အမျိုးသားညီညွတ်ရေးအစိုးရကို ဘိုင်ဒန်အသိအမှတ်ပြုရမည်
ကိုဗစ်ကြောင့် လူသေဆုံးမှုများခဲ့သောမြန်မာနိုင်ငံတွင် စီးပွားရေးကလည်း ပြိုလဲလုနီးပါးဖြစ်နေသည်။ အမျိုးသား ညီညွတ်ရေးအစိုးရက စစ်အာဏာရှင်များကိုစစ်ကြေညာပြီးနောက်ပိုင်း မြန်မာ့ပြည်တွင်းပဋိပက္ခက အရှိန်အမြှင့် ဆုံးထိရောက်လာခဲ့သည်။ အာဏာသိမ်းမှုကြောင့် အရပ်သား ၁ ထောင်ကျော်သေဆုံးခဲ့ပြီး နိုင်ငံရေးအကျဥ်းသား ၇ ထောင်ကျော်ကို မကြာသေးမီကပဲ ထောင်သွင်းအကျဥ်းချခဲ့ပြီး သေဆုံးသူအရေအတွက် နေ့စဥ်တိုးလာနေ သည်။ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အရပ်သားခေါင်းဆောင်များကိုဖမ်းဆီးပြီး စစ်အာဏာသိမ်းယူခဲ့သည့် ၈ လ တာ ကာလအတွင်း မြန်မာစစ်တပ်သည်…