ဖေဖော်ဝါရီအာဏာသိမ်းမှုက လူငယ်များ၏ဒေါသအမျက်ကို ဆွပေးလိုက်သောအရာတခုဖြစ် လာလိမ့်မည် ဟု ဗိုလ်ချုပ်မှူးကြီူမင်းအောင်လှိုင်အနေဖြင့် ကြိုတင်တွက်ဆထားခဲ့ခြင်းမရှိကြောင်း ရှင်းလင်း သိသာလွန်း လှပါသည်။ ရွေးကောက်ပွဲအနိုင်ရပါတီ NLD ထံမှ နိုင်ငံတော်အာဏာကို မတရားသော နည်းလမ်းဖြင့် ရယူသိမ်းပိုက်ခဲ့ပြီးနောက်ပိုင်းမှာတော့ ဂျဲန်ဇီးများဦးဆောင်သည့်ဆန္ဒပြပွဲများ တနိုင်ငံလုံး ပျံ့နှံ့လာခဲ့သည်။ တရားမဝင် နည်းလမ်းဖြင့် နောက်တကြိမ်အာဏာရရှိလာသော မြန်မာစစ်ဗိုလ်ချုပ်ကြီးများသည် ခေတ်မီ တိုးတက်လာသည့် နည်းပညာခေတ်ကို ဘယ်လိုမှလိုက်မမီနိုင်ဖြစ်နေသည့်အကြောင်းကလည်း ပိုပြီးသိသာ ထင်ရှားလာပါသည်။ (လက်ရှိအချိန်တွင်တရားရင်ဆိုင်နေရသော နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့်က အောက်တိုဘာ ၁၂ ရက်ရုံးချိန်းတွင် ‘ ဖေဖော်ဝါရီ ၁ ရက်နေ့ နံနက်အစောပိုင်းက စစ်ဘက်အရာရှိ ၂ ဦး မိမိ နေထိုင်ရာအိမ်တော်သို့ ရောက်ရှိလာခဲ့ပြီး ကျန်းမာရေးအကြောင်းပြကာ ရာထူးမှနှုတ်ထွက်ပေးရန် နှင့် ငြင်းဆိုပါက အသက်အန္တရာယ် ရှိနိုင်သည် ’ ဟု ခြိမ်းခြောက်ခဲ့ကြောင်း တရားရုံးတွင် ထွက်ဆိုခဲ့သည်။ ထို့ကြောင့်လည်း စစ်တပ်ကတစိုက် မတ်မတ်ပြောဆိုလာခဲ့သော အာဏာသိမ်းခြင်းမဟုတ် ၊ အာဏာထိန်း ခြင်းဖြစ်သည် ဆိုသောစကားက မမှန် ကန်ဘဲ နိုင်ငံတော်အာဏာကို တရားမဝင်နည်းလမ်းဖြင့် သိမ်းယူထား ခြင်းသာဖြစ်သည်။ စာရေးသူ)
တနိုင်ငံလုံးအနှံ့ဆန္ဒပြပွဲများဖြစ်ပေါ်နေသောအချိန် ဖေဖော်ဝါရီ ၈ ရက်နေ့မှာတော့ စစ်တပ်ကထိန်းချုပ်ထား သော ရုပ်မြင်သံကြားကနေတဆင့် မြန်မာပြည်သူတွေကို မင်းအောင်လှိုင်က ပထမဆုံးအကြိမ် စကားပြောခဲ့ ပါ သည်။ မင်းအောင်လှိုင်စကားပြောနေစဉ်အချိန်မှာတော့ စိုးရိမ်မကင်းဖြစ်နေပုံကိုတွေ့ရပေမယ့် ယုံကြည်မှု အပြည့်ရှိနေပုံကလည်း ပေါ်လွင်နေသည်။
