မော်လမြိုင် ၊ ဒီဇင်ဘာ (၄)

Covid-19 ကာကွယ်ဆေးများလုံလုံလောက်လောက်ထုတ်လုပ်နိုင်ရေးနှင့်ဆင်းရဲသောနိုင်ငံများသို့ ကာကွယ်ဆေးများ ရရှိနိုင်ရန်အတွက် ဒေါ်လာ ၅ သန်း (စင်ကာပူဒေါ်လာ ၆.၆ သန်း) ကိုကမ္ဘာလုံးဆိုင်ရာပဏာမခြေလှမ်းအတွက် စင်ကာပူ နိုင်ငံက လှူဒါန်းသွားမှာ ဖြစ်ပါတယ်။

ကြိုတင်ဈေးကွက် သဘောတူညီချက် (AMC) သည် တစ်ကမ္ဘာလုံး ကိုဗစ်-၁၉ ကာကွယ်ဆေးရရှိရေး ပံ့ပိုးမှုအစီအစဉ် (Covax) အောက်မှာရှိတဲ့  ယန္တရားတစ်ခုဖြစ်ပါတယ်။

၎င်း အစီအစဉ်သည် ကာကွယ်ဆေးထုတ်လုပ်သူများကို ဆေးလုံလောက်စွာထုတ်လုပ်နိုင်ရန်နှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ ဆေးရရှိမှု သေချာစေရန်အတွက် ရည်ရွယ်ခြင်းဖြစ်ပါတယ်။

စင်ကာပူနိုင်ငံရဲ့ ကျန်းမာရေး ၀န်ကြီးဌာန နှင့်နိုင်ငံခြားရေး ၀န်ကြီးဌာနမှထုတ်ပြန်ချက်တစ်ခုအရ တစ်ကမ္ဘာလုံး ကိုဗစ်-၁၉ ကာကွယ်ဆေးရရှိရေး ပံ့ပိုးမှုအစီအစဉ် (Covax Facility) မှတစ်ဆင့် Covid-19 ကာကွယ်ဆေးကို ၀င်ငွေနည်းပါးသူနှင့်အလယ်အလတ် ၀င်ငွေရှိသော နိုင်ငံပေါင်း ၉၂ နိုင်ငံကို ကူညီပံ့ပိုးပေးလိမ့်မယ်လို့ ပါရှိပါတယ်။

ဝန်ကြီးဌာနများရဲ့ မှတ်ချက်အရ AMC ရဲ့ သတ်မှတ်ထားတဲ့ နိုင်ငံတွေမှာ ကမ္ဘာတဝှမ်းလုံးရှိ အာဆီယံနိုင်ငံများအပြင် အခြားသော ကမ္ဘာ့ပြည်နယ်ငယ်များလည်းပါ၀င်ပါတယ်။

၎င်းအစီအစဉ်မှာ ပါဝင်မယ့် အာဆီယံနိုင်ငံများမှာ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မြန်မာ၊ ဖိလစ်ပိုင်နှင့်ဗီယက်နမ်တို့ဘဲဖြစ်ပါတယ်။

Covax Facility သည် ၂၀၂၁ ခုနှစ်အကုန်တွင် Covid-19 ကာကွယ်ဆေး နှစ်ဘီလီယံပမာဏကို ၀ယ်ယူခြင်း၊  အညီအမျှ ခွဲဝေချထားပေးခြင်း နှင့် ပို့ဆောင်ပေးခြင်းများကို ကြိုးပမ်းပေးရန်အတွက် ကမ္ဘာလုံးဆိုင်ရာခွဲဝေချထားပေးသည့် ယန္တရားတစ်ခုဖြစ်သည်။

ကာကွယ်ဆေးထိုးခံမည့်သူများ၏ သုတေသန တွေ့ရှိချက်များ၊ တိုးတက်မှု နှင့်ထုတ်လုပ်မှုကို ပံ့ပိုးပေးခြင်းနှင့် ၄ င်းတို့၏စျေးနှုန်းများကိုညှိနှိုင်းပေးခြင်းများကိုပြုလုပ်မှာ ဖြစ်ပါတယ်။

ပံ့ပိုးမှုအစီအစဉ်ကို အကောင်အထည်ဖော်မည့် မိတ်ဖက်အဖွဲ့များမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ Gavi၊ ကာကွယ်ဆေး မဟာမိတ်အဖွဲ့ နှင့် ကပ်ရောဂါ ကြိုတင်ပြင်ဆင်မှု တီထွင်ဖန်တီးမှုများအတွက် ညွန့်ပေါင်းအဖွဲ့တို့ဘဲ ဖြစ်ပါတယ်။

စင်ကာပူသည်ငွေကြေးထောက်ပံ့သူ ၉၇ နိုင်ငံ အနက်မှ တစ်နိုင်ငံဖြစ်ပြီးတော့ ပံ့ပိုးမှုအစီအစဉ်များကို အထောက်အကူပြုနိုင်ရန်အတွက် ဆွစ်ဇာလန်နိုင်ငံနှင့် ပူးတွဲသဘာပတိလည်း ဖြစ်ပါတယ်။

၀န်ကြီးဌာနနှစ်ခုရဲ့ ပြောကြားချက်အရ ၎င်းကပ်ရောဂါဟာ ပြည်သူ့ကျန်းမာရေး၊ လူမှုအဖွဲ့အစည်းနှင့်စီးပွားရေးကိုပြည်တွင်း၌သာမကပြည်ပ၌ပါ သိသိသာသာသက်ရောက်မှုရှိတယ်လို့ပြောကြားခဲ့ပါတယ်။

“ဒီဗိုင်းရပ်စ်ပိုးဟာ နယ်နိမိတ်မရှိပါဘူး။ လူတိုင်းဘေးကင်းလုံခြုံတဲ့အထိမရှိရင် ဘယ်သူမှလုံခြုံမှု ရှိမှာမဟုတ်ပါဘူး”လို့ ၎င်းကပြောပါတယ်။  လုံခြုံပြီးထိရောက်သောကာကွယ်ဆေးများ အောင်မြင်စွာ တိုးတက်မှုဟာ ကူးစက်ရောဂါကိုကျော်လွှားရန်အတွက် အရေးပါတဲ့ခြေလှမ်း တစ်ခုဖြစ်ကြောင်း ကိုလည်း ဖြည့်စွက်ပြောကြားခဲ့ပါတယ်။

၀န်ကြီးဌာနတွေရဲ့ ပြောဆိုချက်တွေမှာ စင်ကာပူအနေနဲ့ နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်းများ၊ အထူးသဖြင့်ကုလသမဂ္ဂ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ Gavi၊ ကာကွယ်ဆေး မဟာမိတ်အဖွဲ့ နှင့် ကာကွယ်ဆေးဘက်ပေါင်းစုံ  တိုးပွားရေးနှင့် ကပ်ရောဂါ ကာကွယ်ရေးဆန်းသစ်တီထွင်မှုများ နှင့် တစ် ကမ္ဘာလုံး ကပ်ရောဂါအပေါ်အရှိန်အဟုန်မြှင့် တုန့်ပြန်နိုင်ရေး အတွက် အတူပိုမိုနီးကပ်စွာ ဆက်လက်လက်တွဲလုပ်ဆောင်သွားမည် ပြောကြားခဲ့ပါတယ်။

အောင်မျိုးမြတ်

REF – THESTRAITSTIMES

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.