ရန်ကုန်၊ အောက်တိုဘာ ၂၀

ဖေဖော်ဝါရီလ အာဏာသိမ်းမှုနှင့်အတူ နိုင်ငံအာဏာကို ရယူထားသည့် စစ်ခေါင်းဆောင်သည် နိုင်ငံနယ်စပ် တလျှောက်ရှိ ခုခံအင်အားကို ဖယ်ရှားနိုင်ရန်အတွက် စစ်ဆေးရေးများတိုးမြှင့်လုပ်ဆောင်လာသောကြောင့် 

မြန်မာနိုင်ငံရှိ လယ်သမားများနှင့် ကလေးငယ်များအပါအဝင် ယင်းတို့၏ မိသားစုဝင်များသည် အိန္ဒိယနိုင်ငံသို့ ထွက်ပြေးနေကြရသည်။ 

တပ်မတော်ဟု လူသိများသော မြန်မာစစ်တပ်သည် ထောင်နှင့်ချီသည့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) တပ်ဖွဲ့ဝင်များ၏ တည်ရှိရာနေရာများသို့ အဓိကထား၍ စစ်ဆင်ရေးများကို ဆောင်ရွက်ခဲ့ကြသည်။ မြန်မာ စစ်တပ်မှ စစ်သားများသည် ရောကဒ်လောင်ချာများအသုံးပြုကာ ဒေသခံနေထိုင်သူများ၏ နေအိမ်သို့ ပစ်ခတ်ခဲ့ ကြသလို အိမ်များကိုလည်း မီးရှို့ခဲ့ကြသည်။ ထို့အပြင် အင်တာနက်နှင့် အစာရေစာများကို ဖြတ်တောက်ခဲ့သည့် အပြင် ထွက်ပြေးတိမ်းရှောင်သော အရပ်သားများကိုပင် ပစ်သတ်ခဲ့ကြသည်ဟု ဒေသခံများ၏ ပြောကြားချက် အရ သိရသည်။ 

အကူအညီပေးရေးအဖွဲ့များက ဒုက္ခသည်များအတွက် ပြင်ဆင်နေကြသည်ဟု ဆိုသော်လည်း ထိုင်းနိုင်ငံ ကဲ့သို့သော မြန်မာနိုင်ငံအိမ်နီချင်းများနိုင်ငံများမှ ၎င်းတို့ကိုပြန်တွန်းပို့နိုင်မည်ကိုစိုးရိမ်နေကြသည်။

မြန်မာနိုင်ငံ အနောက်မြောက်ဘက်တွင်ရှိသော ချင်းပြည်နယ်အတွင်း လူဦးရေ ၁၂၀၀၀ ကျော်သည် လွန်ခဲ့သော လကတည်း ကပင် မြို့လုံးကျွတ်ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။ ဒေသခံများ၏ ပြောကြားချက်အရ ယခုသီတင်းပတ်များ အတွင်း မြန်မာစစ်တပ်မှ ကြီးမားသော အင်အားဖြည့်တင်းမှုများပြုလုပ်ကာ တပ်မတော် အနေဖြင့် ပိုမိုကျယ်ပြန့် သော ချေမှုန်းစစ်ဆင်ရေးကို လုပ်ဆောင်လာနိုင်ချေရှိကြောင်းကို အချက်ပြနေပြီး လူပေါင်းမြောက်များစွာသည် လည်း အပူတပြင်းထွက်ပြေးနေကြရသည်ဟု ပါရှိသည်။

စက်တင်ဘာလ ၁၈ ရက်နေ့တွင် စစ်သားများက သူ၏ နေအိမ်ကို ရောကဒ်အသုံးပြုကာ ပစ်ခတ်ရာမှတဆင့် မီးလောင်ခဲ့ရသောကြောင့် ရွေးချယ်စရာမရှိပဲ ထန်တလန်မြို့ကို စွန့်ခွာဖို့ ဆုံးဖြတ်ခဲ့ရသည်ဟု ဒေသခံဖြစ်သူ မစ္စတာ Ral That Chung က ပြောကြားခဲ့သည်။ 

အာဏာသိမ်းမှု ၈ လအတွင်းတွင် မြန်မာနိုင်ငံရှိ လူဦးရေ ၁၅၀၀၀ ခန့်သည် အိန္ဒိယနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင် နေကြရသည်ဟု UNHCR ၏ အချက်အလက်များအရ သိရသည်။ လက်ရှိ ပဋိပက္ခများဖြစ်ပေါ်ပြီးသည့်နောက် လူဦးရေ ၅၀၀၀ ခန့်သည် မြန်မာနိုင်ငံမှ အိန္ဒိယနိုင်ငံသို့ အောင်မြင်စွာရောက်ရှိသွားပြီးဖြစ်ကြောင်း UNHCR မှ ခြေရာခံသိရှိရသည်။ 

