မော်လမြိုင် ၊ ဒီဇင်ဘာ (၉)

အိမ်နီးချင်း မြန်မာနိုင်ငံရဲ့  မြို့နယ်တစ်ခုနှင့်ဆက်စပ်ပြီး အသစ်တဖန် စတင်လာခဲ့တဲ့ COVID-19 ကူးစက် မှုများကို ဒါဇင်နဲ့ချီတွေ့ရှိလာခဲ့ရပြီးနောက် ထိုင်းအစိုးရအနေဖြင့် နယ်ခြားမျဥ်းစောင့်ကြည်ရေးများတွင် မောင်းသူမဲ့ဒရုန်းများနှင့် ခရမ်းလွန်ရောင်ခြည်သုံးရှာဖွေရေးကင်မရာများကို အသုံးပြု၍ ကြပ်မတ်ဆောင် ရွက်နေတာလည်း ဖြစ်ပါတယ်။

နိုဝင်ဘာလ နှောင်းပိုင်းမှာ အနည်းဆုံး လူ ၁၆ ဦးခန့် က နယ်စပ်မျဥ်းကို တရားမဝင်ဖြတ်ကျော်ပြီး ကွာရန်တင်း ၁၄ ဝင်ရန် ပျက်ကွက်ခဲ့အပြင် ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးကို စစ်ဆေးတွေ့ရှိခဲ့တာကြောင့် လတ်တလော ခြေရာခံဆဲဖြစ်တဲ့ မြန်မာနိုင်ငံမှ ပြန်ရောက်လာတဲ့အဖွဲ့ထဲမှ နှစ်ဦးဟာ နိုင်ငံတွင်း ကူးစက်ခံထားရပြီးဖြစ်တယ်လို့ အာဏာပိုင်များက ထုတ်ပြန်ပြောဆိုထားပါတယ်။

တရားမဝင်ဖြတ်သန်းဝင်ရောက်မှုများကို တားဆီးနိုင်ရန်နှင့် ကူးစက်မှုအန္တရာယ်များကို ထိန်းချုပ်နိုင် ရန် ယိုပေါက်ဖြစ်နေတဲ့ နယ်ခြားမျဥ်းတလျှောက် ကင်းကတုပ်၊ အတားအဆီးများကို တိုးမြှင့် တည်ဆောက်ထားဖို့ ဝန်ကြီးချုပ် ပရရွတ်ချန်အိုချာ က ဒီဇင်ဘာ ၇ ရက်နေ့ (တနင်္လာနေ့)မှာ အရာရှိများ ကို ညွှန်ကြားထားပါတယ်။

(ဒုတိယဝန်ကြီးချုပ်)တဖြစ်လည်း ကျန်းမာရေးဝန်ကြီး အနူတင်ချာန်ဗီရာကူလ် ရဲ့ အင်္ဂါနေ့ပြောကြားချက် အရ ဗိုင်းရပ်စ်ကူးစက်မှုကို ထိန်းချုပ်ထားနိုင်တာဖြစ်ပြီး မြန်မာနိုင်ငံမှ ဝင်ရောက်လာခဲ့တဲ့ နောက်ဆုံး ကူးစက်မှုဖြစ်စဥ်များကိုလည်း ခြေရာခံထားနိင်ပြီးဖြစ်တာကြောင့် ဒုတိယ ကူးစက်မှုလှိုင်းဟု ယူဆလို့ မရနိုင်ကြောင်းဟူ၍ ပါရှိပါတယ်။

ရောဂါကူးစက်မှုအန္တရာယ်အား ဟန့်တားနိုင်ရန်အလို့ငှာ ထိုင်း-မြန်မာနယ်ခြားမျဥ်းကို စောင့်ကြည့်ဖို့ရန် လိုအပ်ပြီး အဆိုပါနယ်ခြားမျဥ်းမှာ ၂,၄၁၄ ကီလိုမီတာ ရှည်လျားပြီး တောင်ကုန်းတောတန်းများနှင့် သဘာဝနေရာများအများစုဖြင့် ဖွဲ့စည်းထားတာကြောင့် အာဏာပိုင်တွေအတွက် အဓိကစိန်ခေါ်မှု တစ်ရပ် ဖြစ်စေပါတယ်။

စစ်ဘက်၊ ရဲဘက် အရာရှိများနှင့် အရပ်သားစေတနာ့ဝန်ထမ်းများဖြင့် နယ်စပ်ဧရိယာများကို ပိုမိုတင်း ကျပ်တဲ့ ထိန်းချုပ်မှုများကို အင်တိုက်အားတိုက်ဆောင်ရွက်‌နေတာလည်းဖြစ်ပါတယ်။

ထိုင်းနိုင်ငံရှိ အာဏာပိုင်များအနေဖြင့် ပြည်တွင်းကူးစက်မှုနှုန်းကို ဟန့်တားနိုင်ရန် စီစဥ်ဆောင်ရွက်နိုင်ပြီ ဖြစ်ပါတယ်။ အခြားသောနိုင်ငံများမှ ဝင်ရောက်လာသူများအကြား အစိုးရကွာရန်တင်းများတွင် လတ်တ လော ဖြစ်ပေါ်လာသော ကူးစက်မှုမှာ အများဆုံးရှိနေပြီး စုစုပေါင်း ကူးစက်သူဦးရေ ၄၁၂၆ ဦးထိ ရှိခဲ့တာပါ။

အခြားတစ်ဖက်မှာလည်း မြန်မာနိုင်ငံအနေဖြင့် တစ်ရက်လျှင် ၁၀၀၀ ထက်မနည်း ကူးစက်မှုများဖြစ် ပေါ်နေပြီး လွန်ခဲ့တဲ့ ရက်သီတင်းပတ်များအတွင်း ကူးစက်ရောဂါများ တိုးမြှင့်ဖြစ်ပွားလျှက်ရှိပါတယ်။

COVID-19 ကြောင့် ထိုင်းနိုင်ငံရဲ့ ခရီးသွားကဏ္ဍဟာလည်း ထိခိုက်နေရပြီး ယခုအခါတွင် မြန်မာ့နယ်စပ် ထိုင်းမြောက်ပိုင်းဒေသများသို့ လည်ပတ်ကြမည့် ခရီးသွားအချို့လည်း ယင်းတို့၏ အားလပ်ရက်ခရီးစဥ် များကို ပယ်ဖျက်လိုက်ကြတာလည်းဖြစ်ပါတယ်။

ထိုင်း-မြန်မာ နှစ်နိုင်ငံ နယ်ခြားမျဥ်းများကို ပိတ်ဆိုထားတာကြောင့် နယ်စပ်မြို့အချင်းချင်းကြား မှာရှိတဲ့ စီးပွားရေး ဆိုင်ရာ လှုပ်ရှားဆောင်ရွက်မှုများနှင့် ကုန်သွယ်မှုတွေမှာ များစွာ ထိခိုက်နေရတယ်လို့ ပါရှိပါတယ်။

အောင်မျိုးမြတ်

REF  – THESTRAITSTIMES

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.