ဘန်ကောက်၊ အောက်တိုဘာ ၁၇

လူထူအတွင်း ကူးစက်မှုများ ပြန်လည်ဖြစ်ပေါ်လာသောကြောင့် ထိုင်းနိုင်ငံရှိ ခရိုင်/ဒေသန္တရ ၁၀ ခုကို ပြည်သူ့ ကျန်းမာရေးဝန်ကြီးဌာန၏ စောင့်ကြည့်စာရင်းတွင် ထည့်သွင်းထားမည်ဟု အဆိုပါဝန်ကြီးဌာန၏ အမြဲတမ်း အတွင်းဝန်ဖြစ်သူ Kiatiphum Wongrajit က ပြောကြားခဲ့သည်။ 

ဆုန်ခလာ၊ ရာလ၊ နာရာထီဝတ်၊ ဖထဏီ၊ နခွန်စီထမ်မရတ်၊ တာခ်၊ ရတ်ချဘူရီ၊ ရ‌ယောင်၊ ချန်ထဘူရီ နှင့် နခွန်ရတ်ချဆီမ စသည့် ခရိုင်/ဒေသန္တရများအတွင်းရှိ ကိုဗစ် ၁၉ အခြေအနေကို အနီးကပ်စောင့်ကြည့်နေ သည်ဟု အဆိုပါပုဂ္ဂိုလ်က ပြောကြားခဲ့သည်။

ဗိုင်းရပ်စ်ကူးစက်မှုကို ဟန့်တားနိုင်ရန် ကိုဗစ် ၁၉ ထိန်းချုပ်ရေးအစီအစဥ်ကို ရေးဆွဲသည့်အတောအတွင်း ထိခိုက်လွယ် အစုအဖွဲ့များအတွက် လျင်မြန်သော စစ်ဆေးမှုများနှင့် ကာကွယ်ဆေးအစီအစဥ်များကိုလည်း ထိုင်းနိုင်ငံ၏ ‌တောင်ပိုင်း၊ အရှေ့ပိုင်းနှင့် အလယ်ပိုင်းဒေသများတွင် ဗိုင်းရပ်စ်ကူးစက်မှုများသည် မြင့်မားလျှက်ရှိနေသေးပြီး ၎င်းအခြေအနေကို စီမံခန့်ခွဲနိုင်ရန်နှင့် ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ရန် ရှေ့ပြေးကွပ်ကဲမှုဌာနများကို တည်ဆောက်သွားရန် ဝန်ကြီးဌာနအနေဖြင့် ကိုဗစ် ၁၉ အခြေအနေဆိုင်ရာ စီမံအုပ်ချုပ်‌ရေးဗဟိုစင်တာကို မေးမြန်းထားပြီးဖြစ်သည်ဟု Dr Kiatiphum က‌ပြောကြားခဲ့သည်။

နေ့စဥ်ကူးစက်မှုများမှာ ၁၀၀၀၀ အထိ ရှိနေသေးပြီး ဝန်ကြီးဌာနအနေဖြင့် ကူးစက်မှုအညွှန်းကိန်းများနှင့် သေဆုံးမှုနှုန်းထားကို ၃၀ အောက်အထိ လျှော့ချနိုင်ဖို့ အားစိုက်‌ဆောင်ရွက်ရန် စီစဥ်ထားသည်ဟု အဆိုပါ ပုဂ္ဂိုလ်က ပြောကြားခဲ့သည်။ 

ပြည်သူ့ကျန်းမာရေး ဝန်ကြီးဌာနအနေဖြင့် ယခုလအကုန်ပိုင်းတွင် ခရိုင်/ဒေသန္တရတိုင်းရှိ လူဦးရေ၏ အနည်းဆုံး ၅၀ ရာခိုင်နှုန်းကို ကာကွယ်ဆေးထိုးနှံရေးအတွက် စီစဥ်ထားရှိသည်။ 

တနိုင်ငံလုံးအတိုင်းအတာအားဖြင့်ကြည့်လျှင် ထိုင်းလူမျိုး၏ ၅၁ ရာခိုင်နှုန်းသည် ကိုဗစ် ကာကွယ်ဆေး အနည်းဆုံး တစ်ကြိမ်အထိ လက်ခံရရှိပြီးဖြစ်သည်။ အောက်တိုဘာ ၁၉ ရက်နောက်ဆုံးထား၍ အဆိုပါ ဦးတည်ဧရိယာများသို့ Sinovac နှင့် AstraZeneca ဆေးလုံးရေ ၂.၈ သန်းအထိ ဖြန့်ဝေသွားမည်ဖြစ်ပြီး အထောက်အပံ့များကိုလည်း ရက်သီတင်းပတ်အလိုက် ခွဲဝေနေရာချထားမည်ဖြစ်သည်။ 

နိုဝင်ဘာလ ၁ ရက်နေ့တွင် နိုင်ငံတကာခရီးသွားဧည့်သည်များ ဝင်ရောက်လာကြမည့် ခရိုင်/‌ဒေသန္တရ ၁၇ သို့ Sinova ဆေးအရေအတွက် စုစုပေါင်း ၆၉၉၉၀၈ ကိုလည်း ဖြန့်ဝေပေးသွားမည်ဖြစ်သည်။ 

ဘာသာပြန် – အောင်မျိုးမြတ်

Ref: Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.