စစ်အာဏာသိမ်းပြီးနောက်ပိုင်းကြီးထွားလာသော မြန်မာနိုင်ငံတွင်းမှတရုတ်ရင်းနှီးမြှုပ်နှံမှုများ
ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင်းမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတချို့ ၎င်းတို့၏ လုပ်ငန်းများ အပြီးတိုင်ရုတ်သိမ်းခြင်း၊ ယာယီဆိုင်းငံ့ခြင်း သို့မဟုတ် လျှော့ချခြင်းများပြုလုပ်ခဲ့ကြသည်။ သို့သော်လည်း တရုတ်အစိုးရပိုင်စီးပွားရေးလုပ်ငန်းများမှာမူ ဘေဂျင်း၏ အရေးပါသော သံခင်းတမန်ခင်း ဖြစ်သည့် ပိုးလမ်းနှင့် ရပ်ဝန်းစီမံကိန်း(BRI) မြှင့်တင်ရန် အခွင့်အလမ်းကိုဆုပ်ကိုင်ထားသည်။ ဆန္ဒပြပြည်သူများကို အကြမ်းဖက်ဖြိုခွင်းခဲ့သဖြင့် လူထောင်နှင့်ချီသေကြေခဲ့ရပြီး သောင်းဂဏာန်းနီးပါး ဖမ်းဆီးခံထားရသည်။ အကြမ်းမဖက်သောနည်းလမ်းဖြင့်ဆန္ဒပြခဲ့ကြသောမြန်မာပြည်သူတို့သည် ယခုတော့ လက်နက်စွဲ…