စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေက ဒေသခံတွေကို ခြိမ်းခြောက်
မော်လမြိုင်၊ စက်တင်ဘာ ၂၇ ကေအဲန်ယူ – ထိန်းချုပ်နယ်မြေနယ်မှာ စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူးတချို့က ဒေသခံပြည်သူများအပေါ်မှာ ခြိမ်းခြောက်အကြပ်ကိုင်ပြောဆိုမှုများ ရှိနေတယ်လို့ ကေအဲန်ယူ – ဗဟိုထုတ်ပြန်ချက်အရ သိရပါတယ်။ ကျေးရွာသားများအနေဖြင့် စစ်ကောင်စီရဲ့ အောက်ဆီဂျင်တည်ဆောက်ရေးလုပ်ငန်းအတွက် အလှူငွေမထည့်ပါက ဆေးရုံတွေမှာ ဆေးသွားကုရင် ကျန်းမာရေးထောက်ခံချက်မလုပ်ပေးဘူးလို့ အကြပ်ကိုင်ပြောဆိုခဲ့တယ်လို့ KNU ထိန်းချုပ်နယ်မြေက ဒေသခံတစ်ဦးက ပြောပါတယ်။ “အလှူငွေမထည့်ရင် ကျန်းမာရေး အခက်အခဲရှိလို့…