ထားဝယ်၊ စက်တင်ဘာ ၂၃

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ပေါ် နေရာအချို့မှာ တပ်စွဲနေထိုင်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စက်တင်ဘာလ ၂၃ ရက်နေ့မှာ တပ်ပြန်ရုပ်သိမ်းသွားတဲ့လို့ ဒေသခံတွေက ပြောပါတယ်။

ဒေါင်းငူရပ်ကွက်ရုံး၊ အောင်မင်္ဂလာရုပ်ရှင်ရုံ၊ ကျန်းတိတိတရုတ်ဘုံကျောင်း၊ ဥတ္တံတားကြီးလမ်းဆုံ အပါအဝင် နေရာ ၈ နေရာက တပ်စွဲထားတဲ့နေရာတွေကို ရုပ်သိမ်းသွားတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ကြက်စာပြင်ရပ်ကွက်မှာတော့ စစ်ကောင်စီတပ်တွေ နေရာယူထားဆဲ ဖြစ်တယ်လို့ သိရပါတယ်။

”ဒီမနက် စစ်ကောင်စီတပ်စွဲထားတဲ့ မြို့ပေါ်က နေရာအချို့မှာ သူတို့မရှိတော့ဘူး။ ဘယ်ကိုပြောင်းသွားလဲတော့ သေချာမသိဘူး။ ဘာပဲဖြစ်ဖြစ် ပြည်သူတွေကတော့ ပိုသတိထားဖို့လိုတယ်။ ကြက်စာပြင်ရပ်မှာတော့ သူတို့တွေရှိသေးတယ်။ အင်အားလည်း အသင့်အတင့်ရှိနေတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

မောင်မယ်ရှောင်ရွာအပါအဝင် အချို့ကျေးရွာနားတွေမှာတော့ စစ်ကောင်စီတပ်တွေ တပ်စွဲနေထိုင်နေပြီး စစ်ဆေးမှုတွေ တင်းတင်းကြပ်ကြပ် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ယခုရက်ပိုင်းအတွင်းမှာတော့ ထားဝယ် မြို့ပေါ်နေရာများထက် ကျေးလက်ဒေသတွေမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ပိုမို အားကောင်းခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.