January 2021

ကိုဗစ်ဇစ်မြစ်ကို စုံစမ်းဖို့ WHO ပညာရှင်တွေ တရုတ်ကို သွားမည်

မော်လမြိုင် ၊ ဇန်နဝါရီ (၁၂) ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ သိပ္ပံပညာရှင် ၁၀ ဦးဟာ ကိုဗစ် -၁၉ ရဲ့ မူလဇစ်မြစ်ကို စုံစမ်းဖို့ရန်အတွက် လာမယ့်ကြာသပတေးနေ့မှ တရုတ်နိုင်ငံသို့ လာရောက်မှာ ဖြစ်တယ်လို့ တရုတ် အာဏာပိုင်များက ယမန်နေ့က ပြောကြားခဲ့ပါတယ်။ ကိုဗစ် ကူးစက်ရောဂါစတင်ပြီးနောက် တစ်နှစ်ကျော်အကြာတွင် စုံစမ်းစစ်ဆေးရေး ပြုလုပ်မှုကို ပေကျင်းအစိုးရမှ တားဆီးဖို့ ကြိုးပမ်းနေခဲ့တာပါ။ ကိုရိုနာဗိုင်းရပ်…

မီးပွိုင့်မှာ CCTV တပ်ပြီး စည်းကမ်းဖောက်ဖျက်ယာဉ်တွေကို စောင့်ကြည့်အရေးယူသွားမည်

မော်လမြိုင် ၊ ဇန်နဝါရီ (၁၂) မော်လမြိုင်မြို့နယ်အတွင်းရှိ မီးပွိုင့်အားလုံးမှာ CCTV ကင်မရာတပ်ဆင်ပြီးပါက မီးနီဖြတ်မောင်းတဲ့ ယာဉ်တွေကို စောင့်ကြည့်ကာ ထိရောက်တဲ့အရေးယူမှုတွေ ပြုလုပ်သွားမယ်လို့ မွန်ပြည်နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။ မွန်ပြည်နယ်မှာတော့ ၂၀၂၀ ခုနှစ်အတွင်း ယာဉ်မတော်တဆမှု(၈၅၈)မှု ဖြစ်ပွားခဲ့ပြီး ဆိုင်ကယ်မတော်တဆမှု အများဆုံး ဖြစ်ပွားခဲ့တာပါ။ အဲ့ဒီထဲမှာတော့ မီးနီဖြတ်မောင်းတဲ့ ယာဉ်တွေ ၊ ဆိုင်ကယ်ဦးထုတ်မဆောင်သူတွေနဲ့…

လွှတ်တော် ကတိကဝတ်တွေအား အစိုးရရဲ့ အကောင်အထည်ဖော်မှု တစ်ဝက်တောင် မရှိ

မော်လမြိုင် ၊ ဇန်နဝါရီ (၁၂) ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်ရဲ့ ကတိဝင် မေးခွန်း အဆိုတွေအပေါ် အစိုးရရဲ့ အကောင်အထည် ဖော်ဆောင်ရွက်မှုဟာ (၅၀) ရာခိုင်နှုန်းတောင် မပြည့်ဘူးလို့ မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဋ္ဌ ဒေါက်တာအောင်နိုင်ဦးက ပြောပါတယ်။ ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေးအထိ အဆို (၄၈)ခု တင်သွင်းခဲ့ပြီး (၄၃)ခုကို လွှတ်တော်က အတည်ပြုထားပါတယ်။ တင်သွင်းခဲ့တဲ့အဆိုတွေမှာ…

ထိုင်းမှာ ကိုဗစ်ကူးစက်ခံရတဲ့ မြန်မာနိုင်ငံသားတွေ ဆေးရုံဆင်းခွင့် ရပြီး

မော်လမြိုင် ၊ ဇန်နဝါရီ (၁၁) ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က မြန်မာရွှေ့ပြောင်းအလုပ်သမား ၃၀၀ နီးပါးဟာ စမွတ်ဆာခွန် ရှိဆေးရုံမှ ဆင်းခွင့်ရခဲ့ပြီး ပထမဆုံး ကိုဗစ်ရောဂါမှ အစုအဖွဲ့လိုက် အရေအတွက် များများ ပြန်လည်သက်သာလာတဲ့ ဖြစ်ရပ်တစ်ခု ဖြစ်လာခဲ့ပါတယ်။ စုစုပေါင်းမြန်မာရွေ့ပြောင်းအလုပ်သမား (၂၉၂) ဦး ကိုဗစ် ၁၉ ရောဂါပိုးကူးစက်မှုမရှိတော့ဘူးလို့ ကြေငြာခဲ့ပြီးတော့‌ ၎င်း အလုပ်သမားတွေအတွက် အားကစားကွင်းအတွင်း…

တတိယအကြိမ် မွန်လွှတ်တော် အစည်းအဝေး ဖေဖော်ဝါရီ ဒုတိယပတ်မှာ စမည်

မော်လမြိုင် ၊ ဇန်နဝါရီ (၁၁) ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ ကိုယ်စားလှယ်တွေ စတင် တက်ရောက်မယ့် တတိယအကြိမ် မွန်ပြည်လွှတ်တော်ရဲ့ ပထမအကြိမ် ပုံမှန်အစည်းအဝေးကို ဖေဖော်ဝါရီ ဒုတိယအပတ်မှာ ကျင်းပသွားမယ်လို့ လက်ရှိ မွန်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌ ဒေါ်တင်အိက ပြောပါတယ်။ မြန်မာနိုင်ငံရဲ့ တတိယအကြိမ် လွှတ်တော်သက်တမ်း ပြည်ထောင်စု အစည်းအဝေးတွေကိုတော့ ဖေဖော်ဝါရီလ (၁)ရက်နေ့မှာ ကျင်းပသွားမှာ…

