မနီလာ၊ အောက်တိုဘာ ၁

ဖိလစ်ပိုင်နိုင်ငံ၏ စီးပွားရေးကို ကပ်ဘေးကာလမတိုင်ခင် ဖွံ့ဖြိုးမှုအထိ ပြန်လည်ရောက်ရှိနိုင်ရန် ရာစုနှစ် တစ်ခုထက်ပို၍ အချိန်ယူရမည်ဖြစ်ပြီး နောင်လာမည့် ဖိလစ်ပိုင် မျိုးဆက်နှစ်ခုစာလောက်က ကိုဗစ် ၁၉ ကုန်ကျစရိတ်များအတွက် ပေးဆပ်ရမှာဖြစ်သည်ဟု စက်တင်ဘာ ၃၀ ရက်နေ့ ကြာသပတေးနေ့က အာဏာပိုင်များကို ပြောကြားခဲ့ပါသည်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့ပွားမှုကို လျော့နည်းစေရန်အတွက် ရည်ရွယ်လုပ်ဆောင်သော အသွား အလာကန့်သတ်ခြင်းများနှင့် အခြားသောကန့်သတ်များသည် အရှေ့တောင်အာရှနိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးကို ထိခိုက်စေပြီး အလုပ်အကိုင်အခွင့်အလမ်းသန်းပေါင်းများစွာကို လက်လွှတ်ပစ်လိုက်ရသလို ဆင်းရဲမွဲတေသော မိသားစုဝင်များကိုလည်း ဆာလောင်မွတ်သိပ်မှုများနှင့် တွေ့ကြုံဖို့ရန် ဖြစ်စေခဲ့ပါသည်။

“ကျွန်ုပ်တို့၏ လက်ရှိလူမှုအသိုင်းအဝိုင်းနှင့် အနာဂတ်လူမှု အသိုင်းအဝိုင်း .. ဆိုလိုချင်တာက ကျွန်ုပ်တို့ရဲ့ ကလေးတွေနှင့် မြေးတွေအထိ ရေရှည်အသုံးပြုရမယ့် ကိုဗစ်နှင့် ကွာရန်တင်း ကုန်ကျစရိတ်ဟာ ပီဆို ၄၁.၄ ထရီလီယမ်လောက် (ဒေါ်လာ ၁.၁ ထရီလီယမ်) အထိ ရောက်သွားနိုင်ပါလိမ့်မယ်”ဟု စီးပွားရေးနှင့် စီမံရေးအတွင်းရေးမှူး Karl Kendrick Chua က ပြောကြားခဲ့ပါသည်။  

အမေရိကန်ဒေါ်လာ ၃၆၁.၅ ဘီလီယမ်အထိ ရှိသည်ဟု ကမ္ဘာ့ဘဏ်မှ ခန့်မှန်းထားသော အဆိုပါကိန်း ဂဏန်းသည် ၂၀၂၀ ခုနှစ်အတွင်းရှိ ဖိလစ်ပိုင်နိုင်ငံ၏ GDP ၏ နှစ်ဆနှင့် အထက်တွင်ရှိသည်။

မစ္စတာ Chua ၏ ပြောကြားချက်အရ ထိုဆုံးရှုံးမှုသည် နောက်ထပ် ၁၀ နှစ် မှ ၄၀ နှစ်လောက်အထိ ခံစားရစေနိုင်လိမ့်မည်ဖြစ်သည်ဟူ၍ ပါရှိသည်။

အဓိက ကဏ္ဍများဖြစ်သော ခရီးသွားလုပ်ငန်းနှင့် စားသောက်ဆိုင်လုပ်ငန်းများကို ပြည့်ပြည့်ဝဝ ပြန်လည်ဖွင့်လှစ်လုပ်ကိုင်နိုင်သော်လည်း လူမှုအကွားအဝေးကန့်သတ်ချက်များက အတားအဆီး ဖြစ်စေသောကြောင့် စာသုံးမှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် အခွန်ဘဏ္ဍာသည် ပြန်လည် နာလန်ထူနိုင်ရန် ရုန်းကန် ကြ ရကြလိမ့်မည် ဖြစ်သည်။

