December 22, 2020

မည်သူမဆို ကျန်းမာရေးစစ်ဆေးပြီးတာနဲ့ မွန်ပြည်နယ်အတွင်းကို ဝင်ခွင့်ပေးပြီ

မော်လမြိုင် ၊ ဒီဇင်ဘာ (၂၂) အခြားတိုင်းနဲ့ပြည်နယ်က လာသူအားလုံး မည်သူမဆို ကျန်းမာရေးစစ်ဆေးပြီးတာနဲ့ မွန်ပြည်နယ်အတွင်းကို ဝင်ခွင့်ပေးနေပြီးလို့ သိပ်ဇရပ်မြို့ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ ကိုဗစ်-၁၉ ကူးစက်မှု မြင့်တက်ခဲ့ပြီးနောက် မွန်ပြည်နယ် အဝင်ဝ စစ်တောင်းတံတားမှာ ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ်ကို ဖွင့်လှစ်ထားပါတယ်။ အရင်ကတော့ အစိုးရဝန်ထမ်းတွေနဲ့ မဖြစ်မနေ သွားရမယ့် အရေးပေါ်လူနာတွေကိုသာ ဖြတ်သန်းခွင့် ပေးခဲ့တာပါ။ အခုအခါမှာတော့…

ဗြိတိန်နိုင်ငံအစိုးရ ဗိုင်းရပ်စ်ကူးစက်မှုတားဆီရေးတွင် အကျပ်အတည်းနှင့် ရင်ဆိုင်နေရ

မော်လမြိုင် ၊ ဒီဇင်ဘာ (၂၂) ယူကေနိုင်ငံအနေဖြင့် “ထိန်းချုပ်မှုရဲ့ ပြင်ပရောက်ရှိနေပြီး”လို့ ဝန်ကြီးချုပ် ဘိုရစ်ဂျွန်ဆင်က ပြောကြားခဲ့ကာ တနင်္လာနေ့က သူကိုယ်တိုင် ဦးဆောင်ကျင်းပခဲ့တဲ့ အစည်းအဝေးတစ်ရပ်က ကိုရိုနာဗိုင်းရပ်စ်ဗီဇကူးစက်မှု မြင့်မားနေလျှက်ရှိတာကြောင့် ပြင်သစ်နိုင်ငံ၊ အာဂျစ်တီနားနိုင်ငံနှင့် နိုင်ငံအများအပြားမှ ဗြိတိန်နိုင်ငံသို့ ဝင်ရောက်မယ့် လေကြောင်းခရီးစဥ် ပိတ်ပင်တားမြစ်ခဲ့တာဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က COVID-19 ကြောင့် သေဆုံးမှုနှုန်း လူဦးရေ ၅၀၀,၀၀၀ အထိရှိခဲ့တဲ့…

အဝေးပြေးယာဉ်လိုင်းတွေအတွက် စနစ်ကျတဲ့ မူဝဒါတစ်ခုဖော်ဆောင်ပေးဖို့ လိုအပ်နေတယ်

မော်လမြိုင်၊ ဒီဇင်ဘာ ၂၂ ကိုဗစ်ကာလ မွန်ပြည်နယ်အတွင်းက အဝေးပြေးယာဉ်လိုင်းတွေအတွက် စနစ်ကျတဲ့ မူဝဒါတစ်ခု ဖော်​ဆောင်ပေးဖို့ လိုအပ်တယ်လို့ မွန်ပြည်နယ် ယာဥ်လုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးကော်မတီက ပြောဆိုလိုက်ပါတယ်။ မွန်ပြည်နယ်အတွင်း ယာဉ်လိုင်းတွေကိုတော့ အခြားတိုင်းနဲ့ပြည်နယ်တွေကို ကုန်တင်ပို့ဆောင်ခွင့် ပေးထားပေးမယ့် ခရီးသည် တင်ဆောင်ခွင့်ကိုတော့ တားမြစ်ထားပါတယ်။ ဒါပေမယ့် ယာဉ်လိုင်းအချို့ဟာ ကုန်တွေနဲ့အတူ ခရီးသည်တွေကိုလည်း တင်ဆောင်လာပြီး ရောဂါပိုး ရှိမရှိ စစ်ဆေးတာတွေကိုလည်း…