ဘန်ကောက်၊ နိုဝင်ဘာ ၃၀
ထိုင်းနိုင်ငံ၏ ပြန်လည်ဖွင့်လှစ်ရေးအစီအစဥ်မှာ အိုမီခရွန်ဗိုင်းရပ်စ်ကြောင့် နောက်ဆုတ်သွားမည်မဟုတ်သလို ပွဲတော် ကျင်းပမှုများတွင် တားမြစ်ထားသော အရက်ရောင်းချမှုများကို နေ့လည်ခင်း မှစတင်၍ ပြန်လည်ခွင့်ပြုရန် ဖြေလျှော့ရန်အတွက်ကိုလည်း အဆိုပြုသွားမည်ဟု ခရီးသွားကဏ္ဍနှင့် အားကစားဝန်ကြီးမှ ပြောကြားခဲ့သည်။
“နိုင်ငံကို ပြန်လည်ဖွင့်လှစ်တဲ့လုပ်ငန်းစဥ်က ကျွန်ုပ်တို့အတွက် တကယ်ခက်ခဲတာကြောင့် ဘယ်သူကမှ သူတို့ နယ်ခြား မျဥ်းတွေကို ပိတ်ပင်ထားချင်ကြတာ မဟုတ်ပါဘူး။ ကျွန်ုပ်တို့ နိုင်ငံရဲ့ စီးပွားရေးက ဒီကပ်ဘေးတွေကြောင့်ပဲ ထိခိုက် ခံနေရဆဲဖြစ်ပါတယ် … ဒါကြောင့်မို့လို့ အင်မတန်အရေးကြီးတဲ့ အခြေအနေမျိုးထဲကို ရောက်နေတယ် ဆိုရင်တောင်မှ နယ်ခြားမျဥ်းတွေကို ပိုမိုချိတ်ပိထ်ထားရတဲ့ အခြေအနေမျိုးတွေရှိလာနိုင်မှာ မဟုတ်ပါဘူး”ဟု ခရီးသွားကဏ္ဍနှင့် အားကစားဝန်ကြီး Phiphat Ratchakitprakarn (ဖီလ်ဖက် ရတ်ချာကစ်ဖရာခမ်) က ပြောကြားခဲ့သည်။
ပြန်လည်ဖွင့်လှစ်ရေးအစီအစဥ်၏ ပထမ ၂၉ ရက်အတွင်း လာရောက်လည်ပတ်ကြသည့် နိုင်ငံတကာခရီး သွား ဧည့်သည် ၁၀၀,၀၀၀ ကျော်ရှိပြီး ၎င်းကိန်းဂဏန်းသည် ဖူးခက်တွင် သုံးလကျော်ကြာ ဖွင့်လှစ်ထားခဲ့သည့် Sandbox အစီအစဥ်ထက် နှစ်ဆဖြစ်သည်ဟု အဆိုပါပုဂ္ဂိုလ်က ပြောကြားခဲ့သည်။
ကွာရန်တင်းလိုအပ်ချက်မရှိဘဲ လာရောက် လည်ပတ်ခွင့်ပြုသည့် မဟာဗျူဟာသည် ခရီးသွားဧည်သည့်များကို ဆွဲဆောင်နိုင်သည့် မှန်ကန်သောနည်းလမ်းဖြစ်ကြောင်း အဆိုပါကိန်းဂဏန်းများမှ သက်သေပြခဲ့သည်ဟုဆိုသည်။
မှတ်တမ်းများအရ ပထမ ၁၁ လအတွင်း နိုင်ငံအတွင်းသို့ ဝင်ရောက်ခဲ့သည့် ခရီးသွားဧည့်သည်ပေါင်း ၂၀၀,၀၀၀ ရှိခဲ့သောကြောင့် ဝန်ကြီးဌာနအနေဖြင့် နှစ်ကုန်ပိုင်းတွင် ထိုင်းနိုင်ငံသို့ လာရောက်ကြမည့် ခရီးသွားဧည့်သည် ၃၀၀၀၀၀-၄၀၀၀၀၀ အထိ ရှိနိုင်မည်ဟု မျှော်မှန်းထားခဲ့သည်။
ဒီဇင်ဘာ ၁၆ ရက်နေ့မှ စတင်၍ Test and Go အစီအစဥ်တွင် RT-PCR နည်းလမ်းကို အစားထိုးအသုံးပြုမည့် အစီ အစဥ်ကို တစ်နေ့လျှင် လူဦးရေ ၂၀၀၀၀ ကျော် ကူးစက်ခံနေရသော ယခုလှိုင်းတွင် ဖြစ်နိုင်ချေရှိသော ကူးစက်မှု ဖြစ်စဥ်များကို တားမြစ်နိုင်ရန် Omicron မျိုးကွဲအသစ် ပိုမိုရှင်းလင်းသွားချိန်အထိ ရွှေ့ဆိုင်းထားမည် ဖြစ်သည်။
