ဘန်ကောက်၊ အောက်တိုဘာ ၁၉

ထိုင်းနိုင်ငံအတွင်း အွန်လိုင်းစနစ်ဖြင့် ခွင့်ပြုချက်မဲ့ငွေကြေး လွှဲပြောင်း/အရောင်း အဝယ်ဆိုင်ရာ ကိစ္စရပ်များကြောင့် လူပေါင်း ၄၀,၀၀၀ ကျော်သည် အနည်းဆုံး ဘတ် ၁၀ မီလီယမ်ကို ဆုံးရှုံးခဲ့ရပြီးဖြစ်သည်ဟု ပြောဆိုချက်များထွက်ပေါ်လာပြီးနောက် ထိုင်းရဲတပ်ဖွဲ့အနေဖြင့် ယင်းနှင့်ဆက်စပ်သည့် စုံစမ်းစစ်ဆေးခြင်းလုပ်ငန်းများကို အရှိန်ဟုန်မြှင့် ဆောင်ရွက်လာနေပါသည်။

ဆိုင်ဘာပြစ်မှုစုံစမ်းစစ်ဆေးရေးဗျူရို၏ အရာရှိဖြစ်သူ ရဲဘက်ဒုတိယဗိုလ်ချုပ်ကြီး Kornchai Klaiklung က ဖြေရှင်းနိုင်မည့် နည်းလမ်းတစ်ခုကို ရှာဖွေနိုင်ရန်အတွက် ရဲတပ်ဖွဲ့အနေဖြင့် ထိုင်းဗဟိုဘဏ်၊ ဘဏ်လုပ်ငန်းရှင်များအသင်းတို့နှင့် ဆွေးနွေးမှု များကို ပြုလုပ်နေသည်ဟု ပြောကြားခဲ့သည်။

“ရှေ့ပြေးစစ်ဆေးချက်တွေအရ အဲ့သည်လို ငွေကြေးလွှဲပြောင်းမှုတွေကြောင့် လူပေါင်း ၄၀,၀၀၀ ကျော်ခန့်က သူတို့ရဲ့ ငွေကြေးတွေကို ဆုံးရှုံးရပြီးဖြစ်ပါတယ်” ဟု အဆိုပါပုဂ္ဂိုလ်က ပြောကြားခဲ့သည်။

ပြစ်မှုကျူးလွန်သူများသည် ယေဘုယျအားဖြင့် ငွေပမာဏအနည်းငယ်ကို အကြိမ် ကြိမ်ဖြတ်တောက်နေသည့်အတွက်ကြောင့် လူအများစုသည် ယင်းတို့၏ ငွေများ ဆုံးရှုံးနေရသည်ကို သတိထားမထားနိုင်ခဲ့ခြင်းဖြစ်သည်ဟု ဒုတိယ ဗိုလ်ချုပ်ကြီး Kornchai က ပြောကြားခဲ့သည်။

ပြစ်မှုကျူးလွန်သူများသည် စားသုံးသူများ၏ ဘဏ်အချက်အလက်များကို စီမံခန့်ခွဲပြီး ငွေများကို ထုတ်ယူနိုင်ရန် အွန်လိုင်းစတိုးများနှင့် ဝက်ဘ်ဆိုဒ်များအသွင်ဖြင့် တည်ရှိနေကြသည် အဆိုပါပုဂ္ဂိုလ်မှ ပြောကြားခဲ့သည်။

နည်းလမ်းမြောက်များစွာ အသုံးပြု၍ ကျူးလွန်သော ထိုပြစ်မှုများအတွက် တာဝန်ခံရ မည့် ဂိုဏ်းပေါင်းမြောက် များစွာကို ရဲတပ်ဖွဲ့အနေဖြင့် သံသယရှိကြောင်းဟူ၍လည်း ပြောကြားခဲ့သည်။

အဆိုပါဂိုဏ်းများသည် လျှော့ဈေးနှင့် အခြားခံစားခွင့်များ လဲလှယ်ရန်အတွက်ဟု ဆိုကာ ဝယ်ယူများ၏ အချက်အလက်ကို ရယူနိုင်ရန် စာတိုပေးပို့၍ ဖြည့်သွင်းရန် အသိကြကြောင်း၊ လူအများအနေဖြင့်လည်း ထိုကဲ့သို့ အမည်မသိ ပေးပို့သူမှ လာသော လင့်ခ်မှတဆင့် အွန်လိုင်းဖောင်များတွင် အချက်အလက်များကို မဖြည့်သွင်းကြရန် အဆိုပါအရာရှိမင်းမှ သတိပေးထားခဲ့သည်။

ထို့အပြင် အချို့သော တောင်းခံမှုများနှင့် ငွေကြေးဖြတ်တောက်မှုများကို အွန်လိုင်းစတိုး၏ အလုပ်သမားများ ကိုယ်တိုင် ဝယ်ယူသူများမှ ငွေကြေးလွှဲပြောင်း မှုများပြုလုပ်သောအခါ ကဒ်အချက်လက်များကို ခိုးယူထားရာက တင်ဆင့် ကျူးလွန်လေ့ရှိသည်ဟု အဆိုပါပုဂ္ဂိုလ်ကပြောကြားခဲ့သည်။

