မြန်မာစစ်တပ်အာဏာသိမ်းလိုက်တိုင်း စီးပွားရေးကိစ္စများ ပါဝင်ပတ်သက်နေလေ့ရှိသည်။ မြန်မာစစ်ဗိုလ်ချုပ် များသည် စစ်မတိုက်ဘဲစီးပွားရေးလုပ်ကိုင်နေသူများသက်သက်သာဖြစ်ကြသည်။ ထို့ကြောင့်လည်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းလိုက်ခြင်းနောက်ကွယ်တွင် စီးပွားရေးကိစ္စများ ပါဝင်နေသည်။ နိုင်ငံတော် အာဏာကို အကြွင်းမဲ့သိမ်းယူလိုက်သော မင်းအောင်လှိုင်၏ရည်ရွယ်ချက်မှာ သူ နှင့် သူ့မိသားစုလုပ်ကိုင်နေသော စီးပွားလုပ်ငန်းများ ၊ စိစစ်ထားခြင်းမရှိသော စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းများကို ကာကွယ်လိုသောကြောင့်ဖြစ် သည်။

စစ်တပ်အကြီးအကဲတယောက်မဖြစ်လာခင်အချိန်ကဆိုလျှင် မင်းအောင်လှိုင်သည် သူ၏စစ်မှုထမ်းဘဝကို တိတ် ဆိတ်စွာကုန်ဆုံးခဲ့သူတယောက်ဖြစ်သည်။ သူ၏စစ်မှုထမ်းကာလများကိုပြန်ကြည့်မည်ဆိုလျှင်လည်း တိတ်ဆိတ် သူတယောက်အဖြစ်လူသိများခဲ့ပြီး ရာထူးအဆင့်ဆင့် တိုးမြှင့်ခန့်အပ်ခြင်းခံခဲ့ရသည်။ လူသိရှင်ကြား နိုင်ငံတော် အာဏာသိမ်းယူခဲ့သည့် ဖေဖော်ဝါရီ ၁ ရက်နေ့သည် သူပင်စင်ယူရတော့မည့် ၅ လအလိုတွင်ဖြစ်သည်။

သတင်းရင်းမြစ်များ၏ဖော်ပြချက်အရဆိုလျှင် မင်းအောင်လှိုင်အာဏာသိမ်းရခြင်း၏ အခြားရည်မှန်းချက်တခုက သူ နှင့် သူ့မိသားစုဝင်များ၏စီးပွားရေးအကျိုးအမြတ်များ နှင့် အခြားစစ်ဘက်ဆိုင်ရာခေါင်းဆောင်များ၏ စီးပွား ရေးအကျိုးအမြတ်များအား စုံစမ်းစစ်ဆေးခြင်းမှ ကာကွယ်ရန်အတွက်လည်းပါဝင်သည်ဟု သိရသည်။ Justice for Myanmar အဖွဲ့၏ အစီရင်ခံစာမှာတော့ “ အာဏာသိမ်းမှုရည်ရွယ်ချက်တွင် မင်းအောင်လှိုင်ပိုင်ဆိုင်သော စီးပွားရေးဆိုင်ရာကိစ္စရပ်များအား ကာကွယ်လိုသည့်အချက်ကို ထည့်သွင်းစဥ်းစားရမည် ” ဟူ၍ ဖော်ပြထား သည်။

မင်းအောင်လှိုင်သည် “မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) နှင့် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် (MEHL) ခု စလုံးအပေါ်မှာ အာဏာအပြည့်အဝရရှိထားသည် ” ဟု အဆိုပါအဖွဲ့က မှတ်ချက်ပြုထားပါသည်။

MEC နှင့် MEHL တို့သည် မြန်မာနိုင်ငံ၏ စီးပွားဖြစ်ဆိပ်ကမ်းလုပ်ငန်းများ ၊ ကွန်တိန်နာသိုလှောင်ရုံများ ၊ ကျောက် စိမ်းနှင့်ပတ္တမြားသတ္တုတူးဖော်ရေးလုပ်ငန်းများ ၊ အိမ်ခြံမြေလုပ်ငန်းများ ၊ ဆောက်လုပ်ရေးနှင့် အခြားအကျိုး အမြတ်ရရှိသော စီးပွားရေးကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ထားသည် ဟု သတင်းများကဆိုပါသည်။

