ဘန်ကောက်၊ အောက်တိုဘာ ၁

လာမယ့်ခြောက်လအတွင်း ဖူးခက်ကမ်းခြေကို နိုင်ငံခြားသားခရီးသွား တသန်း ဝင်ရောက်ရန်နှင့် ဘတ် ၁၀ ဘီလီယံဝင်ငွေရရှိရန် ထိုင်းနိုင်ငံခရီးသွား အာဏာပိုင် အဖွဲ့က နိုင်ငံကို ပြန်လည်ဖွင့်လှစ်မည့်အစီအစဉ်နှင့် ပတ်သက်ပြီး ရှင်းလင်းပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။


ထိုင်းနိုင်ငံ၏ ခရီးသွားလုပ်ငန်းအာဏာပိုင်အဖွဲ့ (TAT) က စီမံတဲ့ ယခုနှစ် နောက်ဆုံးသုံးလနှင့် လာမည့် ၂၀၂၂ ခုနှစ် ပထမသုံးလအတွင်း ဖူးခက်ကမ်းခြေကို ကမ္ဘာအဆင့်ခရီးသွားနေရာအဖြစ် အဆင့်မြှင့်တင်ပြီး ထိုင်းဘတ်ငွေ ၆၀ ဘီလီယံ အထိရရှိရန် ရည်ရွယ်လုပ်ဆောင်မည့် အစီအစဉ်အတွက် စီးပွားရေး အခြေအနေအုပ်ချုပ်မှုစင်တာ (CESA)က အတည်ပြုပြောသည်။


ဖူးခက်ကျွန်း sandbox အစီအစဉ်ကို ဇူလိုင်လ (၁)ရက်နေ့မှာ မိတ်ဆက်ခဲ့ပြီး လိုက်နာရန် ထပ်တိုးအချက်အလက်များထပ်မံထည့်သွင်းမှုကိုလည်း ထုတ်ပြန်ခဲ့သည်။
ပြီးခဲ့သည့် သုံးလအတွင်း ကမ်းခြေကို အများဆုံးလာသည့် နိုင်ငံတကာခရီးသွားများထဲတွင် ထိုင်းခရီးသွားများပြီးနောက် US ခရီးသွားများက ထိပ်ဆုံးမှရှိခဲ့သည်။


Sandbox စီးပွားရေးအစီအစဉ်မှ ပထမသုံးလပတ်အတွက် ထိုင်းဘတ်ငွေ ၂.၂၅ ဘီလီယံကို ထည့်သွင်းပံ့ပိုးထားသည်။
ဇူလိုင်လမှစပြီး စက်တင်ဘာလအကုန်အထိ ဖူးခက်ကမ်းခြေသို့ ထိုင်းခရီးသွား ၇၄၉၄ ဿီး ဝင်ရောက်ခဲ့ပြီး US မှ ၅၈၄၅ ဦး၊ အစ္စရေးမှ ၅၄၁၄ ဦးနှင့် UK မှ ၄၇၅၈ ဦးတို့ ဝင်ရောက်ခဲ့တယ်လို့ စာရင်းများအရ သိရပါတယ်။


ခရီးသွား ၃၇၉၇၈ ဦးစာရင်းသွင်းသည့်အထဲမှ ၂၃၂၁၅ ခရီးသွားတို့မှာ ဖူးခက်တွင် ၁၄ ရက်နေထိုင်ပြီးနောက် နိုင်ငံတွင်းရှိ အခြားသော ဒေသများထံသို့ သွားမည်ဟု ထပ်မံစာရင်းသွင်းထားသည်။


အောက်တိုဘာလမှ စပြီး ကွာရန်တင်း ၁၄ ရက်ကနေ ၇ ရက်အထိလျော့ချလိုက်တဲ့ အခါ ယခုနှစ်ကုန်ပိုင်းမှာ ပိုမိုသိသာများပြားလာတဲ့ ခရီးသွားတွေ ဝင်ရောက်လာမယ် လို့ ကျွန်တော်တို့ မျှော်မှန်းထားပါတယ်။ ရောဂါဖြစ်ပွားမှု လျော့ကျလာတာနဲ့ တပြိုင်ထဲ လာမယ့်ခရီးသွားရာသီမှာ ပြည်တွင်းခရီးစဉ်တွေကို လမ်းဖွင့်လိုက်ပြီး အကျိုးအမြတ်တွေ တိုးတက်များပြားလာဖို့ မျှော်လင့်ပါတယ်ဟု ထိုင်းခရီးသွားလုပ်ငန်းအာဏာပိုင်အဖွဲ့ အကြီးအကဲ ယူသာဆက်ဆူပါဆွန်းက ပြောပါတယ်။