ပြည်သူ့ဆန္ဒပြပွဲများသည် ၁၉၈၈ အရေးအခင်းကဲ့သို့ ဆန္ဒပြသူများအား အော်တိုမစ်တစ်ရိုင်ဖယ် သေနတ် များ ဖြင့် ပစ်ခတ်နှိမ်နင်းလို့ရမည့်ခေတ်မဟုတ်တော့သလို ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး ကာလတုန်း ကကဲ့သို့ စစ်သားများကိုအသုံးပြုပြီး ဆန္ဒပြသူတွေကို ရိုက်နှက်နှိမ်နင်းလို့ရမည့်ခေတ်လည်း မဟုတ်တော့ ပေ။ ယနေ့ခေတ်သည် မြန်မာစစ်ဗိုလ်ချုပ်ကြီးများတွေးထင်ထားသကဲ့သို့မဟုတ်တော့ဘဲ အရာရာသည် ပြောင်းလဲခဲ့ပေပြီ။
ယနေ့ခေတ်တွင် ဂျဲန်ဇီး ဆိုသည်မှာ လူမှုမီဒီယာများနှင့်အင်တာနက်ကျွမ်းကျင်သူများဖြစ်ကြပြီး ဒစ်ဂျစ် တယ် ဇာတိ မျိုးဆက်အဖြစ်လည်းပုံဖော်လေ့ရှိကြသည်။ ၎င်းမျိုးဆက်တို့သည် အစိုးရကပိတ်ဆို့ထားသော သတင်း အချက်အလက်များကို ကျော်လွှားနိုင်ခဲ့ကြရုံသာမက လူထုလှုပ်ရှားမှုကြီးဖြစ်ပေါ်လာအောင် ဒီမိုက ရေစီလိုလားသော ဟောင်ကောင် နှင့် ထိုင်းနိုင်ငံက တက်ကြွလှုပ်ရှားသူများနှင့် နေ့စဉ်ဆက်သွယ်ပြီး လူစု လူဝေးဖြင့် ဆန္ဒပြမှုတွေကို စီစဉ်နိုင်ခဲ့ကြပါသည်။
လက်ရှိအချိန်မှာတော့ မြန်မာပြည်သူများကရွေးကောက်တင်မြှောက်ထားသော ဒီမိုကရေစီအစိုးရကို စစ်တပ် ကဖြုတ်ချခဲ့တာ ၉ လ ကျော်ရှိခဲ့ပါပြီ။ စစ်တပ်၏ ခြိမ်းခြောက်မှုနှင့် တားမြစ်ချက်များ ရှိနေ သော်လည်း အမျိုး သမီးငယ်ပေါင်းများစွာပါဝင်နေသည့် နည်းပညာ ကျွမ်းကျင်တက်ကြွလှုပ်ရှားသူ လူငယ် တွေကတော့ ရပ်တန့်သွားမည်မဟုတ်ပါ။
လက်နက်ကိုင်တော်လှန်ရေးများမစတင်ခင် ၊ ပြည်သူ့ကာကွယ်ရေးတပ်များမဖွဲ့စည်းခင်က အချိန်တွေကိုပြန် ကြည့်မည်ဆိုလျှင် ဆန္ဒပြမှုများကရပ်တန့်မသွားသည့်အပြင် မြန်မာနိုင်ငံ၏မြို့နယ်ပေါင်း ၃၃၀ အနက်က ၂၀၀ ကျော်တွင် ဆန္ဒပြမှုအင်အား များသထက်များလာသည်ကို တွေ့ရမည်။ အဆိုပါမြို့နယ်များ၏ ပြည်သူ လူထု အနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲတွင် မဲမသမာမှုများရှိခဲ့သည်ဟူသော စစ်တပ်၏စွပ်စွဲချက်တွေကို လက်ခံခြင်းမရှိကြတော့ပေ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ရွေးကောက်ပွဲအနိုင်ရရှိခဲ့သည့် အတွက် ဒုတိယ သက်တမ်း ၅ နှစ် အစိုးရဖွဲ့ခွင့်ရရှိပြီးဖြစ်ပါသည်။