ကျောင်းတွေ ပြန်ဖွင့်ခွင့်ပေးတာနဲ့ စာသင်ကြားနိုင်အောင် ပြင်ဆင်နေ

မော်လမြိုင် ၊ ဇန်နဝါရီ (၁၁) အစိုးရက ကျောင်းတွေ ပြန်လည်ဖွင့်လှစ်ခွင့်ပေးတာနဲ့ စာသင်ကြားနိုင်အောင် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်နေတယ်လို့ မွန်ပြည်နယ် ပညာရေးမှူးက ပြောပါတယ်။ မွန်ပြည်နယ်အတွင်းမှာတော့ အခြေခံပညာကျောင်းပေါင်း (၁၀၀၀)ကျော်ရှိပြီး ကျောင်းသူကျောင်းသား (၄)သိန်းကျော်က နှစ်စဉ် ပညာသင်ကြားနေကြပါတယ်။ ပထမအကြိမ် ကိုဗစ်-၁၉ ကူးစက်မှု ဖြစ်စဉ်အတွင်းမှာတော့ မွန်ပြည်နယ်အတွင်းက အခြေခံပညာကျောင်းပေါင်း (၂၀၀)ကျော်ဟာ ကိုဗစ် စည်ကမ်းချက်တွေနဲ့ အညီ…

ကျောက်မီးသွေးရုံငါးစျေး ပိတ်ထားရလို့ ယခင်သံလွင်စျေးမှာ ယာယီဖွင့်လှစ်ဖို့ တောင်းဆို

မော်လမြိုင်၊ ဇန်နဝါရီ ၈ ကိုဗစ်-၁၉ အတည်ပြုလူနာတွေ့ရှိမှုကြောင့် ကျောက်မီးသွေးရုံ ငါးစျေး ပိတ်ထားရတဲ့အတွက် မူလနေရာ သံလွင်စျေးမှာ ယာယီစျေးဖွင့်လှစ်နိုင်ရေးအတွက် အစိုးရထံ တင်ပြထားတယ်လို့ မွန်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။ ကျောက်မီးသွေးရုံငါးစျေးဟာ မွန်ပြည်နယ်အတွင်းက ငါးတွေကို အဓိက ဖြန့်ဖြူရောင်းချနေတဲ့ စျေးကွက် တစ်ခု ဖြစ်ပါတယ်။ နိုဝင်ဘာလ ဒုတိယအပတ်ကစပြီး အဲ့ဒီစျေးမှာ အတည်ပြု လူနာတွေ…

မွန်ပြည်နယ်လွှတ်တော် နောက်ဆုံးအကြိမ် အစည်းအဝေး မကျင်းပဖြစ်

မော်လမြိုင် ၊ ဇန်နဝါရီ (၈) ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်ရဲ့ နောက်ဆုံးအကြိမ် ပုံမှန်အစည်းအဝေး မကျင်းပဖြစ်တော့ဘူးလို့ မွန်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌက ပြောပါတယ်။ ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်ရဲ့ နောက်ဆုံးအကြိမ် ပုံမှန်အစည်းအဝေးကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလ တတိယအပတ်အတွင်းမှာ ကျင်းပသွားဖို့လျာထားပေမယ့် အချိန်မလုံလောက်တာကြောင့် မကျင်းပဖြစ်တော့တာလို့ ဆိုပါတယ်။ မွန်ပြည်နယ်လွှတ်တော်ဥက္ကဌ ဒေါ်တင်အိက “တတိယအကြိမ်ကို လွှဲပြောင်းပေးဖို ဆောင်ရွက်နေတာအများကြီးရှိတယ် ဒီကြားလွှတ်တော်ခေါ်ဖို့လုပ်တယ်…

ယာဉ်မတော်တဆဖြစ်ပွားမှုတွေကြောင့် လူ (၂၄၀)ကျော် သေဆုံးခဲ့

မော်လမြိုင် ၊ ဇန်နဝါရီ (၈) မွန်ပြည်နယ်မှာ ၂၀၂၀ ခုနှစ်အတွင်း ယာဉ်မတော်တဆဖြစ်ပွားမှု (၈၀၀)ကျော်ဖြစ်ပွားခဲ့ပြီး သေဆုံးသူက (၂၄၀)ဦး ရှိခဲ့တယ်လို့ မွန်ပြည်နယ်ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲရုံးရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။ ၂၀၂၀ ခုနှစ် တစ်နှစ်တာ အတွင်းမှာ ယာဉ်မတော်ဆမှုပေါင်း(၈၅၈)မှု ဖြစ်ပွားခဲ့ပြီး အဲဒီထဲမှာ ဒဏ်ရာရရှိသူတွေက (၁၃၂၄)ဦးနဲ့ သေဆုံးသူက (၂၄၇)ဦးအထိ ရှိခဲ့တာပါ။ “အမှန်တကယ်က ယာဉ်မတော်တမှုက ၂၀၂၀…

မွန်ပြည်နယ်ထွက်ငါးတွေကို ပြည်ပတင်ပို့ဖို့ အခက်အခဲတွေ ရှိနေ

မော်လမြိုင် ၊ ဇန်နဝါရီ (၇) မွန်ပြည်နယ်ထွက် ငါးတွေကို ပြည်ပတင်ပို့ဖို့ အခက်အခဲများစွာ ရင်ဆိုင်နေရတယ်လို့ ငါးလုပ်ငန်းဦးစီးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။