မော်လမြိုင် ၊ ဇန်နဝါရီ (၁၅)

တရားမဝင်လုပ်သား မှောင်ခိုသွင်းမှုကို အားပေးကူညီမှုနှင့် သူတို့ရဲ့ ပေါ့ဆမှုတွေနဲ့ပတ်သက်ပြီး ထိုင်းတော်ဝင်ရဲတပ်ဖွဲ့သည် ရဲအရာရှိ (၃၃) ဦးနှင့် ပြည်နယ်အရာရှိတွေကို  စုံစမ်းစစ်ဆေးမှု ပြုလုပ်မှာ ဖြစ်ပါတယ်။

ကနဦးစစ်ဆေးချက်အရ ထိုင်း – မြန်မာနယ်စပ် ဆန်ခရဘူရီ ခရိုင် ရွှေ့ပြောင်းအလုပ်သမားများ တရားမဝင် မှောင်ခိုသွင်းမှုတွင် ၀န်ထမ်း ၃၃ ဦး ပါဝင်တယ်လို့ အမျိုးသားရဲဌာန ဒုတိယရဲချုပ် ဒမ်ရွန်ဆက် ကစ်တီပရာပါက ကြာသပတေးနေ့က ပြောကြားခဲ့သည်။

၎င်းတို့ထဲမှာမှ အယောက်၂၀ ကျော်မှာ အရာရှိများမှ လက်ထောက် တပ်မှူးများအထိဖြစ်ပြီး အချို့မှာ အခြားသော ပြည်နယ်က တာဝန်ရှိသူများ ဖြစ်တယ်လို့ သူကဆက်ပြောပါတယ်။

အချို့မှာ ရွှေ့ပြောင်းအလုပ်သမားများ မှောင်ခိုသွင်းခြင်းကို လျစ်လျူရှုထားပြီး အချို့မှာကိုယ်တိုင်ပါ၀င် ပတ်သက်နေတယ်လို့ သူကပြောပါတယ်။

ရဲတပ်ဖွဲ့မှူး ဒမ်ရွန်ဆက် က ရဲချုပ်ဗိုလ်ချုပ်ကြီး ဆူဝက် ဂျန်ရွတ်ဆက် ကို တနင်္လာနေ့တွင် စုံစမ်းစစ်ဆေးရေးကော်မတီတစ်ခု ဖွဲ့စည်း၍ ပါဝင်ပတ်သက်သူအားလုံးကို တရားစွဲဆိုခြင်း နှင့် ဥပဒေချိုးဖောက်မှုလုပ်ရပ်များအတွက် အရေးယူခြင်းများပြုလုပ်ရန် တောင်းဆိုထားပါတယ်။

သူက ဆက်လက်၍  မှောင်ခိုဂိုဏ်းနဲ့ ပတ်သက်ဆက်နွယ်သူတွေဖြစ်တဲ့ အခြား ထိုင်းအရပ်သားရှစ်ယောက်ကို ထိုင်းနိုင်ငံသို့ ရွှေ့ပြောင်းအလုပ်သမားများကို တရားမဝင် ခိုးသွင်းပြီး မကြာမီက Covid-19 ဖြစ်ပွားမှု၏ ဗဟိုချက်ဖြစ်သည့် Samut Sakhon တွင်အလုပ်လုပ်ရန် စေလွှတ်ခြင်းအတွက် ဖမ်းဆီးအရေးယူသွားမယ်လို့လည်း ပြောပါတယ်။

ထိုင်းနိုင်ငံရှိ တရားမ၀င်နိုင်ငံခြားသား အလုပ်သမားများ မှတ်ပုံတင်ခြင်းဆိုင်ရာ လုပ်ငန်းများအတွက် ပြင်ဆင်မှုများပြုလုပ်ရန် ရဲတပ်ဖွဲ့များက နယ်စပ်လုံခြုံရေး ကင်းလှည့်များကို တိုးမြှင့်လုပ်ဆောင်သွားမယ်ဟု အရာရှိကထပ်မံပြောကြားခဲ့သည်။

ရွှေ့ပြောင်း အလုပ်သမားများမှ ဗိုင်းရပ်စ် ပျံ့နှံ့မှုကို ကာကွယ်ရန်အတွက် ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၉ ရက်နေ့က အစိုးရအဖွဲ့ဟာ တရားမဝင်အလုပ်သမားတွေကို အလုပ် လုပ်ကိုင်ခွင့်အတွက် မှတ်ပုံတင်ခွင့်ပြုခဲ့တာဖြစ်ပြီး (၂) ကြာ နေထိုင်ခွင့် ပြုခဲ့တာလည်း ဖြစ်ပါတယ်။ ၎င်းလုပ်ငန်းစဉ်ဟာ ယနေ့မှ စပြီး ဖေဖော်ဝါရီ (၁၃) ရက်နေ့အထိ မှတ်ပုံတင်ရမှာ ဖြစ်ပြီး သူတို့ကို Covid-19 အတွက် စမ်းသပ်မှုများပြုလုပ်ဖို့လည်း နှိုးဆော်ထားတာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ သည် တရားမဝင်လောင်းကစား ပြုလုပ်ခြင်းကို တားဆီးရန်နှင့် ရွှေ့ပြောင်းအလုပ်သမားများ မှောင်ခိုသွင်းခြင်းကို ကိုင်တွယ်ရန် ကြာသပတေးနေ့က ကော်မတီအသစ်နှစ်ခုကိုဖွဲ့စည်းခဲ့ပါတယ်။

မင်းဟံတလမွန်

REF – Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.