July 3, 2021

မော်လမြိုင်က ကိုဗစ်အတည်ပြုလူနာ (၅)ဦး တပြိုင်နက် သေဆုံး

မော်လမြိုင် ၊ ဇူလိုင် (၃) မော်လမြိုင်အထွေထွေရောဂါကုဆေးရုံကြီးမှာ ကုသမှုခံယူနေတဲ့ ကိုဗစ်အတည်ပြုလူနာ (၅)ဦးဟာ မနေ့ညပိုင်းနဲ့ ဒီကနေ့ မနက်ပိုင်းမှာ တပြိုင်နက် သေဆုံးခဲ့တယ်လို့ မော်လမြိုင်ဆေးရုံကြီးနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ မွန်ပြည်နယ်မှာ ကိုဗစ် ၁၉ ကူးစက်ခံရသူ အမြောက်အများ ရှိလာတာနဲ့အတူ ဒါဟာ ပထမဆုံးအကြိမ်အဖြစ် ကိုဗစ်ကူးစက်ခံရပြီး နာရီပိုင်းအတွင်း အစုလိုက် အပြုံလိုက် သေဆုံးခြင်းလည်း…

အမေရိကန်အစိုးရ ထပ်တိုးအရေးယူပိတ်ဆို့မှုတွင် ဒေါက်တာဗညားအောင်မိုးပါဝင်

မော်လမြိုင်၊ ဇူလိုင် ၃ အမေရိကန်အစိုးရရဲ့ မြန်မာနိုင်ငံအပေါ် နောက်ထပ် ပိတ်ဆို့အရေးယူမှုတွင် စစ်ကောင်စီခေါင်းဆောင်များနည်းတူ စစ်ကောင်စီအရပ်သားအဖွဲ့ဝင်များထဲတွင် ကောင်စီဝင်ဒေါက်တာဗညားအောင်မိုးလည်း ပါဝင်လာခဲ့သည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး၏ ထုတ်ပြန်ချက်မှာ တွေ့ရသည်။ ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုသည် စစ်တပ်နှင့်၎င်းခေါင်းဆောင်များအနေဖြင့် လက်ရှိလမ်းကြောင်းကို နောက်ပြန်မလှည့်မချင်း၊ ဒီမိုကရေစီပြန်လည်ဖော်ဆောင်ရေးအတွက်မပံ့ပိုးမချင်း ၎င်းတို့အပေါ် ထပ်မံအရေးယူမှုများနှင့် ဒဏ်ခတ်ပိတ်ဆို့မှုများ ဆက်လက်ချမှတ်သွားမည်ဖြစ်ကြောင်း ထပ်မံပြသခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ “မြန်မာနိုင်ငံအတွင်းအခြေအနေနှင့်စပ်လျဉ်း၍ပိုင်ဆိုင်မှုများကိုထိန်းချုပ်ကန့်သတ်ခြင်း” သမ္မတအမိန့်အမှတ် ၁၄၀၁၄ အရ…