လူငယ်များလမ်းပေါ်ထွက်ဆန္ဒပြခဲ့ရခြင်းက NLD နှင့် ဒေါ်အောင်ဆန်းစုကြည်အတွက်ချည်းပဲမဟုတ်ပေ။ စစ် တပ်က အာဏာသိမ်းလိုက်သည့်အတွက်ကြောင့် ၂၀၁၂ ကတည်းကရရှိခဲ့သော လွတ်လပ်စွာထုတ်ဖော်ပြော ဆိုခွင့်တွေ ဆုံးရှုံးသွားမှာစိုးရိမ်နေကြသည့်အတွက်ကြောင့်လည်း ဖြစ်သည်။
လက်ရှိအချိန်မှာလည်း အာဏာသိမ်းစစ်တပ်က ဆိုက်ဘာလုံခြုံရေးဆိုသော ပြင်းထန်သည့်ဥပဒေပြဋ္ဌာန်းပြီး ဆင်ဆာစနစ်ကို ပြန်လည်အသက်သွင်းဖို့ ပြင်ဆင်လာနေသည် ။ ထို့ကြောင့်လည်း ဆိုရှယ်မီဒီယာကွန်ယက် တွင်အနေဖြင့် သူတို့တောင်းဆိုသော ကိုယ်ရေးအချက်အလက်တွေကို ထုတ်ပေးရပါလိမ့်မယ်။
သို့သော်လည်း ဂျဲန်ဇီးများကတော့ ဆင်းကဒ်အမျိုးမျိုးနှင့် VPN အမျိုးမျိုးကိုအသုံးပြုပြီး စစ်တပ်၏ ထိရောက်မှု မရှိသောကန့်သတ်မှုတွေကို ကျော်ဖြတ်နိုင်ခဲ့ကြပါသည်။
တက်ကြွလှုပ်ရှားသူများကို ညအချိန်မျိုးမှာဖမ်းဆီးခဲ့မည်ဆိုလျှင်ပင် မှတ်တမ်းယူထားပြီး ဆိုရှယ်မီဒီယာ ပေါ် တင်နိုင်ခဲ့ကြပါသည်။ ရှမ်းပြည်နယ် အင်းလေးကန်တွင် သစ်သားလှေကိုလှော်ပြီး ပိုစတာကိုင်ကာ ဆန္ဒပြနေ ကြသောမြင်ကွင်းကလည်း ဆိုရှယ်မီဒီယာတွေပေါ် ပျံ့နှံ့ခဲ့သည်။ အလားတူ တရုတ်နယ်စပ်မြို့ ဖြစ်သည့် နမ့်ခမ်းမြို့တွင်လည်း မော်တော်ဆိုင်ကယ်ယာဉ်တန်းရှည်ကြီးဖြင့် ဆန္ဒပြနေမှုအား မြင်တွေ့ခဲ့ကြ သလို လွိုင်ကော် ၊ မကွေး နှင့် အခြားမြို့အသီးသီးမှ ရဲတပ်ဖွဲ့ဝင်များ ဆန္ဒပြပြည်သူတွေနှင့် လာရောက် ပူးပေါင်းတာကိုလည်း မြင်တွေ့ခဲ့ရပါသည်။ လက်ရှိအချိန်သည် တိုက်ပွဲဝင်ကာလဖြစ်သဖြင့် PDF တို့၏ အောင်ပွဲကို နေ့ စဥ်လိုလို ကြားနေ ၊ မြင်နေရပါသည်။
ဂျဲန်ဇီးများအား ဖန်တီးနိုင်သောစိတ်ကူးရှိသူများဟု ခေါ်ဆိုနိုင်ပါသည်။ စစ်တပ်က လူ ၅ ယောက်ထက်ပိုပြီး မစုဝေးရဟုအမိန့်ထုွာတ်လိုက်ချိန်တွင်တော့ မီတာအနည်းငယ်ခပြီး ၅ ယောက်တစု ၅ ယောက်တစု ထိုင် နေခဲ့ကြပါသည်။ ထိုသို့သောနည်းလမ်းဖြင့် တမြို့လုံးအနှံ့ဖြစ်လာခဲ့သည်။
