စင်ကာပူ၊ နိုဝင်ဘာ ၁၁

စင်ကာပူနှင့် မလေးရှားနှစ်နိုင်ငံအကြား လေကြောင်းခရီးသွားများအတွက် ကာကွယ်ဆေးထိုးပြီး ခရီးသွားခြင်းအစီအစဉ်ကို လာမည့် နိုဝင်ဘာလ ၂၉ ရက်နေ့တွင် စတင်မည်ဖြစ်ပြီး လာမည့်ကာလများတွင် နှစ်နိုင်ငံအကြား ပြန်လည်ဖွင့်လှစ်လာမည့် အခြားသော အစီအစဉ်များအတွက် ပထမခြေလှမ်းဖြစ်သည်ဟု မလေးရှားနိုင်ငံက အဆင့်မြင့်အရာရှိတဦးက ပြောလိုက်ပါတယ်။

အဆိုပါပုဂ္ဂိုလ် ပြောကြားချက်အရ မလေးရှားနှင့် စင်ကာပူနိုင်ငံအတွင်းရှိ သက်ဆိုင်ရာ အေဂျင်စီများ သည် ကျန်းမာရေး၊ ရောဂါစစ်ဆေးခြင်းနည်းလမ်းများနှင့် နယ်စပ်ဖြတ်ကျော်ရေး လုပ်ငန်းစဥ်များ စသည့် ဆက်စပ်ကိစ္စရပ်များကို တစ်ပြိုင်နက်တည်း ဆောင်ရွက်နေကြသည်ဟု ပြောကြားခဲ့သည်။ 

“အနည်းအကျဥ်းကိစ္စရပ်လေးတွေပဲ ကျန်နေတော့တာပါ၊ ဒါကလည်း သိပ်မကြာခင် ဖြေရှင်းသွားနိုင် လိမ့်မယ်ဆိုတာ ကျွန်ုပ်အသေအချာပြောနိုင်ပါတယ်”ဟု မစ္စတာ Dutak (ဒူတပ်)က ပြောကြားခဲ့ပြီး ကုန်းလမ်းနယ်စပ်ပြန်လည်ဖွင့်လှစ်ခြင်းသည် vaccinagted travel lane (VTL) ကာကွယ်ဆေးထိုးပြီး ခရီးသွားအစီအစဉ်ထက် ပိုမိုရှုပ်ထွေးသည်ဟုလည်း အဆိုပါပုဂ္ဂိုလ်မှ ပြောကြားခဲ့သည်။  

နှစ်နိုင်ငံအကြား နေ့စဥ် ဝင်ရောက်သွားလာနေသော လူဦးရေမှာ ၂၀၀,၀၀၀ မှ ၃၀၀,၀၀၀ နီးပါး ရှိခဲ့သော ကိုဗစ် ၁၉ မတိုင်ခင်ကာလအနေအထားပြန်လည်ရောက်မည်မဟုတ်သေးဟုလည်း ဒေါက်တာ Azfar (အက်ဇ်ဖာ)မှ သတိပေးခဲ့သည်။  

“အစဦးဆုံးအနေနဲ့ ကျွန်ုပ်တို့က ထိန်းချုပ်မှုရှိစွာ ဖွင့်လှစ်ပေးဖို့ဖြစ်ပါတယ်။ ဒါက နေ့စဥ်ဝင်ရောက်နေတဲ့ လူအရေအတွက်ကို ကန့်သတ်ထားမှာဖြစ်တယ်” ဟု ဒေါက်တာ Azfar က ပြောကြားခဲ့သည်။ 

မလေးရှားနှင့် စင်ကာပူနိုင်အကြား သဘောတူညီထားသည့် အခြားသော နယ်စပ်ဖြတ်ကျော် ခရီးသွားအစီအစဥ်များဖြစ်သည့် (PCA) (RGL)များနှင့် မတူညီသောအချက်မှာ ကုန်းလမ်းခရီး VTL အစီအစဥ်သည် နှစ်ဖက်စလုံးတွင် ကွာရန်တင်းနေထိုင်ရန် မလိုအပ်သည့်အတွက်ကြောင့် ပိုမိုပြီး ဆွဲဆောင်မှုရှိနိုင်ပါလိမ့်မည်။ 

Periodic Commuting Arrangement (PCA) ဆိုသည်မှာ ခရီးသွားများအားလုံးသည် မလေးရှားနိုင်ငံ သို့ ရောက်ရှိချိန်တွင် သတ်မှတ်ထားသော ဌာန သို့မဟုတ် ဟိုတယ်များတွင် ကွာရန်တင်း ၇ နှစ်ရက် နေထိုင်ရန်လိုအပ်ပြီး Reciprocal Green Lane  အမည်ရသော (RGL) အစီအစဥ်ကိုမူ ကိုဗစ် ၁၉ အခြေအနေများကြောင့် အကန့်အသတ်မရှိ ရွှေ့ဆိုင်းထားခဲ့သည်။ 

ကုန်လမ်းခရီး VTL အစီအစဥ်တွင် စီမံခန့်ခွဲ့ရ လွယ်ကူသည့် ရထားများနှင့် ဘတ်စ်ကားများစသည့် အများသုံးခရီးသည်ပို့ဆောင် ရေးအသုံးပြုခြင်းကိုသာ ဖွင့်လှစ်ပေးလိမ့်မည်ဖြစ်ပြီး ကိုယ်ပိုင်ကားများ၊ မော်တယ်ဆိုင်ကယ်များ မောင်းနှင်ကာ ဖြတ်သန်းဝင်ရောက်ခြင်းကို ခွင့်ပြုမည်မဟုတ်ဟု ဒေါက်တာ Azfar က ပြောကြားခဲ့သည်။ 

မလေးရှားနှင့် စင်ကာပူနိုင်ငံတို့သည် ကွာလာလမ်ပူနိုင်ငံတကာလေဆိပ်နှင့် ချန်ဂီ လေဆိပ်အကြား သွားလာနိုင်မည့် အပြန်အလှန် နယ်စပ်မျဥ်းကို နိုဝင်ဘာလ ၂၉ ရက်နေ့တွင် VTL အစီအစဥ်နှင့်အတူ ဖွင့်လှစ်သွားမည်ဟု နိုဝင်ဘာလ ၈ ရက်နေ့ (တနင်္လာနေ့) က ထုတ်ပြန်ကြေငြာခဲ့သည်။ 

VTL အစီအစဥ်အောက်တွင် ကာကွယ်ဆေး အပြည့်အဝထိုးနှံထားသော ခရီးသွားဧည့်သည်များသည် ကိုဗစ်စစ်ဆေးချက်အောင်မြင်ပါက ကွာရန်တင်း သို့မဟုတ် Stay Home နေထိုင်ရန် မလိုဘဲ နှစ်နိုင်ငံအကြား ခရီးသွားလာနိုင်မည်ဖြစ်သည်။ 

ဘာသာပြန် – အောင်မျိုးမြတ်

Ref: The Straits Times

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.