ဝါရှင်တန်၊ စက်တင်ဘာ ၁

ကိုရိုနာဗိုင်းရပ်စ်သည် ဇီဝလက်နက်တစ်ခုအဖြစ် ယုံကြည်နိုင်စရာမရှိသော်လည်း ၎င်းသည် ဓါတ်ခွဲခန်းမှ လွတ်မြောက်ထွက်ပေါ်လာခဲ့သည်ဟူသော ထင်မြင်ချက်ကို အမေရိကန်ထောက်လှမ်းရေးအသိုင်းအဝိုင်းမှ ကွဲကွဲပြားပြားထုတ်ဖော်ပြောဆိုလာပြီးသည့်နောက် ကိုဗစ် ၁၉ စတင်ဖြစ်ပွားပုံနှင့် ပတ်သက်သည့် တိကျသော သတင်းအချက် အလက်တွေကို မျှဝေဖို့ရန် တရုတ်အစိုးရမှ ထိန်ချန်ထားဆဲဖြစ်သည်ဟု သမ္မတဂျိုးဘိုင်ဒန်မှ ပြောဆိုလိုက်သည်။

ထောက်လှမ်းရေးအစီရင်ခံစာတစ်ခု၏ စိတ်ဖြာခွဲခြားထားခြင်းမရှိသော အနှစ်ချုပ်ဖော်ပြချက်၌ အသက်ပေါင်း ၄.၅ သန်းခန့်ကို တိမ်းပါးဆုံးရှုံးစေခဲ့သည့် ကပ်ကာလ၏ ကနဦးပိုင်း ပေါက်ကွဲချိန်တွင် တရုတ်နိုင်ငံ၏ အာဏာပိုင်များအနေဖြင့် ဗိုင်းရပ်စ်နှင့်ပတ်သက်၍ ကြိုတင်သိရှိခြင်းမရှိဟူသောထုတ်ပြန်ချက်ကို အမေရိကန်ပြည်ထောင်စုမှ ယုံကြည်ခြင်းမရှိကြောင်းကိုလည်း ပြောကြားခဲ့သည်။

“တရုတ်ပြည်သူ့သမ္မတနိုင်ငံတော်အတွင်း ကပ်ကာလတည်ရှိမှု၏ ဇစ်မြစ်များနှင့် ပတ်သက်တဲ့ အရေးကြီးသတင်းအချက်ကို စတင်ချိန်မှ ယခုချိန်အထိ နိုင်ငံတကာ စုံစမ်းလေ့လာသူများနှင့် ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ကျန်းမာရေး အသိုင်းအဝိုင်းမှ ၎င်းအခြေအနေအား လေ့လာဆန်းစစ်ရန် တရုတ်နိုင်ငံ၏ အစိုးရအရာရှိများအနေနဲ့ တားဆီးကြပါတယ်” ဟူ၍ ဘိုင်ဒန်ထုတ်ပြန်ချက်တွင် ပါရှိသည်။

“ကပ်ကာလက အမြင့်ဆုံးအခြေအနေထိတိုင်း ဖြစ်ပေါ်နေတာတောင်မှ ယနေ့ထိတိုင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံအနေနဲ့ ပွင့်လင်းမြင်သာမှုနှင့် ထိန်းချိန်သတင်းအချက်အလက်အတွက် ခေါ်ဆိုမေးမြန်းမှုများအားလုံး ကို ငြင်းဆန်နေဆဲဖြစ်ပါတယ်” ဟု သမ္မတဘိုင်ဒန်မှ ပြောကြားပြန်သည်။  

အမေရိကန်ထောက်လှမ်းရေးအသိုင်းအဝိုင်းအနေဖြင့် ကိုရိုနာဗိုင်းရပ်စ်သည် လက်နက်တစ်ခုအဖြစ် တီထွင်ဆောင်ရွက်ခဲ့ကြသည်ဟု သတ်မှတ်ထုတ်ပြန်ထားပြီး အေဂျင်စီအများစုက ၎င်းသည် မျိုးရိုးဗီဇအရဖန်တီးထားခြင်း မဟုတ်ကြောင်းဟူသော သတ်မှတ်ချက်ကို ယုံကြည်စိတ်ချမှုနည်းပါဆဲဖြစ်ပါသည်။  