မင်းအောင်လှုင်၏သားဖြစ်သူအောင်ပြည့်စုံကလည်း ဆေးဝါးနှင့်ဆေးဝါးဖြန့်ဖြူးရောင်းချရေးလုပ်ငန်းအပြင် ချောင်းသာတွင်အကြီးဆုံးအပန်းဖြေစခန်းအဖြစ်နာမည်ကြီးသော Azura အပန်းဖြေစခန်းကိုလည်းပိုင်ဆိုင်ထား သည်။ အဆိုပါလုပ်ငန်းများအပြင် အောင်ပြည့်စုံပိုင်ဆိုင်သော Sky One ဆောက်လုပ်ရေးလုပ်ငန်းက အစိုးရ ငှားရမ်းထားသောမြေ ၂၂ ဒဿမ ၂၂ ဧကတွင် အပန်းဖြေစခန်းဆောက်လုပ်ရန် လွန်ခဲ့သောနှစ်အနည်းငယ်ကပဲ ခွင့်ပြုမိန့်ရရှိထားသည်။

ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးနောက်ပိုင်း တိုင်းပြည်၏ စီးပွားရေး နှင့် ဘဏ္ဍာရေးလုပ်ငန်းများအားလုံးကို စစ်တပ်ကထိန်းချုပ်လိုက်သည်။ ကျောက်စိမ်းကုန်သွယ်ရောင်းဝယ်မှုလုပ်ငန်းကိုလည်း စစ်တပ်က ပိုပြီး တင်းတင်း ကြပ်ကြပ်ချုပ်ကိုင်ထားသည်။ မင်းအောင်လှိုင်၏သားဖြစ်သူ အောင်ပြည့်စုံသည် အဆိုပါ စီးပွားရေး လုပ်ငန်းကနေ တဆင့် တိုက်ရိုက်အကျိုးအမြတ်အများကြီးရနေသူများထဲကတယောက်ဖြစ်သည် ဟု Global Witness ရဲ့ အစီရင် ခံစာတွင် ဖော်ပြထားသည်။

မင်းအောင်လှိုင်ရဲ့သား အောင်ပြည့်စုံကတော့ ဖားကန့်ကိုတင်သွင်းတဲ့ ဖောက်ခွဲရေးပစ္စည်း ဒိုင်းနမိုက် လုပ်ငန်းကနေ ငွေအများကြီးရနေပါတယ် ” ဟု Aljazeera တွင် ဖော်ပြထားသည်။ အာဏာသိမ်းပြီးနောက်ပိုင်း ကျောက်စိမ်း ကုန်သွယ်ရောင်းဝယ်မှုလုပ်ငန်းအတွင်း စစ်တပ်၏အကျင့်ပျက်ခြစားမှုကဏ္ဍက ထိပ်တန်းအဆင့်ကို ရောက်ရှိနေပြီး အများစုသည် တရုတ်နိုင်ငံကိုရောက်သွားသော ဒေါ်လာဘီလီယံချီသည့် စီးပွားရေးလုပ်ငန်းများ နှင့် ဆက်နွယ်မှုများ ရှိနေသည်။

“ ဒေါ်လာဘီလီယံပေါင်းများစွာတန်ဖိုးရှိတဲ့ ကျောက်စိမ်းကုန်သွယ်ရောင်းဝယ်မှုကို စစ်တပ်က ပိုပြီးထိန်းချုပ်လာ တာနဲ့ ပတ်သက်တဲ့ Global Witness ရဲ့ ဖော်ထုတ်ချက်က တိုင်းပြည်တွင်းမှာ တန်ဖိုးရှိတဲ့ ၊ ဝင်ငွေအများကြီးရနေ တဲ့ စီးပွားရေးလုပ်ငန်းတွေကို စစ်တပ်က ပိုပြီးထိန်းချုပ်နိုင်ဖို့ ကြိုးစားနေတယ်ဆိုတဲ့အချက်ကို သိသာစေပါတယ် Ó ဟု Keel Dietz ကပြောသည်။

