မော်လမြိုင် ၊ ဒီဇင်ဘာ (၇)

ခရီးသွားလုပ်ငန်းကို အဓိက မှီခိုရတဲ့ ထိုင်းနိုင်ငံရဲ့စီးပွားရေးက နောက်နှစ်အတွင်းမှာ လာရောက်လည် ပတ်သူဧည့်သည်ပေါင်း ၈ သန်းအထိ လက်ခံရရှိဖို့ရန် လိုအပ်ပြီး ကိုဗစ်ကာလမတိုင်မီအထိ ရှိခဲ့တဲ့ နိုင်ငံတကာ ခရီးသွားဧည့်သည်ဝင်ရောက်မှုနှုန်း သန်းပေါင်း ၄၀ ကို ပြည့်မီဖို့ရန်အတွက် ပြန်လည် ထူထောင်ရေး အစီအစဥ်ဟာ ၂၀၂၄ခုနှစ်အထိ ကြာမြင့်နိုင်မယ်လို့ ထိုင်းဘဏ္ဍာရေးဝန်ကြီးက ဒီဇင်ဘာလ ၂ ရက်နေ့ (ဗုဒ္ဓဟူး) နေ့မှာ ပြောကြားခဲ့ပါတယ်။

ခရီးသွားကဏ္ဍထိခိုက်မှုနှင့်အတူ အရှေ့တောင်အာရှ၏ ဒုတိယအကြီးဆုံးစီးပွားရေးသည် ယခု နှစ်ရဲ့ အစောပိုင်း သုံးလပတ်မှာ ၆.၄ ရာခိုင်နှုန်းအထိကျဆင်းခဲ့ပြီး နောက်ထပ်သုံးလပတ်မှာ ၁၂.၁ ရာခိုင်နှုန်း အထိ ကျဆင်းခဲ့ပါတယ်။

နိုင်ငံစီးပွားရေးအနေနဲ့က ပြန်လည်နာလန်ထူနိုင်ဖို့ အချိန်နှစ်နှစ်ခန့် လိုအပ်မှာဖြစ်ပြီးတော့ ခရီးသွားကဏ္ဍ အတွက်က ၂၀၂၄ ခုနှစ်ထိ ကြာမြင့်နိုင်မယ်လို့ ဘဏ္ဍာရေးဝန်ကြီး အာခွမ် တာမ်ဖိတ်တရာပိုင်စစ် က ပြော ကြားခဲ့ပါတယ်။

“ကာကွယ်ဆေးတစ်ရပ်ထွက်ပေါ်လာလို့များ ကမ္ဘာခရီးသွားကဏ္ဍက ပိုမိုကောင်းမွန်လာရင် ကျွန်တော်တို့ ရဲ့ ခရီးသွားကဏ္ဍသည်လည်း မြန်မြန်ဆန်ဆန် လိုက်ပါလာမှာဖြစ်ပါတယ်” လို့ အဆိုပါ ဝန်ကြီးက ဖြည့်စွက် ပြောကြားခဲ့ပါတယ်။

ထိုင်းနိုင်ငံအတွင်း ရောဂါဖြစ်ပွားမှု အနည်းငယ်သာရှိခဲ့ပြီး ကန့်သတ်ချက်အများစုကို လျှော့ချပေးခဲ့ပေ မယ့်လည်း ဧပြီလက ထုတ်ပြန်ထားခဲ့တဲ့ ခရီးသွားလာခြင်းဆိုင်ရာ ပိတ်ပင်ထားမှုကိုတော့ မရုတ်သိမ်း သေးပါ။

မကြာသေးခင်ကမှ အထူးဗီဇာဖြင့် ဝင်ရောက်လာတဲ့ နိုင်ငံခြားသားများအား လက်ခံမှုကို စတင်ခဲ့တာ ဖြစ်ပြီး ၎င်းကဲ့သို့ ဝင်ရောက်လာသူများအနေဖြင့် အစိုးရသတ်မှတ်ထားတဲ့ ကွာရန်တိုင်းစင်တာမှာ ဝင်ရောက်ဖို့ဆိုတာကိုလည်း လိုအပ်ချက်တစ်ခုတစ်ခုအနေနဲ့ ထုတ်ပြန်ထားရှိပါတယ်။

