ဝါရှင်တန်၊ အောက်တိုဘာ ၂၁

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရမ်က သူပိုင်ဆိုင်တဲ့ Truth Social ဆိုတဲ့ လူမှုကွန်ရက်ကို မိတ်ဆက်ဖို့ ကြေငြာလိုက်ပါတယ်။

ထရမ်မီဒီယာနှင့် နည်းပညာအုပ်စုက ဖန်တီးထားတဲ့ Truth Social ကို လာမည့်လမှာ မိတ်ဆက်ဖို့ ပြင်ဆင်နေပြီး Apple Store မှာ Preorder တင်ထားလို့ရမယ်လို့ ကြေငြာထားပါတယ်။

အဆိုပါလူမှုကွန်ရက်မှာ Deal or no deal, America’s Got Talent အစီအစဉ်ထုတ်လုပ်ရေးကို ဦးဆောင်ခဲ့သူ စကော့ဂျွန်စီစဉ်တဲ့ Non Woke ဖျော်ဖြေရေးအစီအစဉ်တွေလည်း ပါဝင်မှာဖြစ်ပါတယ်။

နည်းပညာကို အခြေပြုပြီး လူတွေကိုပြန်လည်လွှမ်းမိုးဖို့ ဒီလူမှုကွန်ရက်ကို ဖန်တီးတာပါလို့ ပြောပါတယ်။

‘တာလီဘန်တွေက တွစ်တာကို အကြီးအကျယ်သုံးနေနိုင်တဲ့ ကမ္ဘာမှာ ကျွန်ုပ်တို့နေနေရတယ်၊ သင်တို့ရဲ့ အနှစ်သက်ဆုံး အမေရိကန် သမ္မတကို ဘာမှ မပြောနိုင်အောင် လုပ်နေကြပြီ’လို့ မစ္စတာ ထရမ့်က ဆိုပါတယ်။

အမေရိကန်ကွန်ဂရက်တိုက်ခိုက်ခံရမှုနှင့်ပတ်သက်ပြီး ဒေါ်နယ်ထရမ့်ကို ဖေ့ဘွတ်၊ တွစ်တာနဲ့ အင်စတာဂရမ်တို့က ပိတ်ပင်တားဆီးခဲ့တာဖြစ်ပါတယ်။

တွစ်တာကတော့ ပရိတ်သတ် ၈၈ သန်းရှိတဲ့ ဒေါ်နယ်ထရမ်ရဲ့ အကောင့်ကို အမြဲတမ်းပိတ်သိမ်းပြီး ပဋိပက္ခလျှော့ချဖို့ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ ဖေ့ဘွတ်လည်း သူ့အကောင့်ကို ပိတ်သိမ်းခဲ့တာ ၂ နှစ်ခန့်ရှိပြီဖြစ်ပါတယ်။

ဒေါ်နယ်ထရမ့်အနေနဲ့တော့ လာမယ့် ၂၀၂၄ ခုနှစ် သမ္မတရွေးကောက်ပွဲကို ဝင်ပြိုင်ဖို့ တွေးနေတာရှိပြီး သူ့ရဲ့ နိုင်ငံရေးအနာဂတ်လမ်းအတွက်တော့ ကြေငြာထားတာမရှိသေးပါဘူး။

Ref: Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.