“နိုင်ငံအတွင်း နေထိုင်သူများအားလုံးအတွက် ကာကွယ်ဆေးထိုးနှံရေးအစီအစဥ်ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွား မှာပါ။ အဲ့သည်လို လုပ်ဆောင်တာကလည်း ဖြစ်နိုင်ချေရှိတဲ့ ကူးစက်လှိုင်းဖြစ်ပေါ်မှုကနေ ကျွန်ုပ်တို့ကိုကိုယ် ကာကွယ် သွားနိုင်ဖို့ အထောက်အကူဖြစ်ပါတယ်။ ဒီဇင်ဘာလအကုန်မှာ လူဦးရေ အားလုံး အတွက် ကာကွယ်ဆေး မီလီယမ် ပေါင်း ၁၁၀မှ ၁၂၀အထိ ထိုးနှံရေးကို ပြီးမြောက်အောင် ဆောင်ရွက်မှာဖြစ်သလို အဲ့လို ကာကွယ်ထားတာကလည်း ကူးစက်ခံရမယ်ဆိုရင်တောင် အနည်းဆုံးတော့ ပြင်းထန်အခြေအနေတွေကနေ ရှောင်ရှားနိုင်ဖို့ဖြစ်ပါတယ်”ဟု မစ္စတာ Phiphat က ပြောကြားခဲ့သည်။
ခရီးသွားကဏ္ဍတစ်ခုလုံးအတွက် လိုအပ်သော ကာကွယ်ဆေးအရေအတွက်သည် ၃ မီလီယမ် မှ ၅ မီလီယမ် အထိ လိုအပ်ပြီး အဆိုပါကိန်းဂဏန်းမှ ကာကွယ်ဆေးအလုံးရေ ၃ မီလီယမ်ကို ထိုင်းနိုင်ငံခရီးသွားလုပ်ငန်း ကောင်စီမှ တောင်း ဆိုခဲ့သည်။ ဝန်ကြီးဌာနသည် ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနနနှင့် အတူပူးပေါင်းဆောင်ရွက်ကာ ခရီးသွား ကဏ္ဍ အတွင်း ဝင်ရောက်လုပ်ကိုင်နေသူများအတွက် ကာကွယ်ဆေးထိုးနှံရေးကို အရှိန်အဟုန်မြင့်လုပ်ဆောင်သွားမည်။
ကိုဗစ်ကန့်သတ်ဇုံများအနက် အပြာရောင်ဇုံများ၌ နှစ်သစ်ကူးပွဲတော်များ ကျင်းပသည့်အတောအတွင်း ညသန်းခေါင်ယံ ကျော်လွန်ချိန်အထိ အရက်ရောင်းချမှုကို ခွင့်ပြုပေးဖို့နှင့် လက်ရှိတွင် နေ့ခင်း ၂ နာရီ မှ ၅ နာရီအထိ အရက်ရောင်းချမှု ကန့်သတ်ထားခြင်းကို ဖြေလျှော့ပေးရန် အစိုးရအဖွဲ့နှင့် ဆွေးနွေးသွားမည်ဟု မစ္စတာ Phiphat က ပြောကြားခဲ့သည်။
ထိုအဆိုပြုချက်ကို ခွင့်ပြုပေးနိုင်ရန်အတွက် ထိုင်းနိုင်ငံ ကိုဗစ်အခြေအနေစီမံအုပ်ချုပ်ရေး ဗဟိုစင်တာသို့ တင်ပြသွား မည်။
မစ္စတာ Phiphat ၏ ပြောကြားချက်အရ ထိုင်းခရီးသွားအာဏာပိုင်_Tourism Authority of Thailand (TAT) အနေ ဖြင့် အယုဒ္ဓယ၊ နခွန်ရတ်ချစီမာ၊ ချင်းမိုင်၊ ဖူးချက်နှင့် ချွန်ဘူရီ စသည့် ခရိုင်ဒေသန္တရ ၅ ခုတွင် ဘတ် ၁၀၀-၁၂၀ မီလီယမ်အထိအသုံးပြု၍ ဒေသတွင်းအနုပညာရှင်များ၏ ပူးပေါင်းပါဝင်မှုအားဖြင့် Countdown အခမ်းအနားများကို ကျင်းပသွားမည်။
ထိုင်းခရီးသွားအာဏာပိုင် အုပ်ချုပ်မှုအရာရှိ Yuthasak Supasorn က ဗိုင်းရပ်စ်ဗီဇမျိုးကွဲအသစ်သည် ခရီးသွားကဏ္ဍ စိတ်အားထက်သန်မှုကို လွန်စွာ ထိခိုက်မည်မဟုတ်ဟု ပြောကြားခဲ့သည်။
အကယ်၍ Omicron ဗိုင်းရပ်စ်ကူးစက်မှုသာ မရှိပါလျှင် ယခုနှစ်အတွင်း ထိုင်းနိုင်ငံသို့ နိုင်ငံတကာမှ လာရောက်ကြမည့် ခရီးသွားဧည့်သည်များမှာ ၅၀၀၀၀၀ သိန်းအထိ ရှိမည်ဟု ပြောကြားခဲ့သည်။
ဘာသာပြန် – အောင်မျိုးမြတ်
Ref: Bangkok Post