ဒုက္ခသည်များသည် အိန္ဒိယနိုင်ငံသို့ရောက်ရှိရန် တောတောင်များအတွင်း ရက်ပေါင်းအချို့ အိပ်စက်ခဲ့ရပြီး အချို့ သော သူများသည် အစာရေဆာပြတ်လပ်ခြင်းများနှင့် ကြုံတွေ့ခဲ့ရသည်။ မြန်မာနှင့် အိန္ဒိယနယ်ခြားမျဥ်းဖြစ်သည့် Tiau မြစ်သို့ ရောက်ရှိသောအခါ ဒုက္ခသည်များသည် ဝါးဖြင့်ပြုလုပ်သော ဖောင်သို့မဟုတ် လှေငယ်များအသုံးပြု၍ ဘေးကင်းရာသို့ရောက်ရှိရန် ခရီးဆက်ခဲ့ကြရသည်။ 

ရမ်ထလိုကျေးရွာတွင်နေထိုင်သော မစ္စတာ Crosby Cung က ၎င်းကျေးရွာရှိ လူဦးရေ ၁၀၀၀ သည် နေအိမ်များမှ ထွက်ခွာရန်အတွက် ပြင်ဆင်ခဲ့ကြသည်ဟုပြောကြားခဲ့သည်။ အဆိုပါပုဂ္ဂိုလ်၏ ပြောကြားချက်အရ အိန္ဒိယနယ်စပ်ကို ဖြတ်ကျော်နိုင်သည့် အခြေအနေထိ စောင့်ဆိုင်းရန်အတွက်  တောအတွင်းတွင်လူဦးရေ ၅၀၀ ခန့်လောက် ပုန်းအောင်နိုင်သော နေရာ နှစ်ခုမှ သုံးခုအထိ ရွေးချယ်ခဲ့ကြရသည်ဟု ပါရှိသည်။ လွန်ခဲ့သော သီတင်းပတ်တွင် စစ်သားများသည် ၎င်းနှင့် အိမ်နီးချင်းကျေးရွာများကို မီးတင်ရှို့ခဲ့ကြသည်ဟုလည်း မစ္စတာ Crosby Cung က ပြောကြားခဲ့ပါသေးသည်။ 

ချင်းပြည်နယ်တွင်တိုက်ပွဲများသည် သြဂုတ်လတွင်စတင်ခဲ့ပြီးစစ်သား ၁၅၀ သည်မြို့ထဲသို့ရောက်ရှိလာပြီး လက်နက်ကြီးကျည်များဖြင့်ပစ်ခတ်ခဲ့ရာလူထိခိုက်ဒဏ်ရာရခဲ့ကြပြီး လူနေအိမ်များ ပျက်စီးခဲ့ရသည်။ စက်တင်ဘာ ၆ ရက်တွင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ချင်းလက်ရုံးဖြစ်သော Chinland Defense Force သည်စစ်သား ၁၅ ဦး ကို သုတ်သင်နိုင်ခဲ့သည်ဟု ဆိုသည်။ 

ချင်းပြည်နယ်သည် ချင်းအမျိုးသားတပ်ဦး (CNF) ၏ တည်နေရာဖြစ်ပြီး ၎င်းတိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းသည် အဖယ်ရှားခံရသည့် ရွေးကောက်ခံများဖြင့် ဖွဲ့စည်းထားသော အမျိုးသားညီညွတ်ရေးအစိုးရကို ပထမဦးဆုံး အားပေးထောက်ခံသော အစုအဖွဲ့ဖြစ်သောကြောင့် စစ်ခေါင်းဆောင်အနေဖြင့် ချင်းပြည်နယ် အတွင်း စစ်ရေးများကို ဦးတည်လုပ်ဆောင်နေခြင်းဖြစ်သည်။ ထို့အပြင် CNF အနေဖြင့် စစ်တပ်ကို လက်နက်ကိုင်နည်းလမ်းဖြင့် ဆန့်ကျင်ကြမည့် ထောင်ပေါင်းများ စွာသော စစ်အာဏာသိမ်းဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်သူများကို သင်တန်းပို့ချဲပေးခဲ့သည်။

အောင်မျိုးမြတ်

Ref: The Straits Times

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.