအထိ သေဆုံးခဲ့ပြီး အများစုမှာ သြစတြေးလျ ခရီးသွားဧည်သည့် များဖြစ်ကြသည်။ 

Benar News သတင်းဌာန၏ အစီရင်ခံမှုအရ အသက် ၄၀ အရွယ်ရှိသော Lawanga သည် Sulawesi ကျွန်းပေါ်ရှိ  ဗုံးပေါက်ကွဲမှုဖြစ်စဥ် ၃ ခုအတွင်း သူ၏ ပါဝင်ပတ်သက်မှုများကြောင့် ပြစ်မှုကျူးလွန်သည်ဟု ဒီဇင်ဘာလ ၈ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ 

Sulawesi ဗုံးပေါက်ကွဲမှုဖြစ်စဥ်များအနက် အထိခိုက်အများဆုံးဖြစ်ရပ်မှာ လူ ၂၂ ဦးသေဆုံးပြီး ဒါဇင် နှင့်ချီ ဒဏ်ရာရရှိခဲ့သော ၂၀၀၅ ခုနှစ်  Tentena ဈေး တိုက်ခိုက်မှုဖြစ်သည်။ အခြားသော တိုက်ခိုက်မှု များမှာ ၂၀၀၄ နှင့် ၂၀၀၆ ခုနှစ်အတွင်းဖြစ်ပွားခဲ့ပြီး လူ ၇ ဦးထိသေဆုံးခဲ့သည်။ 

Lawanga သည် (Sulawesi) က ထွက်ခွာပြီးနောက် (Sumatra) တွင် ဘဲမွေးမြူရေး လယ်သမားအဖြစ် အသွင်ယူပုန်းအောင်းနေသည့် ‌အတောအတွင်း ဖမ်းဆီးခံခဲ့ရသည်။

သူ၏ ကြားနာစစ်ဆေးမှုကို အရှေ့ဂျာကတာခရိုင်တရားရုံးက အဝေးရောက်စနစ်ဖြင့် ဆောင်ရွက်ခဲ့ သည်။ 

ဘာသာပြန် – အောင်မျိူးမြတ်

Ref: The Straits Times

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.