September 30, 2021

ချောင်းဆုံမှာ မီတာခ မသွင်းရင် မီတာဖြုတ်သိမ်းမယ်လို့ စစ်ကောင်စီ ခြိမ်းခြောက်

ချောင်းဆုံ၊စက်တင်ဘာ ၃၀ မွန်ပြည်နယ်၊ ဘီးလူးကျွန်း၊ ချောင်းဆုံမြို့နယ်မှာ မီတာခမပေးသွင်းရင် မီတာဖြုတ်သိမ်းမယ်လို့ အာဏာသိမ်း စစ်ကောင်စီက ခြိမ်းခြောက်လာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ လက်ရှိမှာတော့ ချောင်းမြို့နယ်မှာ စစ်ကောင်စီ လက်အောက်ခံ လျှပ်စစ်ဌာနက မီတာဘေ စာရွက်တွေ လိုက်လံ ဖြန့်ဝေနေသလို မီတာခ လာဆောင်ကြဖို့ ဖိအားပေးလာတာ ဖြစ်ပါတယ်။ “မီတာခမသွင်းရင် မီတာဘောက်စ်ဖြုတ်သိမ်းမယ်လို့ ပြောလာတယ်၊ ကျွန်တော်တို့…

ပြည်ပဈေးကွက် ပျက်သွားလို့ တပိုင်တနိုင်ငါးလုပ်ငန်း လုပ်ကိုင်သူတွေ စီးပွားရေး ကြပ်တည်း

သထုံခရိုင်၊ စက်တင်ဘာ ၃၀ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြင့်တက်လာတဲ့ ကုန်ဈေးနှုန်းတွေကြောင့် တပိုင်တနိုင် အသက်မွေးဝမ်းကြောင်း လုပ်နေသူတွေဟာ စီးပွားရေးကြပ်တည်းလာပြီး စားဝတ်နေရေး အခက်အခဲတွေကို ရင်ဆိုင်နေရပါတယ်။ သထုံခရိုင်အတွင်းက တပိုင်တနိုင်ငါးဖမ်းလုပ်ငန်း လုပ်ကိုင်သူတွေမှာလည်း စက်သုံးဆီဈေး မြင့်တက်လာနဲ့အတူ ဖမ်းမိတဲ့ငါးတွေကို ပြန်လည်ရောင်းချဖို့ ဈေးကွက်မရှိတာကြောင့် ဝမ်းဝရုံသာ လုပ်ကိုင်စားသောက်နေရတယ်လို့ ဆိုပါတယ်။ “ကိုဗစ်ဖြစ်ကတည်းက ငါးဈေးကမရ။ ခုက ဆီဈေးတွေတက်။ ငါးအထိမိကလည်း မကောင်းဆိုတော့…

Mytel တာဝါတိုင်တွေအနီး စစ်ကောင်စီက မြေမြုပ်မိုင်းထောင်းထားလို့ ဒေသခံတွေ စိုးရိမ်နေရ

တနင်္သာရီ၊ စက်တင်ဘာ ၃၀ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်နဲ့မြိတ်ခရိုင်တွေထဲက Mytel တာဝါတိုင်တွေအနီးမှာ စစ်ကောင်စီတပ်တွေက မြေမြုပ်မိုင်းထောင်ထားတာကြောင့် ဒေသခံတွေက စိုးရိမ်နေရတယ်လို့ ပြောပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက စစ်ကောင်စီ စီးပွားရေးထောက်တိုင်တွေဖြစ်တဲ့ Mytel ဆက်သွယ်ရေးလုပ်ငန်းကို ပစ်မှတ်ထားတိုက်ခိုက်ကြတဲ့နောက်မှာ အခုလို စစ်ကောင်စီဘက်က လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီဒေသက Mytel တာဝါတိုင်တွေဟာ လူနေအိမ်ပတ်ဝန်းကျင်အပြင် ကွင်းပြင်တွေအနားမှာပါ ရှိတာကြောင့် တိရစ္ဆာန်တွေရဲ့ စားကျက်မြေအတွက်ပါ…