November 19, 2020

ရေးမြောက်ပိုင်းဖွံ့ဖြိုးရေးအတွက် လမ်းတံတားတွေကို အဓိက​ဆောက်လုပ်သွားမယ်လို့ မွန်ပါတီ အနိုင်ရ ကိုယ်စားလှယ်ပြော

မော်လမြိုင် ၊ နိုဝင်ဘာ (၁၉) ရေးမြောက်ပိုင်းဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းတံတားတွေကို အဓိက ဆောက်လုပ်ပေးသွားမယ်လို့ မွန်ညီညွတ်ရေးပါတီ အနိုင်ရ ကိုယ်စားလှယ် နိုင်ခင်စိုးက ပြောပါတယ်။ လူဦးရေတစ်သိန်းခွဲကျော်နေထိုင်တဲ့ ရေးမြောက်ပိုင်းဒေသဟာ လမ်းပန်းဆက်သွယ်ရေးခက်ခဲပြီး ဖွံ့ဖြိုးတိုးတက်မှု နောက်ကျနေတာပါ။ လမ်းပန်းဆက်သွယ်ရေးခက်ခဲတာနဲ့အတူ ပညာရေး ကျန်းမာရေး ကဏ္ဍတွေ နိမ့်ကျနေပြီး မိုးရာသီမှာဆိုရင် ဆေးရုံတက်ရမယ့် လူနာတွေကို ထမ်းစင်နဲ့ ခြေလျှင်ပို့ရတဲ့ အနေအထားထိ သွားလာရေး…

မွန်ပြည်နယ်တွင် ညမထွက်အမိန့်မလိုက်နာသူ (၁၀၀) နီးပါးကို အရေးယူထား

မော်လမြိုင်၊ နိုဝင်ဘာ (၁၉) မွန်ပြည်နယ်အတွင်းက ညမထွက်ရအမိန့် မလိုက်နာသူ (၁၀၀) နီးပါးကို သက်ဆိုင်ရာ မြို့နယ်တွေမှာ အရေးယူဆောင်ရွက်ထားပါတယ်။ မော်လမြိုင်မြို့နဲ့ ဘီးလင်းမြို့ကို စက်တင်ဘာလ ၂၅ ရက်နေ့ကစတင်ပြီး နိုဝင်ဘာလကုန်ပိုင်းအထိ ညမထွက်ရ အမိန့်ထုတ်ပြန်ထားတာပါ။ အဲဒီလိုထုတ်ပြန်ပြီးတဲ့နောက်မှာ ညမထွက်ရအမိန့်လိုက်နာမှုမရှိတဲ့ ဘီးလင်းမြို့နယ်မှ ၂ ဦး၊ မော်လမြိုင်မြို့နယ်မှ ၉၃ ဦးတို့ကို သက်ဆိုင်ရာဥပဒေတွေနဲ့ အရေးယူခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။…