ဘန်ကောက်၊ နိုဝင်ဘာ ၂၄

ထိုင်းနိုင်ငံရဲ့ ဒီဇယ်လက်လီဈေးနှုန်းကို လျှော့ချနိုင်ရန် နည်းလမ်းများထားရှိ မြှင့်တင်ဆောင်ရွက်နိုင်ရန် ထိုင်းဝန်ကြီးချုပ် ပရရွတ်ချန်အိုချာမှ စွမ်းအင်ဝန်ကြီးဌာသို့ ပြောဆိုထားပြီးဖြစ်ကြောင်း ဝန်ကြီးချုပ်၏ လက်‌ထောက်က ပြောကြားခဲ့ သည်။ 

ထိုင်းနိုင်ငံအနှံ့ရှိ လော်ရီယာဥ်မောင်းများ ဆန္ဒထုတ်ဖော်ရာမှ စတင်လာသော ဒီဇယ်‌ဈေးမြင့်တက်ခြင်းဆိုင်ရာ ပြဿနာကို အစိုးရအနေဖြင့် ကိုင်တွယ်ဖြေရှင်းနိုင်ရေးအတွက် (အင်္ဂါနေ့၌) ကျင်းပခဲ့ကြသော အစိုးရအဖွဲ့အစည်း အဝေးပြီးနောက် ထိုင်းဒုတိယဝန်ကြီးချုပ် Wissanu Krea-ngam မပါဝင်သော ပုံမှန်မဟုတ်သည့် အစည်းအဝေး တစ်ရပ်ကို  ဝန်ကြီးချုပ် ပရရွတ်မှ သူ၏ လက်ထောက်များနှင့်အတူ ခေါ်ယူကျင်းပခဲ့သည်။ 

စွမ်းအင်ဝန်ကြီးဌာန၏ အမြဲတမ်းအတွင်းဝန်က ဝန်ကြီးချုပ်ပရရွတ်သို့ တင်ပြချက်တွင် အဆိုပါ အတိုင်းအတာများကို လာမည့်လ အစောပိုင်းတွင် သတ်မှတ်ပြဌာန်းသွားမည်ဟု ပါရှိသည်။

ဝန်ကြီးချုပ်လက်ထောက် Mr.Anutin က ဝန်ကြီးချုပ်အနေဖြင့်လည်း ထိုပြဌာန်းချက်ကို ဖြစ်နိုင်သမျှ လျင်လျင်မြန်မြန် ကြောငြာရန်နှင့် ထုတ်ပြန်နိုင်ရန်အတွက်လည်း တိုက်တွန်းခဲ့သည်။  

အစည်းအဝေးပြီးနောက်တွင် Mr.Anutin က “ဒီဇယ်ဈေးနှုန်းတွေကို  တစ်လီတာ ၃၀ ဘတ်‌အောက် လျှော့ချ ရမယ် ဆိုတော့ ဝန်ကြီးချုပ်အနေနဲ့လည်း ဖိအားများနေရပါတယ်”ဟု ပြောကြားခဲ့သည်။ 

တစ်နှစ်ပတ်လုံးအတိုင်းအတာအားဖြင့် တစ်လီတာ ၂၅ ဘတ်နှုန်းထားရှိပေရန်အတွက် ကုန်တင်ယာဥ်လုပ်ငန်းရှင်များ၏ တောင်းဆိုချက်ကို အစိုးရအဖွဲ့မှ အစောပိုင်းက ငြင်းဆန်ထားခဲ့ပြီးနောက် ယခုလော်ရီယာဥ်မောင်းများ၏ ထုတ်ဖော် ဆန္ဒပြမှုသည် ညှိနှိုင်းဆောင်ရွက်မှုအနေအထားတစ်ရပ်ကို ဖြစ်ပေါ်စေနိုင်သည်။ 

ထိုင်းနိုင်ငံကုန်းလမ်းပို့‌ဆောင်ရေးအဖွဲ့ချုပ်သည် ထိုင်းအစိုးရကို တောင်းဆိုချက်ကို ကိုင်တွယ်ရန် ထပ်ခါတလဲ ဖိအား ပေးထားခဲ့ပြီး ထိုကဲ့သို့ လိုက်နာဆောင်ရွက်ခြင်းမရှိပါက ဒီဇင်ဘာ ၁ ရက်နေ့တွင် လော်ရီယာဥ်‌မောင်း များ၏ အကြီးစား ဆန္ဒထုတ်ဖော်မှုကို ရင်ဆိုင်ရမည်ဟု ပြောဆိုထားခဲ့သည်။ 

