ဖနွမ်ပင်၊ အောက်တိုဘာ ၁၄

ကမ္ဘာဒီးယားအစိုးရသည် ၎င်း၏ အကြီးဆုံးရေတပ်ဌာနချုပ်ရှိ တရုတ် ဆောက်လုပ်ရေးနှင့်ပတ်သက်၍ ပွင့်လင်း မြင်သာမှု ပျက်ကွက်နေသည်ဟု အမေရိကန်အစိုးရမှ (အောက်တိုဘာ ၁၃ ရက်တွင်) စွပ်စွဲပြောဆိုထားခဲ့ပြီး ဘေဂျင်းအစိုး၏ စစ်ရေးအရပါဝင်ပတ်သက်မှုကို အစိုးရအနေဖြင့် နိုင်ငံအတွင်းရှိ ပြည်သူလူထုများသို့ ဖွင့်ဟရန် တိုက်တွန်းထားခဲ့သည်။  

မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးစင်တာ (CSIS) က ဩဂုတ်လအတွင်းရှိ တည်ဆောက်မှုများနှင့် စက်တင်ဘာလအတွင်း အဆောက်အဦးအသစ် ၃ လုံးနှင့် လမ်းသစ်ဖောက်လုပ်ခြင်း ပြသနေသော Satellite ဓါတ်ပုံများကို  ဗုဒ္ဓဟူးနေ့တွင် လူသိရှင်ကြား ချပြခဲ့ပါသည်။

အမေရိကန်သံရုံးပြောရေးဆိုခွင့်ရှိသူ Chad Roedemeier ပေးပို့သည့် အဆိုပါ ထုတ်ပြန်ချက်တွင် ရီရမ် (ကမ္ဘောဒီးယား)တွင် နိုင်ငံရပ်ခြားတိုင်းပြည်မှ စစ်ရေးအရ တစုံတရာတည်ရှိမှုများသည် ကမ္ဘောဒီးယားနိုင်ငံ၏ အခြေခံဥပဒေကို ဆန့်ကျင်နိုင်လိမ့် ဖြစ်ပြီး ဒေသန္တရ လုံခြုံရေးကိုလည်း အဟန့်အတားဖြစ်စေသည်ဟု ပါရှိသည်။

“ကမ္ဘောဒီးယား အစိုးရက ဤစီမံကိန်းနှင့်ပတ်သက်ပြီး ရည်ရွယ်ချက်၊ သဘာဝနှင့် အတိုင်းအတာ သို့မဟုတ် ရေတပ်ပံ့ပိုးမှု အဆောက်အအုံများကို ရည်ရွယ်ချက်ရှိရှိ အသုံးပြုရာတွင်ဖြစ်ပေါ်လာသော စိုးရိမ်ပူပန်မှုများ နှင့်ပတ်သက်ပြီး PRC စစ်ဘက်၏ အခန်းကဏ္ဍစသည့် အကြောင်းအရာများနှင့်ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုမရှိခဲ့”ဟု ပြောကြားခဲ့ပြီး အဆိုပါပြောကြားချက်သည် တရုတ်အစိုးရကိုလည်း ရည်ရွယ်ရင်း ဖြစ်သည်။

“ကမ္ဘောဒီးယားပြည်သူများက ရီယမ် (Ream) ဒေသရှိ စီမံကိန်းအကြောင်းကို သိရှိရန်နှင့် သူတို့၏ နိုင်ငံအတွက် ရေရှည်အကျိုးသက်ရောက်မှုရှိတဲ့ အဆိုပါစစ်ရေးသဘော တူညီချက်ကို ပြောဆိုရန် ထိုက်တန်ကြပါတယ်” ဟု အဆိုပါ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံ၏ လက်ရှိဦးဆောင်အစိုးရသည်  အမေရိကန်ပြည်ထောင်စု ဆက်ဆံရေးသည် ယခုနှစ်များ အတွင်း ကတောက်ကဆဖြစ်ခဲ့ရသည်။

