October 7, 2021

မီတာခ ကောက်ခံဖို့ ဆက်လက်ဖိအားပေးနေပါက ထိရောက်စွာအရေးယူမယ်လို့ ဘီးလင်း PDF သတိပေး

ဘီးလင်း၊ အောက်တိုဘာ ၇ ဘီးလင်းမြို့နယ် လျှပ်စစ်ရုံး တာဝန်ရှိသူတွေအနေဖြင့် လျှပ်စစ်မီတာခတွေပေးဆောင်ဖို့ ဆက်လက်ဖိအားပေးမှုတွေ လုပ်ဆောင်နေပါက ထိရောက်စွာ အရေးယူသွားမယ်လို့ ဘီးလင်း PDF အဖွဲ့က ထုတ်ပြန်ပါတယ်။ တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့ အိမ်သုံးမီတာသုံးစွဲသူ‌တွေကို အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)မှ အခမဲ့ ကင်းလွတ်ခွင့်ပေးအပ်ထားတယ်လို့ ဘီးလင်း PDF အဖွဲ့က ဆိုပါတယ်။ ဒီအခြေအနေမှာ ဘီးလင်းလျှပ်စစ်ရုံး တာဝန်ရှိသူတွေအနေနဲ့ ပြည်သူများ ဆင်းရဲကြပ်တည်းနေမှုကို မျက်ကွယ်ပြုပြီး…

NUG အစိုးရအပေါ် ဝေဖန်တိုက်ခိုက်တဲ့ အကြောင်းအရာတွေ ထပ်ဆင့်မျှဝေပေးဖို့ ဌာနဆိုင်ရာရုံးတစ်ခုလျှင် အကောင့်နှစ်ခု နှုန်း ဖွင့်လှစ်ကြဖို့ စစ်ကောင်စီက ညွှန်ကြား

မော်လမြိုင်၊ အောက်တိုဘာ ၆ လူမှုကွန်ယက် Facebook စာမျက်နှာမှာ အာဏာသိမ်းစစ်ကောင်စီရဲ့ အာဘော်‌‌တွေနဲ့ စစ်အုပ်စုက NUG အစိုးရအပေါ် ဝေဖန်တိုက်ခိုက်ထားတဲ့ အကြောင်းအရာ‌တွေကို ထပ်ဆင့်မျှဝေပေးဖို့ ဌာနဆိုင်ရာရုံးတစ်ခုလျှင် အကောင့်နှစ်ခုနှုန်းဖွင့်လှစ်ထားကြဖို့ကို စစ်ကောင်စီက ညွှန်ကြားထားတယ်လို့ Non CDM ဝန်ထမ်းတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီဟာ သူတို့ရဲ့ လုပ်ငန်းဆောင်ရွက်ချက်တွေ၊ စစ်တပ်ကောင်းကြောင်းနဲ့ NUG အစိုးရနဲ့ ဆက်စပ်အဖွဲ့အစည်း‌တွေကို…

စစ်ကောင်စီလက်အောက်ခံ BGF က ရွာသူကြီး လုပ်ကြဖို့ အတင်းအဓမ္မ စေခိုင်းနေ

မော်လမြိုင်၊ အောက်တိုဘာ ၇ ကေအဲန်ယူ ဒူးသထူခရိုင် ဘားအံမြို့နယ်က ကျေးရွာတွေမှာ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် (BGF)က ဒေသခံရပ်မိရပ်ဖတွေခေါ်ယူတွေ့ဆုံပြီး ရွာအုပ်ချုပ်ရေးမှူး(ရွာသူကြီး)တာဝန်ထမ်းဆောင်ဖို့ အတင်းအဓမ္မလုပ်ဆောင်ခိုင်းနေတယ်လို့ ဒေသခံတွေ သံလွင်တိုင်းမ်ကို ပြောပါတယ်။ ကေအဲန်ယူ ဘားအံမြို့နယ် တပ်မဟာ ၁ နယ်မြေက ကျေးရွာတွေဖြစ်ကြတဲ့ တကောင်ဘိုး၊ ဂျို့ပင်ဆိပ်၊ မြိုင်၊ ကုန်းတုန်းကြီး၊ မီးပုံးစတဲ့ကျေးရွာတွေက ဒေသခံရပ်မိရပ်ဖနဲ့ ဂေါပကအဖွဲ့တွေကို BGF…

အာဆီယံအစည်းအဝေးသို့ စစ်ကောင်စီခေါင်းဆောင်ကို မဖိတ်ဖို့ ဖိအားပေး

ဘန်ဒါဆီရီဘီဂါဝန်၊ အောက်တိုဘာ ၆ မြန်မာနိုင်ငံ၏ ပဋိပက္ခကို အဆုံးသတ်ပြီး ငြိမ်းချမ်းမှုကို ပြန်လည်ထိန်းသိမ်းဖို့နဲ့ အာဆီယံအဆင့်သဘောတူညီချက်တဲ့ အချက်တွေကို လုပ်ဆောင်ဖို့ ပျက်ကွက်တဲ့ မြန်မာစစ်ကောင်စီခေါင်းဆောင်ကို ယခုလမှာ ကျင်းပမယ့် အာဆီယံထိပ်သီးအစည်းအဝေးကို မဖိတ်ဖို့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက ဆွေးနွေးနေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာအာဆီယံကိုယ်စားလှယ်က ပြောကြားလိုက်ပါတယ်။ စစ်အုပ်စုခေါင်းဆောင်မင်းအောင်လှိုင်ဦးဆောင်တဲ့အဖွဲ့က ဖေဖော်ဝါရီလ (၁)ရက်နေ့ အာဏာသိမ်းမှုတွင် ဖမ်းဆီးထားသော ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အစိုးရအဖွဲ့ဝင်တွေကို တွေ့ဆုံဖို့ စစ်ခေါင်းဆောင်ထံတင်ပြခဲ့ပေမယ့်…