လွန်ခဲ့သော သီတင်းပတ်၌ ကုန်တင်ယာဥ်မောင်းများသည် သူတို့၏ ပြဿနာကို ဖော်ပြရန် အလို့ငှာ စွမ်းအင် ဝန်ကြီး ဌာနတွင် ယင်းတို့၏ ကိစ္စကို ဖော်ထုတ်ပြသနိုင်ရန်  ကုန်တင်ယာဥ်များကို စီတန်းမောင်းနှင်ခဲ့ကြသည်။ 

စွမ်းအင်ဝန်ကြီး Supattanapong Punmeechaow ပြောကြားချက်အရ ဒီဇယ်ဈေးနှုန်းကို တစ်လီတာ ၃၀ ဘတ်အောက် ကျဆင်းသွား‌သော်ငြား ဈေးနှုန်းကို လျှော့ချဖို့ရန် မဖြစ်နိုင်ကြောင်းဟူ၍ ပါရှိသည်။ ကမ္ဘာ့‌ဈေးကွက်တွင် ဈေးနှုန်းများမှာ ဆက်တိုက် ကျဆင်းနေသည့်အတွက်အကြောင့် အစိုးရအနေဖြင့် တစ်လီတာကို ၂ ဘတ်နှုန်းဖြင့် ထောက်ပံ့ငွေများ ဆက်လက်ပေးအပ်သွားမည်ဖြစ်ကြောင်း အဆိုပါပုဂ္ဂိုလ်က ပြောကြားခဲ့သည်။

အင်္ဂါနေ့ရရှိသော စာရင်းများအရ ထိုင်းတစ်နိုင်ငံလုံး ဒီဇယ်ဈေးနှုန်းမှာ တစ်လီတာ ၂၈ ဘတ်ဖြစ်သည်။ စွမ်းအင်ဝန်ကြီး မစ္စတာ Supattanapong ပြောကြားချက်အရ PTT ကုမ္ပဏီအနေဖြင့် ဈေးနှုန်းများကို‌လျှော့ချသွားမည်ဟု မျှော်လင့်ရကြောင်းနှင့် ထိုနှုန်းထားအတိုင်း အခြားသော ကုမ္ပဏီများသည်လည်း ‌ရောင်းချနိုင်ချေရှိသည်ဟု ပြောကြားခဲ့ သည်။ 

ထိုင်းအစိုးရမှ ၄ လမှ ၅ လတာအတွက် ဘတ်ငွေ ၂၀ ဘီလီယမ်ကို လောင်စာဈေးနှုန်းအတွက် ထောက်ပံ့ပေး ရန် လျားထားခဲ့ပြိး တစ်လီတာလျှင် ၂၅ ဘတ်နှုန်းဖြင့် သတ်မှတ်ကာ တစ်ရက်လျှင် ဘတ် သန်း ၅၀၀ သို့မဟုတ် တစ်လလျှ ဘတ် ၁၅ ဘီလီယမ် အထိ သုံးစွဲသွားမည်ဟု စွမ်းအင်ဝန်ကြီးက ပြောကြားခဲ့သည်။ 

အမေရိကန်ပြည်ထောင်စု၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်နှင့် အခြားသောနိုင်ငံကြီးများတွင် ရေနံတင်သွင်းခြင်းအစား ၎င်းတို့ သိုလှောင်ထားသော မဟာဗျူဟာ‌မြောက် လောင်စာအရင်းအမြစ်ကို စတင်အသုံးချလာခဲ့သောကြောင့် ဒီဇယ်ဈေး သည် ကမ္ဘာလုံးအတိုင်းအတာဖြင့် ကျဆင်းနေသည်ဟု ထိုင်းနိုင်ငံ စွမ်းအင်ဝန်ကြီးက ပြောကြားခဲ့သည်။ 

နိုင်ငံများသည် ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်ဈေးကွက်ကို ထိန်းချုပ်နိုင်ဖို့ တိုက်ပွဲဝင်နေ‌သောကြောင့် ထိုကဲ့သို့သော အခြေအနေသည် လောင်စာဆီဝယ်ယူမှုများသော နိုင်ငံတစ်နိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံအတွက် သတင်းကောင်း ဖြစ်‌သော်လည်း ရေနံတင်ပို့သည့်နိုင်ငံများအဖွဲ့အစည်းအတွက် စိတ်ပျက်ဖွယ်ဖြစ်သည်ဟု အဆိုပါပုဂ္ဂိုလ်က ပြောကြား ခဲ့သည်။ 

ဒီဇင်ဘာလ ၄ ရက်‌နေ့တွင် ကျင်းပမည့် Opec အစည်းအဝေးသည် ကမ္ဘာလုံးဆိုင်ရာ လောင်စာဆီဈေးနှုန်းများ၏ ကံကြမ္မာကိုဆုံးဖြတ်ပေးမည်ဟု ထိုင်းနိုင်ငံ စွမ်းအင်ဝန်ကြီးက ပြောကြားခဲ့သည်။ 

ဘာသာပြန် – အောင်မျိုးမြတ် 

Ref: Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.