တိုင်းပြည်တွင်းမှာရှိသော စီးပွားရေးလုပ်ငန်းများအားထိန်းချုပ်ဖို့ စစ်တပ်က ယခုကဲ့သို့ကြိုးစားနေရခြင်းသည် မကြာသေးခင်ကရယူထားသော တရားမဝင်အာဏာတည်မြဲရန်ဖြစ်ပြီး လူ့အခွင့်အရေးဆက်ပြီးချိုးဖောက်ရန် ရံပုံံ ငွေရှာနေခြင်းဖြစ်သလို ပဋိပက္ခပိုမိုကြီးလာရန်အတွက် လောင်စာရှာနေခြင်းလည်း ဖြစ်ပါသည်။

မင်းအောင်လှိုင်၏သား အောင်ပြည့်စုံသည် ကျောက်စိမ်း နှင့်ကျောက်မျက်လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေ သည် ဟု Dietz က အယ်လ်ဂျားဇီးယား နှင့် သီးသန့်အင်တာဗျူးတွင် ဖြေကြားခဲ့သည်။ ကချင်ပြည်နယ် ၊ ဖားကန့် တွင်ရှိသောကျောက်စိမ်းတွင်းများတွင် ကျောက်စိမ်းတူးဖော်နေကြသူအများအပြားရှိနေသည်။ ကျောက်စိမ်းတူး ဖော်ခြင်းလုပ်ငန်းအတွက်အဓိကျသည့် ဒိုင်းနမိုက်တင်သွင်းမှုအား စစ်တပ်၏အဓိကကျသောအခန်းကဏ္ဍမှနေ၍ အောင်ပြည့်စုံက ဦးစီးဆောင်ရွက်နေသည်ဟု သိရသည်။

ဖားကန့်သို့ ဒိုင်းနမိုက်တင်သွင်းရန်အတွက် အဓိကလမ်းကြောင်းများကို စစ်တပ်ကထိန်းချုပ်ထားသည်။ ထို့ကြောင့်လည်း ဖားကန့်သို့ဒိုင်းနမိုက်သယ်ရန်အတွက် ကုန်သည်များအနေဖြင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို လာဘ်ထိုးရသည်။ ထိုလာဘ်ငွေများကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ အောင်ပြည့်စုံအား ပြန်ပေးရသည် ဟု Dietz ကပြောသည်။

မင်းအောင်လှိုင်၏သမီးဖြစ်သူကလည်း Seventh Sense မီဒီယာလုပ်ငန်း ပိုင်ဆိုင်ထားပြီး ငွေကုန်ကြေးကျ များစွာ ဖြင့် နေတိုး ၊ ဝတ်မှုံရွှေရည်တို့နှင့်အတူ ရိုက်ကူးထုတ်လုပ်မှုများပြုလုပ်နေသည်ဟု Justice for Myanmar ၏ အစီရင်ခံစာတွင်ဖော်ပြထားပါသည်။ လက်ရှိအချိန်မှာတော့ မင်းအောင်လှိုင်၏သားနှင့်သမီးကို စီးပွားရေးပိတ်ဆို့မှုများ ပြုလုပ်ထားသည်။

တကယ်တမ်းဆိုရလျှင် မင်းအောင်လှိုင်မိသားစုပိုင်ဆိုင်ထားသော စီးပွားရေးလုပ်ငန်းတွေက များပြားကျယ်ပြန့်ပါ သည်။ ၂၀၁၉ ခုနှစ် ကုလသမဂ္ဂလအစီရင်တွင်လည်း တပ်မတော်၏အဓိကဝင်ငွေစီးကြောင်းသည် MEC နှင့် MEHL တို့ဖြစ်သည်ဟု ဖော်ပြထားသည်။ ထို့ကြောင့်လည်း မြန်မာစစ်တပ်အနေဖြင့် လူ့အခွင့်အရေးချိုးဖောက်မှု နှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာဥပဒေချိုးဖောက်မှုကိစ္စများတွင် ပါဝင်ပတ်သက်ဆက်စပ်မှုနှုန်း မြင့်မားနေရခြင်းဖြစ်ကြောင်းကိုလည်းဖော်ပြထားသည်။

