ဘန်ကောက်၊ အောက်တိုဘာ ၃

ထိုင်းနိုင်ငံ၏ လက်ရှိအာဏာရပါတီ PPRP သည် လာမည့် ရွေးကောက်ပွဲနှင့်အတူ ဝန်ကြီးချုပ်ပရရွတ်ချန်အိုချာကို နောက်ထပ်သက်တမ်းတစ်ခုအတွက် အဆိုပြုချက်ကို ထောက်ခံလိမ့်မည်ဟု ပါတီတွင်း အရင်းအမြစ်တစ်ခုမှ သိရသည်။

PPRP ၏ ဟဲဗီးဝိတ် ပါတီဝင်များ ပါဝင်ကြသော အစည်းအဝေးတွင် ပါတီခေါင်းဆောင်ဖြစ်သူ ဗိုလ်ချုပ် ပရဝတ်က PPRP အနေဖြင့် ဗိုလ်ချုပ် ပရရွတ်ကို နောက်ထပ်ရွေးကောက်ပွဲအတွင်းမှာ ဝန်ကြီးချုပ်အဖြစ် အမည်စာရင်းတင်သွားမည်ဟု မီဒီယာများသို့ ပြောကြားခဲ့သည်။

“ကျွန်ုပ်က ပါတီခေါင်းဆောင်ဖြစ်ပြီး ဝန်ကြီးချုပ်က ဗိုလ်ချုပ် ပရရွတ်ဖြစ်ပါတယ်”ဟု ဗိုလ်ချုပ် ပရဝတ်က အဆင့်မြင့်ပါတီဝင်များအား တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်ဟု အဆိုပါ အရင်းအမြစ်မှ ပြောကြားခဲ့သည်။

“သူက ကျွန်ုပ်တို့နှင့်အတူတူ အစိတ်အပိုင်းတစ်ခုအနေဖြင့် သေသည်အထိ ရှိနေလိမ့်မှာပါ။ ဘာမှ ခုခံစရာမလိုဘူး။ ဘာပဋိပက္ခမှလည်း မရှိပါဘူး” ဟု ပါတီခေါင်းဆောင်က ပြောကြားခဲ့သည်ဟု ဆိုသည်။

ပါတီတွင်း အရင်းအမြစ်၏ ပြောကြားချက်အရ ပါတီတွင် ကျွမ်းကျင်ပညာရှင်များ ပါဝင်လာပြီးနောက် ဗိုလ်ချုပ် ပရဝတ်အနေဖြင့် လွှတ်တော်အတွင်းမှာ နေရာပေါင်း ၁၅၀-၂၀၀ အထိ အနိုင်ရရှိရန် မျှော်လင့်ထားသည်။

၂၀၁၉ ရွေးကောက်ပွဲတွင် PPRP သည် လွှတ်တော်အတွင်း ၁၁၂ နေရာအထိ အနိုင်ရရှိခဲ့သည်။

PPRP ၏ တောင်ပိုင်းမဟာဗျူဟာအဖွဲ့၏ ခေါင်းဆောင်ဗိုလ်မှူးကြီး Suchart Chantarachotikul ပါတီအသစ်တစ်ခုသို့ ကူးပြောင်းလိမ့်မည်ဟု ဗိုလ်ချုပ်ပရဝတ်က မီဒီယာများသို့ မှတ်ချက်ပြု ပြောကြားခဲ့သည်။

နောက်လာမည့် ရွေးကောက်ပွဲတွင် ဗိုလ်ချုပ် ပရရွတ်ကို ပါဝင်နိုင်မည်နှင့် ပတ်သက်သည့် မီဒီယာများ၏ မေးမြန်းချက်ကို  PPRP ဥက္ကဌက ဖြေကြားခြင်းမပြုပဲ ရှောင်ထွက်သွားခဲ့သည်။

ဒီမိုကရက်ခေါင်းဆောင် Jurin Laksanawisit ကမူ သူ၏ ပါတီအနေဖြင့် နိုင်ငံရေးအနာဂတ်ကို ဆွေးနွေးရန်၊ မည်သူကို အမည်စာရင်းတင်သွင်းရန် သို့မဟုတ် နောက်ထပ်ရွေးကောက်ပွဲတွင် ဝန်ကြီးချုပ်အဖြစ် ပါဝင်ယှဥ်ပြိုင်ရန် စသည့်အကြောင်းအရာများကို ဆွေးနွေးရန် အချိန်စောလွန်နေသေးသည်ဟု ပြောကြားခဲ့သည်။

ထို့အပြင် ပါတီအနေဖြင့် ၎င်း၏ အလုပ်နှင့် တာဝန်ဝတ္တရားများကိုသာ အာရုံစိုက်လိမ့်မည်ဟု အဆိုပါပုဂ္ဂိုလ်က ပြောကြားခဲ့သည်။

ဘာသာပြန် – အောင်မျိုးမြတ်

Ref – Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.