လွန်ခဲ့သော တစ်နှစ်အတွင်း ရီရမ်ရေတပ်ဌာနချုပ်ကို ပိုမိုချဲ့ထွင်နိုင်ရန် အမေရိကန်မှ စိုက်ထုတ်ပံ့ပိုးပေးသော အဆောက်အအုံကို အပြီးတိုင်ဖြိုချခဲ့ပြီးဖြစ်သည်ဟု ကမ္ဘောဒီးယားအစိုးရမှ ပြောကြားခဲ့သည်။ အမေရိကန် ပြည်ထောင်စုမှလည်း ကမ္ဘောဒီးယားအစိုးရအနေဖြင့် ထိုရေတပ်ဌာနချုပ်ကို ပြင်ဆင်ရန်အတွက် ပေးပို့သော ကမ်းလှမ်းချက်ကို ယခုနှစ်အစောပိုင်းတွင် ငြင်းပယ်ထားခဲ့ပြီးဖြစ်သည်ဟု ပြောကြားခဲ့သည်။

အဆိုပါရေတပ်ဌာနချုပ်၌ တရုတ်တပ်ဖွဲ့ဝင်များကို နေရာပေးဖို့ ခွင့်ပြုနိုင်ရန်အတွက် စီစဥ်ဆောင်ရွက်နေသည် ဟူသော အစီရင်ခံမှုများကို ကမ္ဘောဒီးယားအစိုးရမှ ငြင်းပယ်ထားခဲ့သည်။

အမေရိကန်ပြည်ထောင်စုသည် ဖိလစ်ပိုင်နှင့် ထိုင်းကဲ့သို့သော နိုင်ငံများနှင့် ပူးတွဲစစ်ရေးလေ့ကျင်မှုများကို တစ်ကြိမ်ပြုလုပ်ခဲ့ပြီး ဌာနချုပ်များမှ တဆင့် ဒေသန္တရအတွင်း ၎င်းတို့၏ တည်ရှိမှုကို ထိန်းသိမ်းထားနိုင်ခဲ့ရာတွင် ယခုအပြောင်းအလဲသည် ဒေသတွင်း၌ တရုတ်အစိုးရအတွက် သိသာထင်ရှားလိမ့်မည်။

ကမ္ဘောဒီးယားအစိုးရပြောရေးဆိုခွင့်ရှိသူက ရီရမ်ဒေသရှိ တရုတ်ဆောက်လုပ်ရေးသည် ၎င်းဖွံ့ဖြိုးရေးအထောက် အပံ့၏ အစိတ်အပိုင်းဖြစ်ခဲ့သည်ဟု ပြောကြားခဲ့သည်။

“ကျွန်ုပ်တို့ရဲ့ ဆိပ်ကမ်းက ဒီဆောက်လုပ်ရေးလုပ်ငန်းအားလုံး ပြီးမြောက်သွားတဲ့အခါ ဖွင့်လှစ်မှာပါ” ဟု အဆိုပါ ပုဂ္ဂိုလ်က ပြောကြားခဲ့ပြီး တရုတ်အစိုးရသည် ၎င်း၏ စစ်ဘက်ရေးရာ အဆောက်အအုံကို တည်ဆောက်ခဲ့ခြင်း မရှိဟု ဖြည့်စွက်ပြောကြားခဲ့သည်။

“အကယ်လို့သာ ကူညီဆောက်လုပ်ပေးချင်တဲ့ အခြားသော မိတ်ဆွေတွေရှိရင်လည်း ကျွန်တော်တို့က ခွင့်ပြုမှာပါ။ ဒီဆောက်လုပ်ရေးကြီး ပြီးမြောက်သွားတဲ့အခါလည်း နိုင်ငံတိုင်းက ဒီနေရာကို အသုံးပြုကြဖို့ ကျွန်တော်တို့ ကြိုဆိုသွားမှာပါ”ဟု အဆိုပါ ပုဂ္ဂိုလ်က ပြောကြားခဲ့သည်။

ဘာသာပြန် – အောင်မျိုးမြတ်

Ref: The Straits Times

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.