October 9, 2021

စာတစ်စောင် ထောင်နှစ်ဆယ့်တစ်နှစ်

၂၀၀၀ ပြည့်နှစ် နှစ်ကုန်ပိုင်းကာလ အင်းစိန်ထောင်တွင်း အခြေအနေကား ရာသီဥတု အလွန်ကောင်းသည်ဟု အနေ ကြာသည့် အကျဉ်းသားများက မှတ်ချက်ပေးကြ၏။ ယခင်က အချင်းချင်း စကားမပြောရ။ တခန်းနှင့် ဆက်သွယ်ခြင်း မပြုရ။ တပါးသူ အခန်းကို ဝင်ထွက်ခြင်း မပြုရ။ စားစရာ သောက်စရာ ပေးကမ်း ခြင်း မပြုရ။ ရေချိုးဆင်းချိန် ၁၅ မိနစ်။ နာရီဝက်သာ…

မီးရှူးမီးပန်းနဲ့ ဗြောက်အိုး ပစ်ဖောက်တာတွေ မလုပ်ဖို့ စစ်ကောင်စီ တားမြစ်

မော်လမြိုင်၊ အောက်တိုဘာ ၉ သီတင်းကျွတ်မီးထွန်းပွဲတော်နဲ့ တန်ဆောင်တိုင်ပွဲတွေမှာ မီးရှူးမီးပန်း၊ ဗြောက်အိုးနဲ့ ရှူးဒိုင်းတွေ ပစ်ဖောက်တာတွေ မလုပ်ကြဖို့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။ နိုင်ငံတော် အရေးပေါ်ကာလမှာ နေ့စဉ်ဖောက်ခွဲတာနဲ့ ဖျက်ဆီးတာတွေ လုပ်ဆောင်နေတဲ့အတွက် ဒီအခြေအနေမှာ အခွင့်ကောင်းယူပြီး အကြမ်းဖက်မှုတွေ ကျူးလွန်လာနိုင်တဲ့အတွက်ကြောင့် အခုလို ထုတ်ပြန်ရတာလို့ ဆိုထားပါတယ်။ ဒါကြောင့် ဒီကာလမှာ မီးရှူးမီးပန်း၊ ဗြောက်အိုးနဲ့ ရှူးဒိုင်းတွေ…

စော်ဖျားရွာမှာ ဒေသခံတွေရဲ့ ဖုန်းများကိုသိမ်းဆည်းပြီး ကလေး ၂ ဦးနဲ့မိခင်ဖြစ်သူကို ဖမ်းဆီးထား

သရက်ချောင်း၊ အောက်တိုဘာ ၉ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ စော်ဖျားကျေးရွာက ဒေသခံပြည်သူတွေရဲ့ ဖုန်းတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက သိမ်းဆည်းထားပြီး ကလေးနှစ်ဦးမိခင်ကိုလည်း ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့ အောက်တိုဘာလ ၉ ရက်နေ့ မနက်ပိုင်းမှာလည်း ကျေးရွာအတွင်းက ကလေးနှစ်ဦးနဲ့ ၎င်းတို့မိခင်ဖြစ်သူတို့ကို ပျူ စောထီးနဲ့စစ်ကောင်စီတပ်တွေက ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။ ဒေသခံတွေရဲ့ ဖုန်းတွေကို သိမ်းဆည်းပြီး…

ကပ်ဘေးကြောင့် ထိခိုက်ခံရသော တရားမဝင်ရွှေ့ပြောင်းလုပ်သားများကို လူမှုဖူလှုံရေး အကာအကွယ်ပေးရန် ထိုင်းပညာရှင်များမှ ထောက်ပြ

ဘန်ကောက်၊ အောက်တိုဘာ ၉ ထိုင်းအစိုးရအနေဖြင့် ကိုဗစ် ၁၉ ကပ်ဘေးကြောင့် စားဝတ်နေရေး ဆိုးရွားထိခိုက်ခံစားခဲ့ရသော ထိုင်းနိုင်ငံအတွင်းရှိ တရားမဝင် လုပ်သားများအတွက် ပိုမိုကောင်းမွန်သော ဖူလှုံရေးအကာကွယ်ကို ထောက်ပံ့ပေးရန် ပညာရှင်များက ထောက်ပြလိုက်ပါတယ်။ ထိုင်းနိုင်ငံ၏ ပြည်သူ့လူမှုဗေဒအသင်း အသင်းဥက္ကဌ ဆာရာမောလ်က ကပ်ဘေးသည် လူမှုစီးပွားစိန်ခေါ်မှုများကို မီးမောင်ထိုးပြနေပြီး မြို့ပြအသိုင်းအဝိုင်းရှိ စီးပွားရေးတွင် တရားမဝင် ဝင်ရောက်လုပ်ကိုင်နေကြသော လုပ်သားများအပေါ်ရှိ အကျိုးသက်ရောက်မှုမှာ…

တနင်္သာရီတိုင်းက မြို့နယ်အချို့မှာ အဖမ်းအဆီး တင်းကြပ်

မော်လမြိုင် ၊ အောက်တိုဘာ (၈) တနင်္သာရီတိုင်းက ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားပြီးနောက် ပြည်သူလူထုအပေါ် ရှာဖွေဖမ်းဆီးမှုတွေ တင်းကျပ်လာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ အောက်တိုဘာလအစောပိုင်းကစပြီး ထိတွေ့တိုက်ပွဲတွေက ခပ်စိတ်စိတ်ဖြစ်လာပြီး စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးတွေ ၊ သတင်းပေးဒလန်တွေနဲ့ ပျူစောထီးအဖွဲ့ဝင်တွေကလည်း ပစ်မှတ်ထား လုပ်ကြံခံခဲ့ရပါတယ်။ အဲ့ဒီနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ပုလော၊ ရေဖြူ၊ သရက်ချောင်း၊…