သို့သော်ငြားလည်း လူမှုအသိုင်းအဝိုင်းသည် ရောဂါပိုးဇစ်မြစ်များအပေါ်မှာ ဝေခွဲမရဖြစ်နေပြီး အေဂျင်စီလေးခုနှင့် အမျိုးသား ထောက်လှမ်းရေးကောင်စီတို့၏ ဖြစ်နိုင်ချေရှိသော ရှင်းပြချက်တွင် ၎င်းသည် တိရစ္ဆာန်တစ်ကောင်ထံသို့ သဘာဝအလျောက် ထိတွေ့မှုကြောင့်ဟု အသားပေးဖော်ပြကြသလို/in favor of natural exposure to an animal as the likely explanation တစ်ခုသော အေဂျင်စီသည် ဓါတ်ခွဲခန်းယိုစိမ့်မှုဟူသော ထုတ်ပြန်ချက်ကို အသားပေးဖော်ပြထားသည်။

အဆိုပါအေဂျင်စီ ၃ ခု၏ လေ့လာအကဲဖြတ်သူများကမူ အဆုံးသတ်အနှစ်ချုပ်အထိ ရောက်ရှိရန် ရှာဖွေဖော်ထုတ်မှု ကို ဆောင်ရွက်နိုင်ခြင်းမရှိခဲ့ပါ။

“အကဲဖြတ်လေ့လာသူများ၏ အမြင်များသည် အေဂျင်စီများမှ ထောက်လှမ်းရေး အစီအရင်ခံမှုများနှင့် သိပ္ပံနည်းကျ ထုတ်ပြန်ချက်များ၊ စုံစမ်းထောက်လှမ်းခြင်းနှင့် သိပ္ပံနည်းကျကွာဟချက်များ စသည့်အကြောင်းအရာများကို မည်ကဲ့သို့ ချိန်တွယ်ဆောင်ရွက်သည်ဟူသော အခြေအနေပေါ်မူတည်ပြီး ကွဲပြားခြားနားမှုများ၌သာ ကျယ်ကျယ်ပြန့်ပြန့် အရင်းခံဆဲဖြစ်သည်”ဟု အဆိုပါအနှစ်ချုပ်တွင် ဖော်ပြထားပါသည်။

စုံစမ်းထောက်လှမ်းရေးအသိုင်းအဝိုင်းနှင့် ကမ္ဘာလုံးဆိုင်ရာသိပ္ပံပညာရှင်များသည် ဓါတ်ခွဲခန်းနမူနာများနှင့် အစောပိုင်းဖြစ်ပွားခဲ့သော ကိုဗစ် 19 ဖြစ်စဥ်တွေမှ ကပ်ကာလဆိုင်ရာအချက်အလက်များ ထည့်သွင်းဖော်ပြထား ခြင်းမရှိဟူ၍လည်း ၎င်းအနှစ်ချုပ်တွင် ဖြည့်စွက်ဖော်ပြထားသည်။

အမေရိကန်ပြည်ထောင်စုသည် များစွာသော သတင်းအချက်အလက်ကို မျှဝေရန် ဘေးဂျင်းအစိုးရကို ဖိအားပေးရန် မဟာမိတ်များနှင့် လက်တွဲခြင်းနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နှင့်လည်း ပူးပေါင်းခြင်းကို ဆက်လက်လုပ် ဆောင်သွားမည်ဟုလည်း သမ္မတဘိုင်ဒန်မှ ပြောကြားခဲ့သည်။

“ကျွန်ုပ်တို့မှာ ဤကမ္ဘာလုံးဆိုင်ရာ အဖြစ်ဆိုးနဲ့ပတ်သက်ပြီးတော့ ပြီးပြည့်စုံပြီး ပွင့်လင်းမြင်သာတဲ့ အမြစ်ဖြတ် ဆောင်ရွက်မှု ရှိသင့်ပါတယ်။ အင်တိုက်အားတိုက်ဆောင်ရွက်ခြင်းမဟုတ်သော ဘယ်အခြေအနေကိုမှ လက်မခံနိုင်ပါဘူး”ဟု သမ္မတဘိုင်ဒန်မှ ပြောကြားခဲ့သည်။