အာဏာသိမ်းစစ်ခေါင်းဆောင်သည် စစ်တပ်၏စီးပွားရေးလုပ်ငန်းများမှ အကျိုးအမြတ်ရရှိနေသည့်အပြင် အခြား အရာရှိကြီးများထံမှလည်း အထောက်အပံ့များစွာ ရရှိခဲ့ပါသည်။ မကြာသေးခင်ကပဲ သူသည် တရုတ် ၊ ရုရှား ၊ အစ္စရေးနှင့် အခြားနိုင်ငံများမှ စျေးကြီးသောလက်နက်များ နှင့် အခြားစစ်ဘက်ဆိုင်ရာပစ္စည်းများဝယ်ယူခဲ့ပြီး ရာထူးနှင့်အဆင့်သတ်မှတ်ချက်ကိုသဘောကျသူဖြစ်ကြောင်းဖော်ပြထားသည်။

လာဘ်ပေးလာဘ်ယူမှုစောင့်ကြည့်ရေး အကျင့်ပျက်ခြစားမှုဆိုင်ရာအညွှန်းကိန်းအရ မြန်မာနိုင်ငံကို ကမ္ဘာ့အဆိုး ရွားဆုံးအဖြစ် သတ်မှတ်ထားပါသည်။ မင်းအောင်လှိုင်အနေဖြင့် ၎င်းတို့၏စီးပွားရေးလုပ်ငန်းများကို တင်းတင်း ကြပ်ကြပ်ချုပ်ကိုင်ထားသည့်အတွက်ကြောင့် ၎င်းတို့ပိုင်ဆိုင်မှုကိုတိုင်းတာရန်က ခက်ခဲသောပြဿနာတရပ် ဖြစ်သည်။

အကယ်၍များ မင်းအောင်လှိုင်သာ ဖေဖော်ဝါရီ ၁ ရက်တွင် အာဏာသိမ်းမှုမပြုလုပ်ခဲ့ဘဲ အငြိမ်းစားယူပြီး အနားယူ ခဲ့မည်ဆိုပါက ၂၀၂၀ နိုဝင်ဘာရွေးကောက်ပွဲတွင်အနိုင်ရခဲ့သော NLD ပါတီ၏ ဘဏ္ဍာရေးဆိုင်ရာ စုံစမ်းစစ်ဆေးမှုကို ခံရနိုင်ဖွယ်ရှိသည်။ (ပြီးခဲ့သော ၂၀၂၁ ဇူလိုင် ၃ ရက်နေ့သည် မင်းအောင်လှိုင် အငြိမ်းစားယူ ရမည့်နေ့ဖြစ်သည်)

ဒေါ်အောင်ဆန်းစုကြည်သာ ရွေးကောက်ပွဲတွင်အနိုင်ရခဲ့ပါကနောင်လာမည့်ကာလတွင် စစ်တပ်အနေအထားက
ပျက်ယွင်းသွားနိုင်သည်ဟု လန်ဒန်တက္ကသိုလ်အရှေ့တိုင်းနှင့်အာဖရိကလေ့လာရေးကျောင်းတွင် စာသင်ကြားပေး နေသော စာရေးဆရာ Avinash Paliwal က ရွေးကောက်ပွဲမတိုင်ခင်ကပဲ ရေးသားခဲ့သေးသည်။

စစ်တပ်၏ နားလည်မှုလွဲမှားချက်တခုက ပိုးလမ်းမကိုအခြေခံပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တရုတ်နိုင်ငံကြား အခြေခံအဆောက်အဦဖွံ့ဖြိုးတိုးတက်မှုတွင် ကြီးမားသောအကျိုးစီးပွားများရရှိနေသည်ဆိုသော ယူဆချက်ဖြစ် သည်။ ကားလမ်း ၊ ရထားလမ်းနှင့် ဆိပ်ကမ်းလုပ်ငန်းများတွင် ကြီးကြီးမားမားချုပ်ဆိုထားသော ကန်ထရိုက် လုပ်ငန်းများ ကို NLD ကမည်ကဲ့သို့ထိန်းချုပ်ထားကြောင်း နှင့် စစ်တပ်က ပါဝင်ပတ်သက်မှုရှိ ၊ မရှိကိုတော့ ရှင်းရှင်း လင်းလင်း မသိရပေ။

