မော်လမြိုင် ၊ဇန်နဝါရီ (၂၄)

တတိယအကြိမ် လွှတ်တော်မှာ အမျိုးသမီးတွေကို ပိုမို ကိုယ်စားပြုပေးဖို့ အမျိုးသမီးအရေး ဆောင်ရွက်နေသူတွေက မျှော်လင့်နေကြပါတယ်။

၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မွန်ပြည်နယ်က အနိုင်ရ ကိုယ်စားလှယ်တွေမှာ အမျိုးသမီး (၁၁) ဦးပါဝင်ခဲ့ပြီး ရာခိုင်နှုန်းအားဖြင့် (၂၄) ရာခိုင်နှုန်း ရှိခဲ့တာပါ။

ဒီအမျိုးသမီး ကိုယ်စားလှယ်တွေကနေတစ်ဆင့် လွှတ်တော်အတွင်းမှာ အမျိုးသမီးတွေကို ကိုယ်စားပြုတဲ့ မူဝါဒတွေ ၊ ဥပဒေတွေကို ဖော်ဆောင်ပေးဖို့နဲ့ တိုင်းရင်းသားလူနည်းစုတွေရဲ့ အသံတွေကို နားထောင်ပေးဖို့ အမျိုးသမီး အခွင့်အရေး လှုပ်ရှားနေသူတွေက မျှော်လင့်နေကြပါတယ်။

“အမျိုးသမီးတွေရဲ့ လုံခြုံရေး အမျိုးသမီးတွေရဲ့အသံ လူနည်းစုတွေရဲ့အသံ မူဝါဒတွေရရှိအောင် ဥပဒေတွေ ခိုင်မာအောင် လုပ်ဆောင်သွားမယ်လို့ ကျွန်မတို့မျှော်လင့်တယ် တခြားကိုယ်စားလှယ်တွေလည်း အထူးသဖြင်း အမျိုးသမီးတွေရဲ့ ပြဿနာကို ကိုင်တွယ်ဖြေရှင်း ကိုယ်စားပြုသွားမယ်လို့ ကျွန်မတို့ မျှော်လင့်တယ်” လို့ ပြည်နယ်အတွင်း အမျိုးသမီးအရေးလှုပ်ရှားနေတဲ့ မွန်အမျိုးသမီးကွန်ရက်က မိချယ်ရီစိုးက ပြောပါတယ်။

ဒါ့အပြင် အသက်မဝင်တဲ့ အမျိုးသမီးနှင့်ကလေး အကာကွယ်ပေးရေး ဥပဒေတွေကို တတိယအကြိမ် လွှတ်တော်သက်တမ်းမှာ ဖော်ဆောင်ပေးဖို့ တိုက်တွန်းလိုတယ်လို့ အမျိုးသမီးအရေး လှုပ်ရှားနေသူတွေက ဆိုပါတယ်။

“လွှတ်တော်တက်မယ့် အမျိုးသမီးကိုယ်စားတွေအနေနဲ့ ပြည်ထောင်စုအဆင့်ဆိုလို့ရှိရင် ချမှတ်ထားတဲ့ မူဝါဒတွေကို အကောင်အထည်ဖော်ဖို့ တိုက်တွန်းတယ် နောက်ပြီးတော့ မူဝါဒအသစ်တွေပေါ့နော် တကယ်အမျိုးသမီးအရေးကို တကယ်ဆောင်ရွက်နိုင်တဲ့ မူဝါဒအသစ်တွေကိုလည်း လုပ်စေချင်တယ် နောက် ပြည်နယ်အဆင့် အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်တွေကလည်း အမျိုးသမီးအရေးကိစ္စကို အသက်ဝင်အောင် လုပ်ဆောင်အကောင်အထည်ဖော်သွားစေချင်တယ်”လို့ အမျိုးသမီးအရေးလုပ်ရှားသူ မိ

ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်သက်တမ်းမှာတော့ အမျိုးသမီးနဲ့ ကလေးသူငယ် အခွင့်အရေးဆိုင်ရာကော်မတီတစ်ရပ်ကို ဖွဲ့စည်းပြီး အမျိုးသမီးအရေးကို ဆောင်ရွက်ခဲ့ကြပါတယ်။

ဒါ့ပေမယ့် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် သက်တမ်း(၅)နှစ်မှာ တင်သွင်းခဲ့တဲ့ အဆို (၅၁)ခုရှိပြီး အဲ့ဒီအထဲမှာ အမျိုးသမီးနှင့်ကလေးသူငယ်အခွင့်အရေးတွေကို ကိုယ်စားပြုတဲ့ အဆိုတွေတော့ မပါဝင်ခဲ့ပါဘူး။

ပြည်နယ်အတွင်းမှာလည်း အိမ်တွင်း အကြမ်းဖက်မှုတွေနဲ့ သက်ငယ်မုဒိန်းဖြစ်ပွားမှုတွေဟာ တစ်နှစ်ထက် တစ်နှစ် ပိုမိုများပြားခဲ့ပါတယ်။

မွန်ပြည်နယ် ရဲတပ်ဖွဲ့ရဲ့ (၂၀၂၀) ပြည့်နှစ် နိုဝင်ဘာလကုန်းပိုင်းအထိ စာရင်းတွေအရ ပြည်နယ်အတွင်းမှာ မုဒိန်းမှု ( ၈၉)မှု ဖြစ်ပွားခဲ့ပြီး အများစုကတော့ သက်ငယ်မုဒိန်းမှုတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.