ဘန်ကောက်၊ နိုဝင်ဘာ ၅

ထိုင်းနိုင်ငံအတွင်း ကန့်သတ်ထိန်းချုပ်မှုများကို ဖြေလျှော့ပြီးသည့်နောက်တွင် မြို့ပြသို့ အလုပ်လုပ်ကိုင်ရန် ပြန်လည် ရောက်ရှိလာသူများကို ကိုဗစ် ၁၉ ကာကွယ်ဆေး ဒုတိယအကြိမ်နှင့် တတိယအကြိမ် ထိုးနှံ‌ရေး ဆောင်ရွက်နိုင်ရန် အတွက် ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနမှ ပြင်ဆင်လျှက်ရှိသည်။

ပြည်သူ့ကျန်းမာ‌ရေးဝန်ကြီး Anutin Charnvirakul က လူအများသည် ကာကွယ်ဆေး ဒုတိယအကြိမ်နှင့် တတိယ အကြိမ် ကာကွယ်ဆေးအတွက် မိမိတို့၏ ဇာတိခရိုင်များအတွင်း သွာရောက်ရန်မလိုပဲ ဘန်ကောက်အတွင်း ထိုးနှံနိုင်မည်ဟု ပြောကြားခဲ့သည်။ 

မစ္စတာ Anutin ၏ ပြောကြားချက်တွင် ရောဂါကာကွယ်ရေးဌာနနှင့် ဆေးကုသရေးဌာနများအနေဖြင့် အဆိုပါ အစုအဖွဲ့များအတွက် အဟန့်အတားမရှိ ကာကွယ်ဆေးရရှိရန် သေချာအောင် ပူးပေါင်းလုပ်ဆောင်သွားမည်ဟုလည်း ပါရှိသည်။

ပြန်လည်ဝင်ရောက်လာသူများအတွက် ဒုတိယအကြိမ်နှင့် တတိယအကြိမ် ထိုးနှံခြင်းကို Bang Sue အဆင့်မြင့်ဘူတာ၊ Rajavithi ဆေးရုံ၊ Lert Sin ဆေးရုံ၊ Bamrasnaradura ကူးစက်ရောဂါအင်စတီကျု နှင့်  Nimibutr အားကစားရုံများ တွင် ထိုးနှံပေးသွားမည်ဖြစ်ပြီး အသစ်ဖွင့်လှစ်မည့် နေရာတစ်ခုကိုလည်း များမကြာမီ ကြေငြာသွားမည်ဟု အဆိုပါ ပုဂ္ဂိုလ်မှ ပြောကြားခဲ့သည်။ 

အကျိုးအာနိသင်နည်းပါးသော Sinopharm ကာကွယ်ဆေးထိုးနှံဖူးသူများအတွက်လည်း ဆေးအာနိသင်မပျက်‌ပြယ် အောင် Booster shot ထိုးနှံနိုင်ရေးအတွက်ကိုလည်း ဝန်ကြီးဌာန၏ ကာကွယ်ဆေးထိုးနှံရေးကော်မတီမှ ပြင်ဆင်လျှက် ရှိပြီး အဆိုပါ Booster ဆေးများကို ဝန်ကြီးဌာနကိုယ်တိုင် စီမံခန့်ခွဲမည်ဟု မစ္စတာ Anutin မှ မှတ်ချက်ပြု ပြောကြားခဲ့သည်။   

တပြိုင်နက်တည်းတွင် ဘန်ကောက်ဒေသန္တရ အုပ်ချုပ်သူ Aswin Kwanmuang ကလည်း  နိုင်ငံပြန်လည်ဖွင့်လှစ်ခြင်း နောက် ဘန်ကောက်မြို့ပြ၏ အများပိုင် ခရီးသွားလိုင်းများ စုဝေးရာနေရာဖြစ်သည့် ဘန်ကောက်မြို့တော် ခန်းမရှေ့တွင် ကိုဗစ် 19 အမြန်စစ်ဆေးနိုင်ရန်အတွက် ချဲ့ ထွင်ဆောင်ရွက်သွားမည်ဟု ပြောခဲ့သည်။ 

အမြန် စစ်ဆေးမှုများကို ရထားဘူတာများနှင့် ခရိုင်များအကြားရှိ ဘတ်စ်ကား ဂိတ်များတွင်လည်း ဆောင်ရွက်နိုင် ချေရှိသည်ဟု အဆိုပါ ပုဂ္ဂိုလ်မှ ဖြည့်စွက်ပြောကြားခဲ့သည်။ 

ဘန်ကောက်အတွင်းရှိ ကာကွယ်ဆေးမထိုးနှံရ‌သေးသော လူများအနေဖြင့်လည်း အင်္ဂါနေ့တွင် ထိုင်း-ဂျပန် အားကစားရုံသို့ သွားရောက်ထိုးနှံကြရန် အဆိုပါ မြို့တော်ဝန်မှ တိုက်တွန်းထားပါသည်။   

ဘာသာပြန် – အောင်မျိုးမြတ်

Ref : Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.