စစ်တပ်က လူနည်းစုင်္ဘဂါလီများအပေါ် ရက်ရက်စက်စက်သတ်ဖြတ်ခဲ့ချိန်ကစပြီး နိုင်ငံတကာဖိအားများ မင်းအောင်လှိုင် အပေါ်ကျရောက်ခဲ့ပြီး ပြင်းပြင်းထန်ထန်ပစ်မှတ်ထားခံခဲ့ရသည်ဟုလည်း မျှော်လင့်ရပါသည်။ ဘင်္ဂါလီအရေးအခင်းကြောင့် ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံတကာမှာမျက်နှာပန်းမလှခဲ့သော်လည်း မြန်မာ နိုင်ငံမှာတော့လူကြိုက်များလာခဲ့သည်။

၂၀၁၆ – ၂၀၁၇ ခုနှစ်တွင်ဖြစ်ပွားခဲ့သော ဘင်္ဂါလီလူမျိုးစုများကို မုဒိမ်းကျင့်သတ်ဖြတ်မှု ၊ နှင်ထုတ်ခဲ့မှုကြောင့် မြန်မာ စစ်တပ်ကိုအရေးယူသင့်သည်ဟု ကုလသမဂ္ဂစုံစမ်းစစ်ဆေးသူများက ပြောသည်။ စစ်တပ်က အာဏာ သိမ်းပြီး နောက်ပိုင်း အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က အာဏာသိမ်းမှုကို ချက်ချင်းပြစ်တင်မှုများ ပြုလုပ်ခဲ့သော် လည်း အမေရိကန်၏အရေးယူအပြစ်ပေးမှုက မင်းအောင်လှိုင် နှင့်စစ်တပ်ကို အာဏာကနေ ဖယ်ရှားပစ်နိုင် လိမ့်မည်ဟု မျှော်လင့်ထား၍မရပေ။ မြန်မာစစ်တပ်အနေဖြင့် ၁၉၆၂ ၊ ၁၉၈၈ တွင်အာဏာသိမ်းယူခဲ့ပြီး ဒီမိုကရေစီအသွင်ကူး ပြောင်းမှုကာလမတိုင်ခင်အချိန်အထိ ဆယ်စုနှစ်ပေါင်းများစွာ မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့သည်။

အာဏာသိမ်းပြီးနောက်ပိုင်း လူ့အခွင့်အရေးအဖွဲ့များ၏ဖိအားတွေကလည်း မြန်မာနိုင်ငံတွင်းလုပ်ကိုင်နေသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအပေါ်သက်ရောက်လာခဲ့သည်။ နယူးယောက်အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်လေ့လာမှုအဖွဲ့ကလည်း မြန်မာနိုင်ငံတွင်လုပ်ကိုင်နေသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေက မြန် မာစစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများကိုထောက်ပံ့ပေးနေသောရန်ပုံငွေများလား ? ဆိုပြီး အစီရင်ခံစာတ စောင်ထုတ်ပြန်ခဲ့သည်။ လူ့အခွင့်အရေး ၊ ဂုဏ်သိက္ခာ နှင့် ဥပဒေကြောင်းအရ မြန်မာစစ်တပ် နှင့် ဆက်နွယ်နေ သောစီးပွားရေးလုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်နေခြင်းသည် ဥပဒေအရအန္တရာယ်ကြီးမားသည်ဟု HRW၏ အကြီး တန်းအကြံပေး Aruna Kashyap ကရေးသားခဲ့သည်။

မြန်မာစစ်တပ် အာဏာသိမ်းပြီးနောက်မှာတော့ မြန်မာ့ငွေကြေးတန်ဖိုးကျဆင်းခဲ့သလို စားနပ်ရိက္ခာ နှင့် လောင်စာ ဆီဈေးနှုန်းများသာ မြှင့်တက်ခဲ့ပါသည်။

ကြည်ဖြူစံ

Richard S Ehrlich ရေးသားသော Following the money behind Myanmar’s coup ကို ဆီလျော်အောင်
ရေးသားပါသည်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.