December 11, 2020

ခရီးသွားဝင်ရောက်မှု (၇၀)ရာခိုင်နှုန်းထိ လျော့ကျခဲ့လို့ ခရီးသွားလုပ်ငန်းအချို့ ရပ်နားလိုက်ရ

မော်လမြိုင် ၊ ဒီဇင်ဘာ(၁၁) ကိုဗစ်ကာလ မွန်ပြည်နယ်အတွင်းကို ခရီးသွားဝင်ရောက်မှု (၇၀)ရာခိုင်နှုန်းထိ လျော့ကျခဲ့လို့ ဟိုတယ်ခရီးသွားလုပ်ငန်းအချို့ ရပ်နားလိုက်ရပါတယ်။ ကိုဗစ်-၁၉ စတင်ဖြစ်ပွားချိန်ကစပြီး လေကြောင်းခရီးစဉ်တွေကို ရပ်နားလိုက်ပြီး ပြည်တွင်းမှာလည်း နယ်မြေဖြတ်ကျော် ခရီးသွားလာခွင့်ကို ကန့်သတ်မှုတွေ ရှိလာတာကြောင့် အခုလို ခရီးသွားဝင်ရောက်မှု လျော့ကျခဲ့တာ ဖြစ်ပါတယ်။ ခရီးသွားလျော့ကျလာတာနဲ့အတူ ဟိုတယ်ခရီးသွားလုပ်ငန်းတွေမှာ ဝင်ငွေနည်းလို့ ဆက်လက် လည်ပတ်ဖို့ အခက်အခဲတွေ ရင်ဆိုင်လာရပါတယ်။…

ဒုတိယအကြိမ် မွန်လွှတ်တော် နောက်ဆုံးအစည်အဝေးကို ဇန်နဝါရီ တတိယအပတ်တွင် ကျင်းပမည်

မော်လမြိုင် ၊ ဒီဇင်ဘာ (၁၁) ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော်ရဲ့ နောက်ဆုံးအကြိမ် ပုံမှန်အစည်းအဝေးကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလ တတိယအပတ်အတွင်းမှာ ကျင်းပသွားမယ်လို့ မွန်ပြည်နယ်လွှတ်တော် ဥက္ကဌက ပြောပါတယ်။ နောက်ဆုံးအကြိမ် အစည်းအဝေးမှာ မေးခွန်းမေးမြန်းတာတွေ အဆိုတင်သွင်းတာတွေအပြင် ဥပဒေကြမ်းတွေလည်း တင်သွင်းဆွေးနွေးသွားဖို့ရှိတယ်လို့ ဆိုပါတယ်။ “လွှတ်တော်ခေါ်တာက အတိအကျတော့ မပြောနိုင်သေးဘူး ဇန်နဝါရီ တတိယအပတ်လောက်တော့ လျာထားချက်ရှိတယ် ဇန်နဝါရီ…

ကုန်သေတ္တာပုံးဖြင့်ဖွဲ့စည်းထားတဲ့ လူနာဆောင်များကို တောင်ကိုရီးယား အစိုးရတည်ဆောက်နေ

မော်လမြိုင် ၊ ဒီဇင်ဘာ (၁၁) တောင်ကိုးရီယားအစိုးရအနေဖြင့် ကိုရိုနာဗိုင်းရပ်စ် တတိယလှိုင်းကို စဥ်ဆက်မပြတ် တိုက်ဖျက်နိုင်ရန်အတွက် ကုန်တင်သင်္ဘောများရဲ့ ကုန်သေတ္တာပုံးများကို မြန်နှုန်းမြှင့်ရောဂါရှာဖွေခြင်းလုပ်ငန်းများ လုပ်ဆောင်နိုင်မယ့် ယာယီလူနာဆောင်များအဖြစ် ပြောင်းလဲနေပြီဖြစ်ပါတယ်။ စုစုပေါင်း ရောဂါဖြစ်ပွားမှုဟာ ၄၀,၀၀၀ ထက်ကျော်လွန်ခဲ့ပြီး ဆိုးလ်မြို့နှင့် အခြားသော မြို့ကြီးများမှာ ဆေးရုံရှိ ကုတင်များဟာ ပြတ်လပ်တာကြောင့် အတည်ပြုလူနာ ၅၀၀ ကျော်ဟာ အိမ်မှာ စောင့်ဆိုင်းနေရတာ…