နောက်ထပ်တဖန် လူငယ်တွေကတစ္ဆေဝတ်ရုံတွေခြုံပြီး စစ်တပ်ကကျနော်တို့ထက်ပိုကြောက်ဖို့ ကောင်းတယ် ဆိုသောစာတန်းများကိုင်ဆောင်လာကြပြန်သည်။ အလှမယ်ပြိုင်ပွဲဝင်သလို အဝတ်အစားတွေ ဝတ်ဆင်ပြီး အာဏာသိမ်းစစ်တပ်ကို လှောင်ပြောင်ခဲ့ကြပါသည်။
မန္တလေးမြို့အနီးမှလူငယ်တွေကတော့ လူကြီးများကိုတိုက်တွန်းခဲ့ကြသည့်အတွက် တောင်ပြုန်းပွဲမှာ ဝတ်ဆင်သော နတ်ဝတ်နတ်စားများဝတ်ဆင်ပြီး စီတန်းလှည့်လည်ခဲ့ကြသည်။ နတ်ဝင်သည်တွေကလည်း မင်းအောင်လှိုင်နှင့် အခြားမြန်မာစစ်ဗိုလ်ချုပ်ကြီးတွေကိုဖယ်ရှားပစ်ရန် ၊ ထိုသူတို့အပေါ် နတ်ဆိုးများ ကျရောက်ရန် နတ်ပွဲတွေပေးခဲ့ကြပါသည်။
ဆေးရုံဆေးခန်းတွေက ကျန်းမာရေးဝန်ထမ်းများလည်း သပိတ်ထဲပါဝင်လာခဲ့ကြသည်။ သို့သော် ပြည်သူ လူထု ကျန်းမာရေးကိုလစ်လျူမပြုဘဲ ဘုန်းကြီးကျောင်းတွေမှာ လူနာတွေကိုလက်ခံကုသပေးခဲ့ပါသည်။ ပညာရေး ၊ စက်ရုံ ၊ သတ္တုတွင်းစသည့် ဌာနပေါင်းစုံမှဝန်ထမ်းများလည်း သပိတ်ထဲပါဝင်လာကြပြီး CDM ဟု အမည်တွင် သော ပြည်သူ့အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာ ပါဝင်လာခဲ့ကြသည်။
မြန်မာပြည်သူများ၏လှုပ်ရှားမှုတွေက ပျော်စရာအတိပြီးနေသည်တော့မဟုတ်ပါဘူး။ ဖေဖော်ဝါရီ ၉ ရက်တွင် နေပြည်တော်ရဲများပစ်ခတ်မှုကြောင့် အသက် ၁၉ နှစ်အရွယ် မမြသွဲ့သွဲ့ခိုင် ဒဏ်ရာရရှိခဲ့ပြီး အဆိုပါဒဏ်ရာနှင့် ပင် ကွယ်လွန်ခဲ့ပါသည်။
ဆိုရှယ်မီဒီယာများပေါ်တွင်တွေ့ရှိခဲ့ရသော ဗီဒီယိုကလစ်များအရ မန္တလေးမှဒေါသထွက်နေကြသော ဆန္ဒပြ သူများက ရဲကားများကိုကျောက်ခဲဖြင့်ပစ်ပေါက်ခဲ့ကြပြီး တားမြစ်စည်းကိုလည်းကျော်လွန်ခဲ့ကြသည်။ တရုတ်မှထောက်ပံ့ထားသော လုံခြုံရေးကားများတွင် ထောက်လှမ်းရေးကင်မရာ နှင့် ပိုက်ခေါင်းများစွာပါဝင် သောရေပိုက်များတပ်ဆင်ထားပြီး အဆိုပါလုံခြုံရေးကားများ၏ပုံစံက ဟောင်ကောင်ဆန္ဒပြသူတွေကို နှိမ်နင်းရာမှာအသုံးပြုခဲ့သည့် ကားပုံစံနှင့်တထေရာတည်းတူညီနေပါသည်။ ရန်ကုန်ရှိ တရုတ်သံရုံးရှေ့သို့ လည်း ဆန္ဒပြသူများ စုရုံးရောက်ရှိလာခဲ့ကြသည်။ အများစုစိုးရိမ်နေကြသည်မှာ ရာဘာကျည်ဆန် နှင့် ရေပိုက်ထက်ပိုသော အကြမ်းဖက်ဖြိုခွင်းခံရမှုဖြစ်သည်။ စိုးရိမ်ကြသည့်အတိုင်းလည်း ကျည်ဆန်အစစ်များ ဖြင့် ပစ်ခတ်ခဲ့ကြပါသည်။
ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာတော့ အကျဉ်းသား ၂ သောင်းကျော်ကို ပြန်လည်လွှတ်ပေးခဲ့ပြီး ၈၈ အရေးအခင်း မျိုးဖြစ်အောင်ဖန်တီးလိုက်ပါသည်။ လွှတ်ပေးလိုက်သောအကျဉ်းသားများသည် မြို့နယ်အနှံ့သို့ ဝင်ရောက် ပြီး ပြည်သူတွေကသောင်းကနင်းဖြစ်အောင် ပြုလုပ်ခဲ့ကြသည်။ ထိုကာလအတွင်း စစ်တပ်က ဆန္ဒပြ ခေါင်းဆောင်တွေကို ပစ်မှတ်ထားဖမ်းဆီးခဲ့ပြီး NLD အမတ်များ နှင့် နိုင်ငံရေးခေါင်းဆောင်များသာမက အင်တာနက်ကို အန္တရာယ်ကင်းအောင်အသုံးချနည်းများ သင်ကြားပေးသော လူငယ်တွေကိုပါ ပစ်မှတ်ထားခဲ့ ကြသည်။
၁၉၈၈ စစ်တပ်၏အကြမ်းဖက်ရက်စက်မှုတွေကို ဓာတ်ပုံသမားအနည်းငယ်ကသာ မှတ်တမ်းတင်နိုင်ခဲ့ပြီး ရိုက်ကူးထားသောဖလင်လိပ်များကိုလည်း ထိုင်းနိုင်ငံသို့မှောင်ခိုခိုးထုတ်ပြီး ကူးဆေးခဲ့ရသည်။ ၂၀၀၇ ခုနှစ် တွင် မြန်မာနိုင်ငံ၌ အင်တာနက်အသုံးပြုခွင့်ရနေပြီဖြစ်သော်လည်း အကန့်အသတ်ဖြင့်သာသုံးနေရသည့် အတွက် ပြင်ပကမ္ဘာသို့ အနည်းငယ်သာတင်ပို့နိုင်ခဲ့သည်။
ယခုတကြိမ်မှာတော့ ဒီမိုကရေစီလိုလားသူများအား အကြမ်းဖက်ပစ်ခတ်မှုများကို စနစ်တကျမှတ်တမ်းတင် နိုင်ခဲ့ပြီး ကမ္ဘာအနှံ့သို့ လျင်လျင်မြန်မြန် ဖြန့်ဝေနိုင်ခဲ့ပါသည်။ မင်းအောင်လှိုင် နှင့် မြန်မာစစ်ဗိုလ်ချုပ်များက ဂျဲန်ဇီးများကို အထင်သေးခဲ့ကြပါသည်။ တကယ်တော့ ဂျဲန်ဇီးများ၏ဦးဆောင်မှုကြောင့် တော်လှန်ရေး အောင်မြင်မည်ဖြစ်ကြောင်း မင်းအောင်လှိုင်တို့ အချိန်မနှောင်းခင် ယခုပင်တွေ့မြင်နေရပြီဖြစ်သည်။
ကြည်ဖြူစံ
ဘာတေးလ်လစ်တနာရေးသားသော “ Myanmar’s general blindside by Gen Z protests ” ကို ဆီလျော်အောင်ပြန်လည်ရေးသားသည်။