ဂျာကတာ၊ အောက်တိုဘာ ၂၅

အင်ဒိုနီးရှားနိုင်ငံအတွင်း ကိုဗစ် ၁၉ ကာကွယ်ဆေး ၇၀ ရာခိုင်နှုန်းနှင့်အထက် ထိုးနှံပြီးစီးသော နေရာများကို တဖြည်းဖြည်း ပြန်လည်ဖွင့်လှစ်သွားမည်ဟု၍ သမ္မတ Joko Widodo က အရှေ့တောင်အာရှနိုင်ငံများဆိုင်ရာ စီးပွားရေးဖိုရမ်တွင် တနင်္လာနေ့က ပြောကြားခဲ့သည်။ 

မစ္စတာ Widodo က အရှေ့တောင်အာရှအနေဖြင့် ခရီးသွားကန့်သတ်ချက်များကို လျှော့ချပေးနိုင်ရန်အတွက် စတင်လုပ်ဆောင်သင့်ကြောင်း၊ ဒေသန္တရအတွင်း  အနာဂတ်တွင် ကြုံတွေ့ရနိုင်မည့် ကျန်းမာရေးကပ်ဘေး များအတွက် ပြုပြင်ပြောင်းလဲရန်မှာ အရေးကြီးကြောင်းဟု ပြောကြားခဲ့သည်။ 

ယခုလအစောပိုင်းတွင် အင်ဒိုနီးရှားနိုင်ငံသည် ဘာလီကျွန်းကို တရုတ်၊ နယူးဇီလန်နှင့် ဂျပန်အပြင် အခြားသော နိုင်ငံများမှ နိင်ငံတကာခရီးသွားဧည့်သည်များအတွက် ဖွင့်လှစ်ပေးခဲ့ပါသည်။ 

ဘာလီနိုင်ငံတကာလေဆိပ်ကိုလည်း နိုင်ငံခြားသား ခရီးသွာဧည့်သည်များအတွက် အောက်တိုဘာလ ၁၄ ရက်နေ့မှ စတင်၍ ဖွင့်လှစ်ထားပေးခဲ့ပြီး ထိုကဲ့သို့ လာရောက်လည်ပတ်သူများအနေဖြင့် မိမိ၏ ကုန်ကျစရိတ်ဖြင့် ကွာရန်တင်း ၈ ရက် နေထိုင်ရန်လိုအပ်ပါသေးသည်။  သို့သော်လည်း ဘာလီကျွန်းပေါ်သို့ နိုင်ငံတကာလေကြောင်း လိုင်းများ ဝင်ရောက်နိုင်မှုမှာ ပြတ်လပ်နေပါသည်/အားမကောင်းလှပေ။ 

အရှေ့တောင်အာရှတွင် စီးပွားရေးအရ အင်အားအကြီးဆုံးနိင်ငံဖြစ်သည့် အင်ဒိုနီးရှားနိုင့်သည် ယခုနှစ် ဒုတိယ သုံးလပတ်တွင် ဆယ်စုနှစ် နှစ်ခုကျော်အတွင်း ၎င်း၏ ပထမဆုံး စီးပွားပျက်ကပ်မှ လွတ်မြောက်ခဲ့သော်လည်း ၎င်း၏ ပြန်လည်ထူထောင်ရေး အရှိန်အဟုန်သည် Covid-19 တကျော့ပြန်ကူ းစက်မှုနှင့် လူမှုရေးဆိုင်ရာ ကန့်သတ်ချက်များအပေါ် မူတည်နေပါသေးသည်။ 

အင်ဒိုနီးရှားနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ တနင်္ဂနွေနေ့အထိ Covid – 19 အသစ်ဖြစ်ပေါ် ကူးစက်မှုများမှာ ၆၃၂ ဦးအထိရှိပြီး ကူးစက်ရောဂါကြောင့်  သေဆုံးမှုမှာ ၄၂၄၀,၀၁၉ အထိရှိသည်ဟု သိရသည်။ 

ထို့အပြင် အင်ဒိုနီးရှားလူဦးရေ၏ ၂၄ ရာခိုင်နှုန်းသည် ကာကွယ်ဆေးထိုးနှံမှု အကြိမ်အရေအတွက် အပြည့်အဝ လက်ခံရရှိထားပြီဖြစ်ပါသည်။ 

ဘာသာပြန် – အောင်မျိုးမြတ်

Ref: The Straits Times

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.