ဘန်ကောက်၊ အောက်တိုဘာ ၂၂

ဘန်ကောက်အပါအဝင် ထိုင်းနိုင်ငံ၏ ခရိုင်/ဒေသန္တရ ၁၇ ခုကို အောက်တိုဘာလ ၃၁ ရက်နေ့မှ စ၍ ကာဖြူးလ်အမိန့် ကို ရုတ်သိမ်းရန်အတွက် ထိုင်းဝန်ကြီးချုပ်မှ ညွှန်ကြားထားခဲ့ပြီး ၎င်းသည် နိုဝင်ဘာလ ၁ ရက်နေ့၌  ကာကွယ်ဆေး အပြည့်အဝထိုးနှံထားသော နိုင်ငံတကာခရီးသည်များကို  ပြန်လည်ဖွင့်လှစ်မည့် အစီအစဥ်အတွက်  အထောက်အပံ့ပြု စေရန်အတွက် ဖြစ်သည်။   

ဗိုလ်ချုပ်ကြီး ပရရွတ်ချန်အိုချာ လက်မှတ်ထိုးထုတ်ပြန်ထားသော ထိုအမိန့်စာကို တော်ဝင်ဂေးဇက်တွင် ကြာသပတေးညနှောင်းပိုင်းအတွင်း ပုံနှိပ်ထုတ်ပြန်ထားခဲ့သည်။

ထိုအမိန့်ညွှန်ကြားစာတွင် ကိုဗစ် ၁၉ ကူးစက်မှုဖြစ်ရပ်အသစ်များကလည်း တည်ငြိမ်နှုန်းထားအတိုင်း ရှိလာသလို ရောဂါကူးစက်ခံရသူများကိုလည်း ပြန်လည်သက်သာ‌ရေးအတွက် အလျင်အမြန် လုပ်ဆောင်လာနိုင်သောကြောင့် နိုင်ငံအတွင်းတွင် ရောဂါအခြေအနေသည် တိုးတက်လာခဲ့ပြီးဖြစ်ကြောင်း၊ နိုင်ငံ့စီးပွား‌ရေးကို ပြန်လည်မြှင့်တင်ဖို့ အတွက်လည်း ဆောင်ရွက်ရန် လိုအပ်ကြောင်းဟူ၍ ပါရှိသည်။ 

အောက်တိုဘာလ ၃၁ ရက်နေ့၌  “Sandbox” အစီအစဥ်သတ်မှတ်ထားရှိသော ဒေသန္တရ/ခရိုင်များအတွင်း ကာဖျူး အမိန့်ကို ည ၁၁ နာရီအထိ အများဆုံးအဖြစ်သတ်မှတ်ပြီး တင်းကျပ်ထိန်းချုပ်ဇုံအဖြစ် ကြေငြာထားသော်လည်း ခရီးသွားကဏ္ဍသည် အရေးပါသောကြောင့် ပြန်လည်ဖွင့်လှစ်ပေးရန်အတွက် သတ်မှတ်ထားခဲ့ပြီးဖြစ်သည်။ 

ထို့အပြင် အခြားသော ကန့်သတ်ထိန်းချုပ်သည့် ခရိုင်များအတွင်းတွင်လည်း အောက်တိုဘာ ၁၆ ရက်နေ့မှ စတင်၍ ကာဖျူးအမိန့်ကို ည ၁၁ နာရီမှ မနက် ၃ နာရီအထိထုတ်ပြန်ထားခဲ့သည်။ 

ထုတ်ပြန်ထားသော ကာဖျူးအမိန့်ကို ရုတ်သိမ်းမည့် ခရိုင်/ဒေသန္တရ ၁၇ ခုမှာ 

– ဘန်ကောက်ခရိုင်/ဒေသန္တရ

– ကရာဘီခရိုင်/ဒေသန္တရ

– ချွန်ဘူရီခရိုင်/ဒေသန္တရ (ဘန်လမ်အွန်၊ ပတ္တယား၊ ဆီရာချ၊ ခွန်ဆီချိုင် နှင့် ဆစ်တဟစ်ပ်ခရိုင်အောက်ရှိ နာဂျွန်တီရန် ခရိုင်ခွဲ စသည့် နေရာများသာ)