အနှစ်ချုပ်ထုတ်ပြန်ချက်ကို သက်သေမထူနိုင်ခဲ့သလို ပွင့်လင်းမြင်သာမှုနှင့် လက်လှမ်းမီမှု ပျက်ကွက်ခဲ့ခြင်းတို့ကြောင့် ဝေဖန်မှုများနှင့်သာ ရင်ဆိုင်ခဲ့ရသည့် နိုင်ငံရေးအရ အလွန်အရေးပါသော ကမ္ဘာကျန်းမာရေးအဖွဲ့ (WHO) ၏ ဇန်နဝါရီလအတွင်း တရုတ်နိုင်ငံသို့ အလည်ပတ်ခရီးစဥ်ပြီးနောက် မူလဇစ်မြစ်ကို အသစ်တဖန် ဖော်ထုတ်နိုင်ရန်အတွက် တွန်းအားပေးသော အမေရိကန်နိုင်ငံအပါအဝင် အခြားသောနိုင်ငံများ၏ ဖုန်းခေါ်ဆိုမှုများကို ဘေဂျင်အစိုးရမှ ငြင်းဆန်ထားပြီးဖြစ်သည်။

ကပ်ကာလစတင်ဖြစ်ပွားချိန်တွင် ကျယ်ကျယ်ပြန့်ပြန့် လက်ခံထားသည့် သဘာဝဇစ်မြစ်ယူဆချက်မှာ ဗိုင်းရပ်စ်သည် လင်းနို့ငှက်များမှ စတင်ထွက်ပေါ်လာခဲ့ပြီး ကြားခံမျိုးစိပ်တစ်ခုမှတဆင့် လူသားများထံသို့ ကူးစက် သွားသည်ဟူ၍ ဖြစ်သည်။

ထို့နောက်တွင် အချိန်အများစု၌ သိပ္ပံပညာရှင်များသည် SARS-CoV-2 မျိုးရိုးဗီဇလက္ခဏာနှင့် တူညီသော လင်းနို့ငှက်များ သို့မဟုတ် အခြားသောတိရစ္ဆာန်များတွင် ရှာဖွေဖော်ထုတ်ရန်မဖြစ်နိုင်ခဲ့ကြသလို လေ့လာသူများက လင်းနို့တွင်ရှိသော ကိုရိုနာဗိုင်းရပ်စ်သုတေသနကို ဆောင်ရွက်ရာ၌ဖြစ်ပေါ်လာသော ဓါတ်ခွဲခန်းယိုစိမ့်မှုကို ပိုမို လေ့လာယူဆရန် ပြောကြားခဲ့ကြသည်။  

သို့သော်လည်း လတ်တလောသိပ္ပံနည်းကျစာတမ်းများတွင် zoonotic ဇစ်မြစ် (တိရစ္ဆာန်မှ လူသို့ကူးစက်သည်ဟူ သောယူဆချက်ကို)ဦးတည်သည့် ငြင်းခုန်ဆွေးနွေးမှုများကို ဦးတည်နေပြန်သည်။

တရုတ်နိုင်ငံရှိ သုတေနပညာရှင်များနှင့် Glasgow တက္ကသိုလ်တို့မှ ပုံနှိပ်ထုတ်ပြန်သော သိပ္ပံဂျာနယ်တွင် “ကိုဗစ် 19 ကပ်ရောဂါသည် ရောဂါပိုးရှိသော တိရစ္ဆာန်များ၏ ပါဝင်မှုကြောင့် တိရစ္ဆာန်မှ လူသို့ကူးစက်မှုဖြစ်ပေါ်သည်”ဟု ပါရှိပါသည်။  

ထို့အပြင် Cell ဂျာနယ်၏ ထိပ်တန်း ဗိုင်းရပ်စ်ပညာရှင် ၂၁ ဦးမှ ပြတ်သားစွာဖော်ပြထားသော ကောက်ချက်စွဲမှုတွင် “SARS-CoV-2 သည် ဓါတ်ခွဲဗီဇဖြစ်သည်ဟူသော ထုတ်ပြန်ချက်အတွက် လတ်တလောတွင် သက်သေသက်သာရ မရှိပါ” ဟူ၍ ပါရှိသည်။

ဘာသာပြန် – အောင်မျိုးမြတ်

Ref – Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.