အွန်လိုင်းဂိမ်းပလက်ဖောင်းများမှလည်း ငွေကြေးတောင်းခံမှုများကို ပြုလုပ်လေ့ ရှိကြောင်း၊ ထို့အပြင် အဆိုပါကိစ္စရပ်များနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများပြုလုပ်နိုင်ရန်မှာ နိုင်ငံပြင်ပတွင် စာရင်းသွင်းမှတ်ပုံတင်ထားသော အက်ပလီကေးရှင်းများထက် ထိုင်းနိုင်ငံအခြေစိုက် အက်ပလီကေးရှင်းများကိုသာ စစ်ဆေးရန်လွယ်ကူကြောင်းဟု ဒုတိယဗိုလ်ချုပ်ကြီးမှ ပြောကြားခဲ့သည်။

ထိုကဲ့သို့သော ငွေကြေးခဝါချမှုကို တားဆီးဖို့ နည်းလမ်းရှာဖွေနိုင်ရန် ရဲတပ်ဖွဲ့သည် ထိုင်းဗဟိုဘဏ်နှင့် အွန်လိုင်းရောင်းဝယ်ရေး သမားများနှင့်အတူ ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်သွားမည်ဖြစ်သည်။

ထိုင်းအစိုးရပြောရေးဆိုခွင့်ရှိသူ မစ္စတာ Thanakorn က ဝန်ကြီးချုပ် Prayut သည်လည်း အဆိုပါကိစ္စရပ်ကို အဆုံးသတ်နိုင်ရန် အလျင်အမြန်ဆောင်ရွက်မှုများကို ပြုလုပ်ဖို့ အေဂျင်စီအားလုံးကို ညွှန်ကြားထားခဲ့ပြီး ဖြစ်သည်ဟု ပြောကြားခဲ့သည်။

လွန်ခဲ့သော တနင်္ဂနွေနေ့က ထိုင်းဗဟိုဘဏ်နှင့် ဘဏ်လုပ်ငန်းရှင်များ၏ ပူးတွဲထုတ်ပြန်ချက်တွင်ဘဏ်များသည် ခွင့်ပြုချက်မဲ့ငွေထုတ်ယူခြင်းများအတွက် တာဝန်ယူ/တာဝန်ခံဖို့လက်ခံဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့သည်။

ငွေကြေးဖြတ်တောက်ခံရသူများအနေဖြင့် ရဲစခန်း၌ တိုင်တန်းချက်မဖွင့််မီ ခွင့်ပြုချက် မဲ့ငွေသားထုတ်ယူမှုကို သံသယရှိသည့်နှင့် တစ်ပြိုင်နက် ဘဏ်များသို့ သွားရောက်၍ဘဏ်အကောင့်ခေတ္တသုံးစွဲခွင့် ရပ်ဆိုင်းဖို့နှင့် ငွေလက်ကျန်များကို စစ်ဆေးဖို့ မေးမြန်း သင့်ကြောင်းဟု ထိုင်းရဲတပ်ဖွဲ့ ဒုတိယပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

အီလက်ထရောနစ်ငွေကြေးကဒ်များကို အလွဲသုံးစားခြင်းများကို ကျူးလွန်သူသည် ရာဇဝတ်ကျင့်ထုံးဥပဒေအရ ၅ နှစ်ထက်မပိုသော ထောင်ဒဏ် နှင့် ဘတ်တစ်သောင်းထက်မပိုသော ဒဏ်ကြေးပေးဆောင်ရမည်ဟု အဆိုပါ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

ဆိုက်ဘာလုံခြုံရေးကျွမ်းကျင်ပညာရှင် Paiboon Amornpinyokiat က ဘဏ်များ၏ အသိပေးစနစ် ကျရှုံးခြင်း ကသာ အဆိုပါခွင့်ပြုချက်မဲ့ ငွေသားထုတ် ယူမှုများကို ဖြစ်ပေါ်စေသည်ဟု ပြောကြားခဲ့သည်။

ထိခိုက်ခံရသူများအနေဖြင့် သူတို့၏ အချက်အလက်များကို စိတ်လိုလက်ရ ဖြည့်သွင်းပေးကြခြင်းသည်ဒစ်ဂျစ်တယ် အတတ်ပညာကို ကောင်းစွာနားလည်မှု မရှိခြင်းကြောင့်ဖြစ်နိုင်သလို အေဂျင်စီများည် ထိုငွေသားထုတ်ယူမှုများက ဘဏ်များ၏ အမှားဖြစ်နိုင်ခြင်းရှိမရှိကိုလည်း စုံစမ်းစစ်ဆေးသင့်ကြောင်း အဆိုပါကျွမ်းကျင်ပညာရှင်က ပြောကြားခဲ့သည်။

ဘာသာပြန် – အောင်မျိုးမြတ်

Ref: Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.