ခရီးသွားလာခွင့် ပိတ်ပင်မှုမတိုင်ခင်အထိ ပထမသုံးလပတ်မှာ လာရောက်လည်ပတ်သူဦးရေ ၆.၆၉ သန်းအထိ ရှိခဲ့ပြီး ယခုနှစ်အတွင်းမှာ ဝင်ရောက်နိုင်သူနှုန်းထားမှာ ၆.၇ သန်းထိ ရှိနိုင်မယ်လို့ အာဏာပိုင် များက ခန့်မှန်းထားပါတယ်။

လွန်ခဲ့သောနှစ်အတွင်းက နိုင်ငံအတွင်းသို့ ဝင်ရောက်ခဲ့တဲ့ သန်း ၄၀ ဝန်းကျင်ရှိတဲ့ နိုင်ငံခြားသား ခရီးသွားဧည်သည့်များရဲ့ငွေကြေးအသုံးပြုအားက ထိုင်းနိုင်ငံ GDP ရဲ့ ၁၁ ရာခိုင်နှုန်းလောက်ကို ထောက် ကန်ထားနိုင်ခဲ့တာဖြစ်ပါတယ်။

ထိုင်းအစိုးရအနေဖြင့် နိုင်ငံအတွင်း အားနည်းနေသေးတဲ့ ကိစ္စရပ်တွေမှာ ဝယ်ယူနိုင်စွမ်းအားတွေကို မြှင့်တင်နိုင်ဖို့အတွက် ဗုဒ္ဓဟူးနေ့ နောက်ပိုင်းမှာ ဆက်လက်ဆွေးနွေးသွားမှာြဖစ်ပါတယ်။

ပြန်လည်ထူထောင်ရေးကို ပံ့ပိုးပေးနိုင်ဖို့အတွက် ငွေကြေးမူဝါဒသည်လည်း ဘဏ္ဍာရေးမူဝါဒအတိုင်း ဖြစ်ရမယ်လို့ မစ္စတာ အာခွံမ် က ပြောကြားခဲ့ပါတယ်။

“ငွေကြေးမူဝါဒကတော့ စီးပွားရေးကဏ္ဍပြည့်ပြည့်ဝဝ ပြန်လည်ထူထောင်ဖြစ်သည်အထိ အတိုးနှုန်းတွေ လျှော့ချထားတာတို့က ဆက်လက်လုပ်ဆောင်ရဦးမှာပါ” လို့ မစ္စတာ အာခွံမ်က ပြောကြားခဲ့ပြီး ဘတ် ငွေဈေးပြန်လည်အားကောင်းဖို့အတွက် ဗဟိုဘဏ်အနေနဲ့ ကိုင်တွယ်ဖြေရှင်းမှာဖြစ်တယ်လို့ အဆိုပါ ဝန်ကြီးက ဖြည့်စွက်ပြောကြားခဲ့ပါတယ်။

ယခုနှစ်အတွင်း ကပ်ရောဂါကြောင့် ၆ ရာခိုင်နှုန်းအထိ ကျဆင်းနိုင်မယ့်လို့ မျှော်မှန်းထားတဲ့ ထိုင်းနိုင်ငံရဲ့ စီးပွားရေးကို ပြန််လည်ကုစားနိုင်ရန် ဘတ် ၁ ထွီလီယမ် (ဒေါ်လာ ၄၄.၂၈ ဘီလီယမ်) အထိ ထုတ်ချေး သွားမှာဖြစ်တယ်လို့ ဖော်ပြပါရှိပါတယ်။

အောင်မျိုးမြတ်

REF – THESTRAITSTIMES

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.