November 27, 2020

ကိုဗစ်-၁၉ အတည်ပြုလူနာများကို မော်လမြိုင်နှင့် သထုံမြို့မှာ ကုသနေ

မော်လမြိုင် ၊ နိုဝင်ဘာ (၂၇) မွန်ပြည်နယ်မှာ ကိုဗစ်-၁၉ ကူးစက်မှုနှုန်း မြင့်တက်နေတာကြောင့် မော်လမြိုင်မြို့အပြင် သထုံမြို့မှာပါ ကုသရေးကို ဆောင်ရွက်နေရပါတယ်။ သထုံ ၊ ကျိုက်ထို နဲ့ မော်လမြိုင်တို့မှာ ရက်ပိုင်းအတွင်းမှာပဲ ကူးစက်ခံရသူ (၄၀၀) နီးပါး ရှိပြီး သထုံမြို့နယ်မှာ အများဆုံး တွေ့ရှိခဲ့တာပါ။ ဒါကြောင့် သထုံခရိုင်အတွင်းက အတည်ပြုလူနာတွေကို သထုံမြို့က စက်မှုသင်တန်းကျောင်းမှာ…

အမျိုးသမီးနှင့်ကလေး အကာအကွယ်ပေးရေး ဥပဒေတွေကို အကောင်အထည် ဖော်ပေးဖို့ တောင်းဆို

မော်လမြိုင် ၊ နိုဝင်ဘာ (၂၇) တတိယအကြိမ်လွှတ်တော်သက်တမ်းမှာ အမျိုးသမီးနှင့်ကလေး အကာကွယ်ပေးရေး ဥပဒေတွေကို အကောင်အထည်ဖော် ဆောင်ရွက်ပေးဖို့ အမျိုးသမီးအရေးဆောင်ရွက်နေသူတွေက တောင်းဆိုလိုက်ပါတယ်။ မွန်ပြည်နယ်အတွင်းက ရွေးကောက်ပွဲ အနိုင်ရကိုယ်စားလှယ်တွေထဲမှာ အမျိုးသမီး (၁၂) ဦး ပါဝင်ခဲ့ပါတယ်။ မွန်ပြည်နယ်အတွင်းမှာတော့ အိမ်တွင်းအကြမ်းဖက်မှုတွေနဲ့ သက်ငယ်မုဒိန်းမှုတွေဟာ တစ်နှစ်ထက် တစ်နှစ် ပိုမို များပြားနေတာပါ။ ဒါကြောင့် အနိုင်ရ အမျိုးသမီးကိုယ်စားလှယ်တွေအနေနဲ့ လွှတ်တော်အတွင်းကနေတစ်ဆင့်…