– ချင်းမိုင်ခရိုင်/ဒေသန္တရ (သက်ဆိုင်ရာ ခရိုင်/ဒေသန္တရ၏ မြို့တော် Doi Tao၊ မဲ့ရိမ်နှင့် မဲ့ထရန် ခရိုင်များ) 

– ထရတ်ခရိုင်/ဒေသန္တရ (ခွန်ချန် အတွင်းသာ) 

– ဘူရီရမ်ခရိုင်/ဒေသန္တရ (သက်ဆိုင်ရာ ခရိုင်/ဒေသန္တရ၏ မြို့တော်) 

– ဖရာချူအပ် ခီရီ ခန်ခရိုင်/ဒေသန္တရ (ဟွာဟင်နှင့် နွန်ခဲ ခရိုင်ခွဲများအတွင်းသာ) 

– ဖန်ငါ့ခရိုင်/ဒေသန္တရ

– ပတ်ချ်ချဘူရီခရိုင်/ဒေသန္တရ (ချန်အမ် မြူနီစပယ်ရိယာအတွင်း) 

– ဖူးခက်ခရိုင်/ဒေသန္တရ

– ရနောင်းခရိုင်/ဒေသန္တရ (ကော့ဖယမ်အတွင်းသာ) 

– ရယောင်ခရိုင်/ဒေသန္တရ (ကောစမတ်အတွင်းသာ) 

– လွိုင်(အီ)ခရိုင်/ဒေသန္တရ (ချီရန်ခန် ခရိုင်အတွင်းသာ) 

– ဆမွတ်ပရာကန်ခရိုင်/ဒေသန္တရ (သုဝဏ္ဏဘူမိလေဆိပ်ဧရိယာအတွင်းသာ) 

– ဆူရတ်ဌာနီခရိုင်/ဒေသန္တရ (ကော့စမွေ့၊ ကော့ဖန်ဂန်နှင့် ကော့တောင်အတွင်းသာ) 

– နွံခိုင်ခရိုင်/ဒေသန္တရ (သက်ဆိုင်ရာ ခရိုင်/ဒေသန္တရ၏ မြို့တော်၊ ဆန်ခွမ်၊ ဆီရီချင်းမိုင်းနှင့် ထဘို ခရိုင်များအတွင်းသာ) 

– အူဒွန်ဌာနီခရိုင်/ဒေသန္တရ (သက်ဆိုင်ရာ ခရိုင်/ဒေသန္တရ၏ မြို့တော်၊ ဘန်ဒူအန်၊ ခမ်ဖဝါပီ၊ နာယွန်း၊ နွန်ဟန်နှင့် ဖရာချက် ဆီလာပါခွန် ခရိုင်များအတွင်း) 

ခရီးသွားဧည့်သည်များအတွက် ပြန်လည်ဖွင့်လှစ်ထားသည့် ဇုံများအတွင်း လူစုလူဝေး ပြုလုပ်ခြင်းကို လူဦးရေ ၅၀၀ အထိ ခွင့်ပြုမည်ဖြစ်သည်။ 

အဆိုပါ ကာဖျူးအမိန့်ရုတ်သိမ်းသော ခရိုင်/ဒေသန္တရများအတွင်း ဘီယာဆိုင်များ၊ ဘားများနှင့် ကာရာအိုကေ ဆိုင်များစသည့် ဖျော်ဖြေရေးကို ပရဝုဏ်များကို ပိတ်ထားရဦးမည်ဖြစ်သော်လည်း များမကြာမီ ပြန်လည်ဖွင့်လှစ်မည့် အခြေအနေအတွက် ကြိုတင်ပြင်ဆင်ခြင်းများကို သက်ဆိုင်ရာ လုပ်ငန်းရှင်များက စတင် လုပ်ဆောင်ထားနိုင်ပါသည်။ 

ဘာသာပြန် – အောင်မျိုးမြတ်

Ref: Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.