ဖနွမ်ပင်၊ ဒီဇင်ဘာ ၇

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံပုန်ကန်ရေးလှုံ့ဆော်မှုနှင့် ကိုဗစ် ၁၉ ဥပဒေကို ချိုးဖောက်မှုအတွက် ထောင် ဒဏ်အမိန့်ချမှတ်ခဲ့သော မြန်မာစစ်အစိုးရသည် တစ်ကမ္ဘာလုံးထံမှ ပြစ်တင်ရှုတ်ချမှုကို လက်ခံရရှိပြီး နောက်တနေ့တွင်   မြန်မာစစ်တပ်မှခန့်အပ်တာဝန်ပေးသည့် နိုင်ငံခြားရေးဝန်ကြီးဝဏ္ဏမောင်လွင်သည် အင်္ဂါ နေ့တွင် ကမ္ဘောဒီးယားနိုင်ငံသို့ရောက်ရှိလာပြီး တွေဆုံဆွေးနွေးမှုတစ်ရပ်ကို ကျင်းပခဲ့သည်ဟု သိရသည်။ 

ဝဏ္ဏမောင်လွင်သည် ဖနွမ်ပင်မြို့ရှိ ငြိမ်းချမ်းရေးနန်းတော် (Peace Palace) ၌ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်နှင့် တွေ့ဆုံခဲ့ပြီး ဆွေးနွေးပွဲမစခင်တွင် နှစ်ဖက်စလုံးမှ တံတောင်ချင်းတိုက်ကာ နှုတ်ဆက်သည့် ဓါတ်ပုံကို ကမ္ဘောဒီးယားအစိုးရပေးအပ်သော လက်ကမ်းစာစောင်များတွင် ထည့်သွင်းဖော်ပြခဲ့သည်။  

ကမ္ဘောဒီးယားနိုင်ငံသည် လာမည့်နှစ်တွင် မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှ ၁၀ နိုင်ငံဆိုင်ရာ အာဆီယံအဖွဲ့၏ အလှည့်ကျဥက္ကဌအဖြစ် တာဝန်ယူရမည်။ 

ဒေါ်အောင်ဆန်းစုကြည်အစိုးရကို ဖေဖော်ဝါရီ ၁ ရက်နေ့အာဏာသိမ်းမှုဖြင့် ဖယ်ရှားလိုက်ပြီး သက်ဆိုင်သူ များအားလုံး ထောင်သွင်းအကျဥ်းချချိန်ကတည်းက မြန်မာနိုင်ငံအတွင်းဖြစ်ပွားလျှက်ရှိသော ပြဿနာများကို ဖြေရှင်းနိုင်ဖို့ အဖွဲ့ဝင်နိုင်ငံများ၏ သံတမန်ရေးရာအရကြိုးစားအားထုတ်မှုများတွင် အဖွဲ့ဝင် သဘောထား ကွဲလွဲလျက်ရှိသည်ကို အာဆီယံအနေဖြင့် ရှုမြင်ပြီးဖြစ်သည်။  

ဘုံသဘောတူညီချက်ရရှိဖို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား သဘောထားကွဲလွဲခဲ့ပြီးနောက် မြန်မာစစ် ခေါင်းဆောင် မင်းအောင်လှိုင်သည် ဘရူနိုင်းနိုင်ငံမှ ဦးဆောင်ပြီး အောက်တိုဘာလအတွင်း ကျင်းပခဲ့သော နှစ်စဥ်ထိပ်သီးအစည်းအဝေးသို့ ဖိတ်ကြားခြင်းမခံခဲ့ရပေ။ သို့သော်လည်း ကမ္ဘောဒီးယားဝန်ကြီးချုပ် Hun Sen ၏ တနင်္လာနေ့ ပြောကြားချက်အရ (မြန်မာ) စစ်အစိုးရ၏ အရာရှိများကိုလည်း အဖွဲ့ဝင်နိုင်ငံ၏ အစည်း အဝေးများသို့ ဖိတ်ကြားသင့်သည်ဟု ပါရှိသည်။ 

နိုင်ငံ၏ ဒီမိုကရေစီကို ဖိနှိပ်ထားသည်ဟူ၍ လူ့အခွင့်အရေးအဖွဲ့များနှင့် အနောက်နိုင်ငံအစိုးရများ၏ ဝေဖန်မှု များကို နှစ်ပေါင်းများစွာရင်ဆိုင်နေရသည့် ဝန်ကြီးချုပ် ဟွန်ဆန်သည် စစ်ဘက်အုပ်ချုပ်သူများနှင့် ပြောဆို မှုများပြုလုပ်နိုင်ရန် မြန်မာနိုင်ငံသို့ သွားရောက်ဖို့ စီစဥ်ထားပြီးဖြစ်ကြောင်း တနင်္လာနေ့က ပြောကြားခဲ့သည်။ 

ဘာသာပြန် – အောင်မျိုးမြတ်  

Ref: Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.