ဘန်ကောက်၊ အောက်တိုဘာ ၁၆
ထိုင်းနိုင်ငံရဲ့ ကိုဗစ် ၁၉ ရောဂါထိန်းချုပ်ကန့်သတ်မှု လျော့ချပြီးနောက်တွင် ပြည်တွင်းလေကြောင်းလိုင်းများကို ယနေ့မှစတင်ပြီး ဝန်ဆောင်မှုအပြည့်ဖြင့် ဆောင်ရွက်နိုင်ရန် ခွင့်ပြုလိုက်ပြီဖြစ်ပါတယ်။
လေယာဉ်ခရီးဆိုင်ရာ ကိုဗစ် ၁၉ ရောဂါကာလစည်းကမ်းသတ်မှတ်ချက်တွေကို ပြန်လည်ပြင်ဆင်ထားတာကို သောကြာနေ့က လက်မှတ်ရေးထိုးပြီးဖြစ်တယ်လို့ ထိုင်းလေကြောင်းအာဏာပိုင်အဖွဲ့ ညွှန်ကြားရေးမှုးချုပ် ဆက်တီပွန်ကွန်ပူးလ်က ပြောပါတယ်။
ညမထွက်ရအမိန့်ကန့်သတ်ချိန်လျော့ချလိုက်တာကြောင့် လေကြောင်းလိုင်းတွေ အနေနဲ့ ပိုမိုများပြားတဲ့ လေကြောင်းခရီးစဉ်တွေကို ပြေးဆွဲနိုင်လာတော့မှာပါ။
လေကြောင်းအာဏာပိုင်အဖွဲ့ရဲ့ ပြင်ဆင်ချက်တွေဟာ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကာကွယ်ရေးအဖွဲ့ရဲ့ ဖြေလျော့မှုတွေကို အခြေခံထားတာဖြစ်ပါတယ်။
ဝန်ကြီးချုပ်ပရာယွတ်အနေနဲ့ အများပြည်သူ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် အစိုးရတို့ပူးပေါင်းပြီး ကာကွယ်ဆေးအပြည့်အဝထိုးပြီးသားခရီးသွားတွေကို ဝန်ဆောင်မှုပေးဖို့ လာမည့်လမှာ ထိုင်းနိုင်ငံကို ပြန်လည်ဖွင့်လှစ်တော့မှာဖြစ်ပါတယ်။
Ref: Bangkok Post