ရန်ကုန်၊ အောက်တိုဘာ ၂၃

ဖေဖော်ဝါရီလ အာဏာသိမ်းမှုဖြစ်ပေါ်ချိန်ကတည်းက အဆိုးရွားဆုံးအဖြစ်အပျက်များနှင့် ရင်ဆိုင်နေရသည့် အ‌ရှေ့တောင်အာရှ နိုင်ငံတစ်နိုင်ငံဖြစ်သော မြန်မာနိုင်ငံသည် ၎င်း၏မြောက်ပိုင်းအတွင်း အာဏာသိမ်းစစ်ကောင်စီမှ အင်အားဖြည့်တင်းမှုများပြုလုပ်လာသောကြောင့် ပိုမိုကျယ်ပြန့်လာသည့် လူ့အခွင့်အရေး ချိုးဖောက်မှု ဖြစ်စဥ်များကို စိုးရိမ်ကြောင်းဟု အောက်တိုဘာ ၂၂ ရက်နေ့တွင် ကုလသမဂ္ဂမှ ပြောကြားခဲ့သည်။ 

“ပိုမိုကျယ်ပြန်ကြီးမားတဲ့ အကြမ်းဖက်မှုများကို ရင်ဆိုင်ရနိုင်သောကြောင့် အဲ့ဒီဒေသမှာ ရှိနေတဲ့ မြန်မာနိုင်ငံသားတွေ ပြင်ဆင်နေကြသလို ကျွန်ုပ်တို့ အားလုံးလည်း အလားတူပြင်ဆင်ဖို့ လိုပါလိမ့်မယ်” ဟု မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ် Tom Andrews က ပြောကြားခဲ့သည်။ 

ဒေသတွင်းစောင့်ကြည့်လေ့လာရေးအဖွဲ့များ၏ ထုတ်ပြန်ချက်အရ အာဏာသိမ်းမှုအတောအတွင်း နိုင်ငံလုံးဆိုင်ရာ သွေးထွက်သံယို ဖြိုခွင်းရေးဖြစ်စဥ်များအတွင်း အရပ်သား ၁၁၀၀ ကျော်ကျော် သတ်ဖြတ်ခံခဲ့ရသလို မတရားဖမ်းဆီးထိန်းသိမ်းခံရသူ ၈၀၀၀ ကျော်ရှိပြီးဖြစ်သည်။ 

မစ္စတာ Andrews က စစ်တပ်မှ တပ်ဖွဲ့အင်အားနှင့် ပြင်းထန်လက်နက်များကို သောင်းဂဏန်းနှင့်ချီ၍ မြန်မာနိုင်ငံမြောက်ပိုင်းနှင့် အနောက်မြောက်ဘက်ရှိ ပြည်သူတပ်ဖွဲ့များ၏ ခုခံစစ်အားကောင်းသော ဒေသများသို့ ပြောင်းရွှေ့နေရာချထားခဲ့ဟူသော သတင်းကို လက်ခံရရှိထားသည်ဟု ပြောကြားခဲ့သည်။ 

အဆိုပါအခြေအနေမှ လေ့လာတွေ့ရှိချက်အရ အာဏာသိမ်းစစ်အစိုးရသည် လူသားမျိုးနွယ် ပျက်သုဥ်းရေးကို ဦးတည်သည့် အကြမ်းဖက်မှုများနှင့် စစ်ရာဇဝတ်မှုများကို ကျူးလွန်ဖို့ စေ့စပ်လုပ်ဆောင်နေသည်ဟု မှတ်ယူ နိုင်ကြောင်း အဆိုပါပုဂ္ဂိုလ်မှ ပြောကြားခဲ့သည်။ 

“ဤနည်းပရိယာယ်တွေက ၂၀၁၆ နှင့် ၂၀၁၇ ခုနှစ်အတွင်းတွေမှာ ရခိုင်ဒေသ ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှု မတိုင်ခင် စစ်တပ်က‌နေ ပြင်ဆင်ဆောင်ရွက်ခဲ့သလိုပါပဲ၊ အဲ့သည်လို အခြေအနေတွေကို အမှတ်ရစေပါတယ်” ဟု မစ္စတာအန်ဒရူးမှ ပြောကြားခဲ့သည်။ 

စစ်တပ်၏ လုံခြုံရေးတပ်ဖွဲ့များက ချေမှုန်းရေးများပြီးနောက်  ရိုဟင်ဂျာလူမျိုးပေါင်း ၇၄၀,၀၀၀ ခန့်သည် မြန်မာနိုင်ငံ၏ ရခိုင်ပြည်နယ်မှ စွန့်ပြေးထွက်ခွာခဲ့ရပြီး ၎င်းအခြေအနေသည် လူမျိုးတုံးသတ်ဖြတ်မှု မြောက်သည် ဟူ၍လည်း ကုလသမဂ္ဂ မှ ပြောကြားခဲ့ဖူးသည်။ 

မစ္စတာ Andrews က ယခုသီတင်းပတ်အ‌စောပိုင်းအတွင်းက နိုင်ကျဥ်းများကို ပြန်လည်လွှတ်ပေးသည့် ဖြစ်စဥ်ကို အထောက်အထားပြုလျှက် ဖိအားများသည် အလုပ်ဖြစ်ကြောင်း၊ နိုင်ငံများအနေဖြင့် မြန်မာစစ်တပ်မှ လိုလားနေသည့် ငွေကြေး၊ လက်နက်နှင့် တရားဝင်ဖြစ်မှုကို ငြင်းဆန်ကြဖို့ တိုက်တွန်းခဲ့ပါသည်။ 

မြန်မာ့အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် မတရားဖမ်းဆီး ခံထားရသော လူဦးရေ ၅၀၀၀ ကျော်အား ပြီးခဲ့သော တနင်္လာနေ့တွင် လွတ်ပေးခဲ့သည်။ 

အာဆီယံမှ အာဏာသိမ်းစစ်ခေါင်းဆောင်အတွက် လာမည့်ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခွင့်ကို ငြင်းဆန်လိုက်ပြီးနောက် ထိုကဲ့သို့ နိုင်ကျဥ်းများပြန်လည်လွှတ်ပေးခြင်းကို စကစဘက်မှ ဆောက်ရွက်ခဲ့ခြင်း ဖြစ်သည်။ 

မစ္စတာ Andrews က စကစထိန်းချုပ်ထားသောတပ်ဖွဲ့များသည်လူ ဦး ရေလေးသန်းခွဲကိုအိုးမဲ့အိမ်မဲ့ဖြစ်စေခဲ့သည်ဟု ပြောကြားခဲ့သည်။ အထိန်းသိမ်းခံခဲ့ရသူ အများအပြားသည် နှိပ်စက်ညှဉ်းပန်းခံခဲ့ရပြီး ရလဒ်ကြောင့် သေဆုံးခဲ့ရသူ ဒါဇင်များစွာ အပါအဝင်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။

ထို့အပြင် ကလေးများလည်း ညှဉ်းပန်းနှိပ်စက်ခံရကြောင်း ခိုင်လုံသော အစီရင်ခံစာများ ရရှိထားကြောင်း ၎င်းက ဆက်လက်ပြောသည်။

အောင်မျိုးမြတ် 

Ref: The Straits Times

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.