December 16, 2020

UEC ကို မကျေနပ်လို့ USDP ပါတီဝန်းရံသူတွေ မွန်ပြည်နယ် (၁၀)မြို့နယ်မှာ ဆန္ဒဖော်ထုတ်မည်

မော်လမြိုင်၊ ဒီဇင်ဘာ ၁၆ ရွေးကောက်ပွဲကော်မရှင်ရဲ့ ဆောင်ရွက်ချက်တွေကို မကျေနပ်တဲ့အတွက် မွန်ပြည်နယ် မြို့နယ်အားလုံးမှာ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီဝန်းရံသူတွေက ဆန္ဒဖော်ထုတ်မယ်လို့ USDP ပါတီ မွန်ပြည်နယ် အတွင်းရေးမှူးက ပြောပါတယ်။ ဆန္ဒဖော်ထုတ်ပွဲတွေကို ဒီဇင်ဘာလအတွင်းမှာ ဆက်တိုက် ပြုလုပ်သွားမယ်လို့ ဆိုပါတယ်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲ မဲရလဒ်တွေနဲ့ ပတ်သက်ပြီး ကော်မရှင်ရဲ့ လုပ်ဆောင်ချက်တွေဟာ ပွင့်လင်းမြင်သာမှုမရှိတဲ့အတွက် ဝန်းရံသူတွေက…

မွန်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ မဲဆွယ်အသုံးစရိတ် (၇၆)သိန်းကျော် သုံးစွဲခဲ့

မော်လမြိုင် ၊ ဒီဇင်ဘာ (၁၆) မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံဟာ ရွေးကောက်ပွဲအသုံးစရိတ် (၇၆) သိန်းကျော် သုံးစွဲခဲ့တယ်လို့ သထုံခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။ ဝန်ကြီးချုပ်ဒေါက်တာအေးဇံဟာ ဒီဇင်ဘာလ (၂)ရက်နေ့မှာ သထုံခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲထံ မဲဆွယ်ကုန်ကျစရိတ်ကို တင်ပြခဲ့တာ ဖြစ်ပါတယ်။ တင်ပြခဲ့တဲ့စာရင်းတွေအရတော့ ခရီးသွားလာစရိတ်တွေနဲ့ မဲရုံကိုယ်စားလှယ်အသုံးစရိတ်တွေ ၊ ကိုယ်စားလှယ်ပုံပါ အောင်နိုင်ရေး အကျီတွေနဲ့…

ထိုင်းနိုင်ငံသို့ ဝင်ရောက်လာခဲ့တဲ့ ဗြိတိန်လူမျိုး ၆ လသား ကလေးငယ် COVID-19 ရောဂါပိုးကူးစက်ခံခဲ့ရ

မော်လမြိုင် ၊ ဒီဇင်ဘာ (၁၆) ထိုင်းနိုင်ငံအတွင်း COVID-19 အသစ်ဖြစ်ပေါ်ကူးစက်မှုဟာ ၉ ဦးထိရှိလာခဲ့ပြီး ခြောက်လသားအရွယ် ကလေးငယ်တစ်ဦးအပါအဝင် အားလုံးက ကွာရန်တင်း ဝင်နေကြတဲ့ နိုင်ငံခြားသားများဖြစ်ပြီး ပြည်ပနိုင်ငံ ၇ နိုင်ငံမှ ဝင်ရောက်လာခဲ့တာဖြစ်တယ်လို့ ထိုင်းအစိုးရ အင်္ဂါနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ ရောဂါပြန့်ပွားကူးစက်ချိန်မှ ယနေ့အထိ ထိုင်းနိုင်ငံအတွင်း ကူးစက်ခံရတဲ့ လူနာပေါင်း ၄၂၄၆ ဦးခန့်ရှိပြီး သေဆုံးလူနာ…