ခရီးသွားလုပ်ငန်းအတွက် အဆင့်သုံးခုစီစဉ်ထားပြီး ကွာရန်တင်းနေထိုင်ရမည့်ရက် လျော့ချခြင်း၊ ခရီးသွားကုမ္ပဏီတွေကနေ တဆင့်ကူညီပြီး အဖွဲ့လိုက်ပြည်ဝင်ခွင့် လျှောက်ထားတာကို ခွင့်ပြုခြင်းနှင့် အောက်တိုဘာလကုန်မှာ ရုရှားကနေ စီးပွားဖြစ် လေယာဉ်လိုင်းတွေကို ခွင့်ပြုပေးဖို့ စတာတွေဖြစ်ပါတယ်။


တားမြစ်ချက်တွေကို ဖြေလျော့လိုက်ခြင်းဖြင့် လာမည့် ၆ လအတွင်း လေကြောင်းဖြင့်လာရောက်မည့် ခရီးသွားအဖွဲ့ပေါင်း ၅ သိန်းခန့် ဝင်ရောက်နိုင်မှာဖြစ်ပြီး ၂၉၅၀၀၀ အဖွဲ့ကတော့ ရုရှားနိုင်ငံက လာရောက်ဖို့ရှိနိုင်ပါတယ်။ အဲ့ဒီအတွက် တည်းခိုဖို့အခန်းပေါင်း ၂.၅ သန်းခန့်အသုံးပြုရဖို့ရှိပါတယ်။ UK နှင့် နောဒစ်နိုင်ငံများကနေ ခရီးသည်အဖွဲ့ပေါင်း ၁၃၀၀၀၀ ခန့်ဝင်ရောက်နိုင်ပြီး အခန်းပေါင်း ၂ သိန်းခန့်အသုံးပြုရဖို့ရှိတယ်လို့ မစ္စတာယူသာဆက်ဆူပါဆွန်းကပြောပါတယ်။


အခြားသတ်မှတ်ချက် ၅ ချက်လည်းချမှတ်ထားတာရှိပြီး ယင်းတို့မှာ သက်ဆိုင်သူများနှင့် ဆက်လက်ဆွေးနွေးနေပါတယ်။ အဓိကအားဖြင့် လေယာဉ်ခရီးစဉ်တခုထဲ ကိုဗစ်-၁၉ ရောဂါသည်ပါဝင်သည့် စည်းကမ်းကန့်သတ်ချက်အချို့ကို ဖြေလျော့ဖို့၊ ဆေးစစ်ကုန်ကျစရိတ်လျော့ချဖို့နဲ့ ကိုဗစ်ရောဂါအတွက် ကျန်းမာရေးအာမခံစဘော်ငွေကို အမေရိကန် ဒေါ်လာတသိန်းကနေ ငါးသောင်းကိုလျော့ချဖို့ဆိုတဲ့ အချက်တွေပါဝင်ပါတယ်။


ထိုင်းခရီးသွားအာဏာပိုင်အဖွဲ့အနေနဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ခရီးသည် ဗီဇာကိစ္စ၊ အစုအဖွဲ့လိုက်ဝင်ရောက်ခွင့်ကိစ္စ စတာတွေကို ဆွေးနွေးနေပြီး ဆွေးနွေးမှုမှာ ခရီးသည်လက်ခံလွှာကို တလခြင်းလက်ခံတာထက် သုံးလကြိုတင်လက်ခံဖို့ကိစ္စတွေလည်းပါဝင်ပါတယ်။


ယင်းအပြင် ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနနှင့်လည်း ဆေးထိုးပြီးစီးကြောင်းအထောက်အထားပါသည်ကို စစ်ဆေးနိုင်သည့်အချက်ကို စီစဉ်ဖို့လည်း ဆွေးနွေးနေတယ်လို့ ဆိုပါတယ်။


ထိုင်းနိုင်ငံပြန်လည်ဖွင့်လှစ်မှုအခြေအနေအတွက် စီးပွားရေး အခြေအနေအုပ်ချုပ်မှုစင်တာ (CESA) က သဘောတူထားပြီး ခရီးသွားလုပ်ငန်းပြန်လည်လည်ပတ်နိုင်ဖို့အတွက် ကနဦးပံ့ပိုးငွေအဖြစ် ထိုင်းဘတ် ၅ ဘီလီယံကို ထောက်ပံ့သွားဖို့ရှိပါတယ်။

Ref – Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.