မော်လမြိုင် ၊ အောက်တိုဘာ (၁၃)

မွန်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကူးစက်မှုကို ထိန်းချုပ်နိုင်ပြီးလို့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောဆို လိုက်ပါတယ်။

အောက်တိုဘာလ (၁၂)ရက်နေ့အထိ မွန်ပြည်နယ်အတွင်း ကူးစက်ခံရသူကတော့ (၄၀၀)ကျော်ရှိပြီး (၃၀၀) ကျော်ကတော့ ရောဂါပြန်လည်ကောင်းမွန်လို့ ဆေးရုံက ဆင်းခဲ့ပြီး သေဆုံးသူကတော့ (၈) ဦး ရှိခဲ့ပါတယ်။

အာ့ဒီနောက်မှာ ပြည်နယ်အတွင်းက မြို့နယ်တစ်ချို့ကို stat at home နေထိုင်ဖို့အပြင် ညမထွက်ရအမိန့်တွေ ထုတ်ပြန်ခဲ့တာတွေနဲ့ ရပ်ကွက်တစ်ချို့ကို lock down ပြုလုပ်ခဲ့ပြီးတဲ့နောက်မှာ ထိန်းချုပ်နိုင်ပြီးလို့ အခုလို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

“ ကိုဗစ်-၁၉ ကို မွန်ပြည်နယ်အနေနဲ့ ပြောရရင် ထိန်းချုပ်လို့ရတဲ့ အခြေအနေ ရောက်နေပါပြီး။ အဓိက အချက်ဖြစ်တဲ့ mask တပ်တာရယ် ခပ်ခွာခွာနေတာရယ် လက်ဆေးတာရယ်ကို အထူးပဲ လိုက်နာရင် ၁ လတောင် ကြာမှာ မဟုတ်ဘူး လုံးဝပျောက်ကင်းမှာပါ”လို့ အောက်တိုဘာလ (၉)ရက်နေ့က လုပ်တဲ့ သတင်းစားရှင်းလင်းပွဲမှာ ဝန်ကြီးချုပ် ဒေါက်တာအေးဇံက ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် လူတစ်ဦးချင်းစီက ကျန်းမားရေးဌာနရဲ့ ညွှန်ကြားချက်တွေဖြစ်တဲ့ mask တပ်ဖို့ ၊ ခပ်ခွာခွာနေဖို့ နဲ့ လက်ဆေးတာတွေကို ဆောင်ရွက်မယ်ဆိုရင် တစ်လအတွင်းမှာ ကူးစက်ခံရသူဟာ (၀) ဖြစ်သွားမယ်လို့ ဝန်ကြီးချုပ်က ပြောပါတယ်။

ဒီအပြင် ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှုကို ထိန်းချုပ်ဖို့နဲ့ ကုန်စည်စီးဆင်းမှု မပြတ်တောက်စေဖို့ကို ပြည်နယ်အဝင်အထွက်ဖြစ်တဲ့  ကျိုက်ထို၊ ရေး၊ သထုံမြို့ ဒုံသမိတံတားအနီး စစ်ဆေးပြီးမှ ပြည်နယ်အတွင်း ဝင်ရောက်ခွင့် ပြုနေတာပါ။

ဒီလိုစစ်ဆေးရာမှာတော့ ကိုဗစ်ပိုး ရှိ/မရှိ Test Kit နဲ့ တစ်ခါစစ်ရင် ယခင်က ငွေကျပ်နှစ်သောင်း ပေးဆောင်ရသော်လည်း ယနေ့ကစပြီး ငွေကျပ်(၁၀၀၀၀)ကျပ်နဲ့ လျော့ချ ကောက်ခံပေးနေပါတယ်။

သတင်း – နွန်နွန်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.