မော်လမြိုင် ၊ ဖေဖော်ဝါရီ (၁၀)

မြန်မာစစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ဒီမိုကရေစီကို ထောက်ခံဖို့ရန် စာတစ်စောင် လက်ခံရရှိခဲ့တယ်လို့ ထိုင်းနိုင်ငံရဲ့ အာဏာသိမ်း စစ်အစိုးရခေါင်းဆောင်ဖြစ်တဲ့ ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့ပါတယ်။

၂၀၁၄ ခုနှစ်တွင် ရွေးကောက်တင်မြှောက်ခံရတဲ့ ဝန်ကြီးချုပ်ကို ဖြုတ်ချပြီး ၂၀၁၉ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သည့် ဗိုလ်ချုပ်ကြီး ပရာယွတ်က သူ့အနေနဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ ဒီမိုကရေစီလမ်းကြောင်းကို အမြဲထောက်ခံလျက်ရှိကြောင်း သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

“ မြန်မာနိုင်ငံရဲ့ဒီမိုကရေစီဖြစ်စဉ်ကို ကျွန်တော်တို့ထောက်ခံပါတယ်၊ ဒါပေမယ့် ဒီကနေ့အချိန်မှာ အရေးအကြီးဆုံးကတော့ ကောင်းမွန်တဲ့ဆက်ဆံရေးကို ထိန်းသိမ်းထားဖို့ပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ပြည်သူလူထုရယ်၊  စီးပွားရေးရယ်နှင့် နယ်စပ်ကုန်သွယ်ရေးကို အထူးသဖြင့် အခုအချိန်မှာ အကျိုးသက်ရောက်နေပါတယ်” “ ထိုင်းနိုင်ငံက ဒီမိုကရေစီလုပ်ငန်းစဉ်ကို ထောက်ခံပါတယ်။ ကျန်တာတွေကတော့ သူ့ရဲ့ ရှေ့ဆက်လုပ်ဆောင်ပုံကိုကြည့်ဖို့ သူ့အပေါ်မှာဘဲ တာဝန်ရှိပါတယ်”လို့ သူက ပြောပါတယ်။

ယခင်အာဏာသိမ်းချိန်မှစ၍ ဒေါ်အောင်ဆန်းစုကြည်၏ ထောက်ခံသူများဟာ ဆယ်စုနှစ်ကြာ ဒီမိုကရေစီစနစ်သို့ အသွင်ကူးပြောင်းမှုကို ရပ်တန့်စေတဲ့ အာဏာသိမ်းမှုကို  ဆန္ဒပြမှုများကြောင့် မြန်မာနိုင်ငံဟာ အပြင်းအထန်ကို လှုပ်ခါမှုဖြစ်ရပ်တွေ ဖြစ်ခဲ့ဖူးပါတယ်။

ပြီးခဲ့တဲ့ နှစ်က ဗိုလ်ချုပ်ကြီး ပရာယွတ်အား ဆန့်ကျင်သူများက သူ့ကို ရာထူးမှနုတ်ထွက်ရန် တောင်းဆိုခဲ့ပြီး ထိုင်းနိုင်ငံ၏ နိုင်ငံရေးကို စစ်တပ်နှင့် ဘုရင့်ဧကရာဇ်မင်းက ဆက်လက်စိုးမိုးရန်အတွက် နောက်ဆုံးရွေးကောက်ပွဲကို ကျင်းပပြုလုပ်ခဲ့တာဟု စွပ်စွဲခဲ့ပြီး သူ့အနေနဲ့ စွပ်စွဲမှုအားလုံးကို ငြင်းဆန်ခဲ့ပါတယ်။

ထိုင်းနှင့်မြန်မာစစ်တပ်တို့ဟာ နှစ်နိုင်ငံအကြား ရန်ငြိုးထားသည့် သမိုင်းကြောင်းရှိသော်ငြား မကြာသေးမီ ဆယ်စုနှစ်များအတွင်း နီးကပ်စွာ အလုပ်လုပ်ခဲ့သော ဆက်ဆံရေးကောင်းများလည်း ရှိခဲ့ပါတယ်။

မင်းဟံတလမွန်

REF – Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.