ရန်ကုန်၊ အောက်တိုဘာ ၁၈

လာမည့်နှစ်အစောပိုင်းတွင် နိုင်ငံခြားသားများအတွက် ခရီးသွားကဏ္ဍ ပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် လုပ်ငန်းစဥ်များကို အပြီးသတ်ဆောင်ရွက်နေပြီး ရှေ့ပြေးအနေဖြင့် အရှေ့တောင်အာရှနိုင်ငံများမှ ဧည့်သည်များကို ဦးတည် သွားမည်ဟု စစ်ကောင်စီရဲ့ ဟိုတယ်နှင့်ခရီးသွားရေးဝန်ကြီး ဦးဌေးအောင်မှ ပြောကြားခဲ့ပါတယ်။

လူဦးရေ ၅၅ သန်းခန့်ရှိသော မြန်မာနိုင်ငံတွင် ကိုဗစ် ၁၉ ကူးစက်မှုဖြစ်ရပ်အသစ် များ လျော့ပါးလာသောကြောင့် ကြိုးပမ်းအားထုတ်မှုတစ်ရပ်အနေဖြင့် ပြည်နယ် အချင်းချင်း ခရီးသွားလာခွင့်ကို ပိတ်ပင်ထားမှုအား ရုတ်သိမ်းထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။

“ကျွန်တော်တို့က ထိုင်းနိုင်ငံနှင့် Travel Bubble အစီအစဥ်အတွက် လိုအပ်သော သဘောတူညီချက်တွေကို ပြင်ဆင်ထားပြီဖြစ်သလို သူတို့ တရားဝင်ဆက်သွယ် လာတဲ့အခါ ကျွန်တော်တို့အနေနဲ့လည်း အဆင်သင့်ဖြစ်အောင် ဆောင်ရွက်မှာပါ”ဟု အဆိုပါပုဂ္ဂိုလ်က တွေ့ဆုံမေးမြန်းမှုတွင် ပြောကြားခဲ့သည်။

“၂၀၂၂ လေးလပတ်မှာ ကမ္ဘောဒီးယား လာအိုနှင့် ဗီယက်နမ်နိုင်ငံများကို ပြန်လည် ဖွင့်လှစ်ပေးသွားမှာပါ” ဟူ၍လည်း ဖြည့်စွက်ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံနှင့် ဆောင်ရွက်လိုသော Travel Bubble သည် ထိုင်းနိုင်ငံသားများ အတွက် ရည်ရွယ်ပြီး ကော့‌သောင်း၊ မြိတ်၊ ထားဝယ်၊ တာချီလိတ်နှင့် ကျိုင်းတုံ စသည့် ခရီးသွားဧည့်သည်များအတွက် ထင်ရှားသော‌ နေရာများသို့ လုံခြုံစိတ်ချမှု ရှိစွာ သွားရောက်လည်ပတ်နိုင်ရန်ဖြစ်သည်။

ဦးဌေးအောင်က ပြန်လည်ဖွင့်လှစ်မည့် ပထမအဖြတ်တွင် နိုင်ငံခြားခရီးသွား ဧည့်သည်ပေါင်း ၃၀၀,၀၀၀ ခန့် လာရောက်မည်ကို မျှော်မှန်းကြောင်း ပြောကြားခဲ့ သည်။

နိုင်ငံအတွင်းရှိ ဟိုတယ်နှင့် ဧည့်ရိပ်သာများ၏ ထက်ဝက်ခန့်က လုပ်ငန်းဆောင် ရွက်မှုကို ဆိုင်းငံ့ထားသော်လည်း တည်းခိုရေးအတွက် အခန်းပေါင်း ၉၀၀,၀၀၀ခန့် ကျန်ရှိနေသေးကြောင်းဟု အဆိုပါပုဂ္ဂိုလ် ပြောကြားခဲ့သည်။

ဥ‌ရောပ၏ ရှေးအကျဆုံး ဟော်တယ်လုပ်ငန်းစုဖြစ်သည့် Kempinski Group က “လက်ရှိအခြေအနေများ”ကြောင့် နိုင်ငံမြို့တော်ဖြစ်သည့် နေပြည်တော်ရှိ ၎င်းတို့၏ ဟော်တယ်လုပ်ငန်း‌ ဆောင်ရွက်မှုများကို ရပ်ဆိုင်းခဲ့ကြောင်း လွန်ခဲ့သော သီတင်း ပတ်တွင် ကြေငြာထားခဲ့သည်။

(စကစ) မှခန့်အပ်ထားသော ‌ဟော်တယ်နှင့် ခရီးသွားဝန်ကြီး ဦးဌေးအောင်က “အလာားအလာတော့ ရှိပါတယ်။ ဒါပေမယ့် ကပ်ဘေးမတိုင်ခင်အတိုင်းအတာတစ်ခု အထိ ပြန်ရောက်ဖို့က နှစ်နဲ့ချီပြီး အချိန်ယူရမှာပါ” ဟုပြောကြားခဲ့သည်။

ဘာသာပြန် – အောင်မျိုးမြတ်

Ref: The Straits Times

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.