ကပ်ကာလအတွင်းတွင် သေဆုံးခြင်း၊ နာဖျားခြင်း သို့မဟုတ် စာသင်ကျောင်းများသို့ ပြန်လည်ရောက်ရှိရန် မဖြစ်နိုင်ခြင်း စသည့်အခြေအနေများကြောင့် (နိုင်ငံ၏) ထုတ်လုပ်နိုင်စွမ်းမှာ ပိုမို ကျဆင်းလာပြီး “ထိုသို့ ကျဆင်းမှုအနေအထားသည် အမြဲတမ်းတည်ရှိနေတော့မည် ဖြစ်နိုင်ချေ ရှိကြောင်း” အဆိုပါပုဂ္ဂိုလ်မှ ဖြည့်စွက်ပြောကြားခဲံ့သည်။

၂၀၂၀ ခုနှစ်အတွင်းတွင် ၉.၆ ရာခိုင်နှုန်းလောက်အထိ ကျုံ့သွားခဲ့သော နိုင်ငံစီးပွားရေးကို ယခုနှစ်အတွင်း တွင် ၄ မှ ၅ ရာခိုင်နှုန်းလောက်အထိ မြင့်တက်နိုင်ရန် မျှော်လင့်ထားပြီး မစ္စတာ Chua မှ ပြောကြား ခဲ့သည်။

ကိုဗစ် ၁၉ ထိခိုက်မှုမတိုင်ခင် အချိန်ကာလ ၁၀ နှစ်အတွင်းမှာ ၆.၄ ရာခိုင်နှုန်း အထိရှိခဲ့သော ကပ်ဘေးအကြိုကာလဖွံ့ဖြိုးမှုသို့ ဖိလစ်ပိုင်နိုင်ငံကို ပြန်လည်ဆောင်ကျဥ်းနိုင်ဖို့အတွက် နောက် ၁၀ နှစ်ခန့် အချိန်ယူပြီး ဆောင်ရွက်ရမည်ဖြစ်သည်။

လုပ်သားဦးရေ သန်းပေါင်း ၂၃.၃ ဦးအပါအဝင် စီးပွားရေး၏ ၇၀ ရာခိုင်နှုန်းနီးပါးသည် ပိုမိုတင်းကျပ် သော ကွာရန်တင်းကန့်သတ်ချက်များ အောက်တွင် ကျန်ခဲ့ရပြီးဟုလည်း မစ္စတာ Chua မှ ပြောကြားခဲ့သည်။

အသွားအလာကန့်သတ်ချက်များသည် ပိုမိုကြီးမားသော ဆာလောင်မှုကိုသာ ဖြစ်ပေါ်စေပြီး ကပ်ဘေး ကာလအတွက် အဖြေများမဟုတ်ခဲ့ဟု သူက သတိပေးခဲ့သည်။

ဖိလစ်ပိုင်နိုင်ငံသည် ကိုဗစ် ၁၉ ကြောင့်သေဆုံးသူဦးရေ ၃၈၀၀၀ အထိရှိပြီး ရောဂါ ကူးစက်မှုသည်  ၂.၅ သန်းအထက်ရှိသည် မှတ်တမ်းများအရသိရသည်။

ထို့အပြင် ဖိလစ်ပိုင်နိုင်ငံသည် ကာကွယ်ဆေးထိုးနှံမှုတွင် ကြန့်ကြာ၊ နှေးကွေးမှုများကို ရှောင်ရှားနိုင်ရန် အရွယ်ရောက်ပြီးသား လူဦးရေ၏ လေးပုံတစ်ပုံထက်ကျော်လွန်၍ ကာကွယ်ဆေးထိုးနှံခြင်းများကို ပြည့်ပြည့်ဝဝ ဆောင်ရွက်ထားခဲ့ပြီးဖြစ်သည်။

ဘာသာပြန် – အောင်မျိုးမြတ်

Ref – The Straits Times

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.